အတုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
အတုဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ![]() |
| Add caအရိမေတ္တေယျ မြတ်စွာဘုရားဗုဒ္ဓဝင်အကြောင်းအရာption |
အရိမေတ္တေယျမြတ်စွာဘုရားဗုဒ္ဓ၀င်အကြောင်းအရာ
******************************
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက် အရ အရဟတ္တဖိုလ်ဈာန်သမာပတ်ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။ အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီးပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်း အစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ ရှိကြတယ်။ ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-.. (၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်) (၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း (၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ (၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး (၅)မယ်တော်၏အသက်အပိုင်းအခြားကားဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း ပဋိသန္ဓေယူုခြင်း… ကေတုမတီပြည်…… သင်္ခစကြဝတေးမင်းနှင့် တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သောအတိတ်အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင်သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက်မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ ဘုရားလောင်းနဲ့အတူတစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော်၁၈ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။ ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝ တည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည်ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့” ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။ ပြာသာဒ်လေးဆောင်ပေါ်လာခြင်း… အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်း လင်းပြောင် တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက် တစ်ဖက် မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာ ခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းကခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာ ကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူးရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်မှာဆဒ္ဒန်ဆင်မင်းခုနစ်ထောင်လောဟကသိန္ဓောမြင်းတစ်ထောင်ဖြင့်မောင်းနှင်ရသောရထားခုနစ်ရာမောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ ရာကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။ အဇိတမင်းသားအိမ်ထောင်ပြုခြင်း… အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီးသူ့ရဲ့ခန္ဓာကိုယ်အနံ့ကားစန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသား ဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွမြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေ နတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားကအကျွန်ုပ်မှာဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။ သားတော်ဖွားမြင်ခြင်း… အဇိတမင်းသားဟာ ပြသာဒ်လေးဆောင် မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသဆိုတဲ့သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။ နိမိတ်လေးပါးမြင်ခြင်း… ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီး တဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာသူသေရဟန်းနိမိတ်ကြီးလေးပါးတွေ့မြင်ရရင်သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ် လာ လိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကိုမြင်ရပြီးသံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသားတောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။ အဇိတမင်းသားတောထွက်တော်မူခြင်း… အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကိုသင်္ခစကြဝတေးမင်းနှင့်တကွတိုင်းသူပြည်သားလုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာအဇိတမင်းတောထွက်မယ်ဆိုတဲ့သတင်းအသံကိုအားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ပြာသာဒ်ထဲမှာတောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်း တန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင် ရှိရာ အရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းကအတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီး လိုက်မယ်။ သုတဝံနတ်သားကသားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ် ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူး စစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေကရတနာပုဋောင်းကိုကိုင်မယ်အသူရာနတ်တို့ကသီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ် ထဲမှာ တောထွက်လို့လိုက်ကြမည့်ပရိသတ်တွေကရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့မယားနဲ့ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက် မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားကကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့နွားနို့ဆွမ်းလှုလိမ့်မယ်။ သဗ္ဗညုတဥာဏ်ရသည့်အချိန်… ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာ ခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံ လျက်မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ… ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ… ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန်… အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။ ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ် ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ် သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီး က မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကိုလောကဂရုယူလိုက်တာလို့ခေါ်တယ်ဓမ္မစကြာတရားဟောကြွခြင်းဗြဟ္မာမင်းထံမှတရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာနတ်ပရိသတ်စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်းကျွတ်တမ်းဝင်ကြလိမ့်မယ်။ ဘုရားရှင်၏တန်ခိုးတော်… ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သော အခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ် ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ် ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။ ရုပ်မြင်သံကြားမေတ္တေယျဘုရား…အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ဘယ်ဒေသဘယ်အရပ်ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့တရားဟောအသံကိုကြားနေရမယ်ဘုရားရှင်ရဲ့ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ ထို့ကြောင့်အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲ ဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်း စသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်းကြက်တွန်သံတွေကိုကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ်မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင်အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့်သာသနာတော်ကအနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ကမ္ဘာတစ်သိန်းကျော်လွန်သောအခါမဏ္ဍကမ္ဘာဖြစ်ပြီးတော့ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းကဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီမဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီးအဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့်ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား သုဘလုလင် တောဒေယျပုဏ္ဏား နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ စဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန်ပြုလုပ်ရမည့်ကုသိုလ် ********************************* -ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရားသာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် -မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်းရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် -သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် -အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် - ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် -ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် -ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချမလွဲမသွေမြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။ အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေ သမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ် ဘုရားဖြစ်သောအခါ ရှေးဦးစွာဖူးတွေ့ရ၍ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ် မလွဲရနိုင်ပါလိမ့်မယ်လို့ရှင်မာလဲမထေရ်မြတ်အားအရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော် မူခဲ့ပါတယ်။ အရိမေတ္တေယျမြတ်စွာဘုရားကိုဖူးမြော်ပြီး နိဗ္ဗာန်ကိုရချင်တဲ့သူများဟာ ၁။ယခုကြုံတွေ့နေတဲ့ဂေါတမ သာသနာတွင်းမှာကိုယ်တိုင်ရဟန်းသာမဏေသီလရှင်ဝတ်ပြီးသာသနာပြုတဲ့ပုဂ္ဂိုလ် ၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကိုရဟန်းခံပေးခြင်းရှင်ပြုပေးခြင်းပြုတဲပုဂ္ဂိုလ် ၃။မိခင်ဖခင်တို့ကိုဝတ်ကျေတန်း ကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။ ၄။သရဏဂုံသီလမပြတ်ဆောက် တည်သော ပုဂ္ဂိုလ်။ ၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။ ၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။ ၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဂိုလ်။ ၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဂိုလ်။ ၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဂိုလ်။အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲအရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ ++++++++++++++++++++++++
သတ္တ၀ါအသီးသီးတို့ ကျင်လည်ရာ (၃၁)ဘုံ တို့တွင်
(၁) ငရဲ၊ ပြိတ္တာ၊ အသူရကာယ်တို့တွင် သတ်မှတ်ထားသော သက်တမ်းများ မရှိကြပေ။ မိမိတို့၏ ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။ တိရစ္ဆာန်များမှာ အမျိုးပေါင်း မရေတွက် နိုင်သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ ကွာခြားကြပေသည်။
(၂) လူသားတို့၏ သက်တမ်းမှာ အရှေ့ကျွန်းသားတို့တွင် သက်တမ်း(၇၀၀)၊ အနောက်ကျွန်းသား တို့တွင် သက်တမ်း(၅၀၀)၊ မြောက်ကျွန်းသားတို့တွင် သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်း ပုံသေမရှိပါ။ အသင်္ချေယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တန်းမှသည် အသင်္ချေယျတမ်း ဟူ၍ ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။
(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ် နတ်များဖြစ်ကြသော ဘီလူး၊ ဘုမ္မစိုး နတ် တို့တွင် တည်မြဲသော သက်တမ်းမရှိကြပေ။ အချို့သော ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။ အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ အနှစ်(၅၀၀) ရှိပေသည်။ လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။ စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏အနှစ် (၅၀)နှင့် ညီမျှပေသည်။
(၄) တာဝတိံသာ နတ်တို့သည် အနှစ်(၁၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ တာဝတိံသာ နတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း သုံးကုဋေခြောက်သန်း ရှိပေသည်။
(၅) ယာမာနတ်တို့သည် အနှစ်(၂၀၀၀)သက်တမ်း ရှိသည်။ လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ယာမာနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၁၄)ကုဋေလေးသန်း ရှိပါသည်။
(၆) တုသိတာနတ်တို့သည် အနှစ်(၄၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ တုသိတာနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၅၇)ကုဋေနှင့် ခြောက်သန်း ရှိပါသည်။
(၇) နိမ္မာနရတီနတ်တို့သည် အနှစ်(၈၀၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။ နိမ္မာနရတီနတ်တို့၏ သက်တမ်းကို လူတို့၏နှစ်ဖြင့် ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ လေးသန်းရှိပါသည်။
(၈) ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည် အနှစ်(၁၆၀၀)သက်တမ်း ရှိသည်။ လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။ ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ သက်တမ်းကို လူတို့၏ နှစ်ဖြင့်ရေတွက်သော် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။
(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျားကြသည့်အတွက် အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြင့် တိုင်းတာရပေသည်။ ထိုကပ်တို့သည်…
(၁) အာယုကပ်၊
(၂) အန္တရကပ်၊
(၃) အသင်္ချေယျကပ် ၊
(၄) မဟာကပ်ဟူ၍ လေးပါးရှိ၏။
ထိုလေးပါးတို့တွင် သတ္တ၀ါတို့၏ သက်တမ်း အသီးသီးကို အာယုကပ်ဟုခေါ်သည်။ လူတို့၏ အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တန်းမှ အသင်္ချေယျတမ်းအထိ ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟု ခေါ်သည်။
အန္တရကပ် (၆၄)ကပ်သည် အသင်္ချေယျကပ် တစ်ကပ်နှင့်ညီမျှ၏။ အသင်္ချေယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ် (တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။ အသင်္ချေယျ ကပ်ကို လေးမျိုးခွဲခြားပြန်၏။
(က) သံဝဋ္ဋ္ဋကပ်-ကမ္ဘာကြီး စပျက်သည်မှ လုံးဝပျက်သုဉ်းသွားသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ခ) သံဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း တည်နေသော အသင်္ချေယျကပ်။
(ဂ) ၀ိဝဋ္ဋကပ်-ကမ္ဘာပြုမိုးစရွာသည့် အချိန်မှစ၍ ကမ္ဘာကြီးအပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ ရှည်ကြာသော အသင်္ချေယျကပ်။
(ဃ) ၀ိဝဋ္ဋဌာယီကပ်-ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်းတည်နေသော အသင်္ချေယျကပ် ဟူ၍ အသင်္ချေယျကပ်(၄)မျိုး ရှိပေသည်။ထိုကဲ့သို့ သတ္တ၀ါတို့ ကျင်လည်ရာ နေရာဌာနအလိုက် သက်တမ်းများလည်း အမျိုးမျိုးရှိကြပေရာ ကျွန်ုပ်တို့သတ္တ၀ါများသည် သံသရာမှမလွတ်မြောက်သရွေ့ အထက်ဖော်ပြပါ နေရာဌာနများ၌ သွားလာလှုပ်ရှား ရုန်းကန်နေကြရပေအုန်းမည်။
ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ရခဲလှသော လူ့ဘ၀ကောင်းလေး ရရှိနေချိန်မှာ သံသရာမှ အပြီးအပိုင် လွတ်မြှောက်အောင် မလုပ်နိုင်စေကာမှု နောက်ဖြစ်လေရာဘ၀များ၌ ချမ်းသာသုခပြည့်စုံအောင် သံသရာမှလည်း အမြန်လွတ်မြှောက်ဖို့ရန် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်မပြတ် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါပေသည်။
credit to – အရှင်ကောမလ(ဆန်နီနေမမင်း)
(၁) ဒါန ပါရမီ
ဒါနသည် စွန့်ခြင်း လက္ခဏာ ရှိ၏၊ ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊ မငြိ မတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာ ရှိ၏၊ စွန့်လှူထိုက်သော ဝတ္ထုလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။
(၂) သီလ ပါရမီ
သီလသည် ကိုယ်,နှုတ် နှစ်ပါးကို သိမ်းဆည်းသောအား ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊ မကောင်းသော ကိုယ်,နှုတ်အမှု ဟူသော အကုသိုလ် ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏ ကိုယ်,နှုတ် အမှု ဖြူစင် သန့်ရှင်းခြင်း လျှင် ထင်သော ပစ္စပဋ္ဌာန်ရှိ၏၊ မကောင်းမှု တို့ပြုရန် ရှက်,ကြောက်ခြင်းလျှင် နီးစွာသော
အကြောင်း ပဒဋ္ဌာန် ရှိ၏။ (၃) နေက္ခမ ပါရမီ
နိက္ခမသည် ကာမမှ လည်းကောင်း, ဘဝမှ လည်းကောင်း ထွက်ခွာ ကျွတ်လွတ်ခြင်း လက္ခဏာ ရှိ၏။ ကာမ၏ အပြစ်, ဘဝ၏အပြစ် တို့ကို အလင်းထင်အောင် ပြခြင်း ကိစ္စ ရှိ၏။ ထိုကာမ ဘဝကိုသာလျှင် မတွေ့လိုမှု, မျက်ကွယ်ပြု လိုသော အဖြစ်လျှင် ထင်သော ပစ္စပဌာန် ရှိ၏၊ ကာမဘေး, ဘဝဘေး တို့မှ ထိတ်လန့်သော အကြောင်း ပဒဌာန် ရှိ၏။
(၄) ပညာ ပါရမီ
ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာ ရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကိစ္စ ရှိ၏။ မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၅) ဝီရိယ ပါရမီ
ဝီရိယသည် အားသစ် ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ စိတ်ကို မလျော့မရဲ ခိုင်မြဲ တင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စ ရှိ၏၊ မတွန့်မဆုတ် ခြင်းလျှင် ထင်သော ပစ္စုပဌာန် ရှိ၏၊ ဇာတိဘေး, ဇရာဘေး, ဗျာတိဘေး, မရဏဘေး, စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အားသည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဌာန် ရှိ၏။
(၆) ခန္တီ ပါရမီ
ခန္တီသည် နှလုံးခိုင်ခန့်ခြင်း လက္ခဏာ ရှိ၏၊ လောက ဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံနိုင်ခြင်း ကိစ္စ ရှိ၏၊ သူတထူးတို့ ကျူးကျူး လွန်လွန် ဝန်တာပြစ်ဖို့ ပြု့သည်တို့ကို သူသို့တဖန် အမျက်မာန်ဖြင့် လှန်ပြန် မရှိ သည်းခံချိခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာ ရှိ၏၊ ဟုတ်မှန် တိုင်းသော ဓမ္မ သဘောကို မြင်နိုင်သော ဉာဏ်လျှင် ပဒဋ္ဌာန် ရှိ၏။
(၇) သစ္စာ ပါရမီ
သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာ ရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန် တိုင်းကိုသာ အလင်းဖွင့်ပြခြင်း ကိစ္စ ရှိ၏၊ မြွက်ဆိုသမျှ ယုံကြည်ရ၍ သြဇာနှစ်ဆီ ချိုဆိမ့်အီသော စကား ရှိသည်၏ အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ကိုယ်အမှု, နှုတ်အမှု ဖြူဖြောင့်မွေ့ခြင်း၌ အလေးဂရုပြုခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။
(၈) အဓိဋ္ဌာန် ပါရမီ
အဓိဋ္ဌာန်သည် သဗ္ဗညု ဗောဓိ- ပစ္စေက ဗောဓိ- သာဝက ဗောဓိ ဟူသော ဗောဓိသုံးမျိုးတို့၏ အချေမူလ သမ္ဘာရ ဖြစ်ကုန်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု စသည်တို့၌ မရွေ့မယိုင် ကြံ့ခိုင်စွဲမြဲခြင်း လက္ခဏာ ရှိ၏၊ ထိုသမ္ဘာရမူ တို့၏ ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်း ကိစ္စ ရှိ၏၊ ထိုသမ္ဘာရမူတို့၌ မလှုပ်မရှားသည်၏ အဖြစ်လျှင် ထင်ရှားသော ပစ္စုပဋ္ဌာန် ရှိ၏၊ ဒါန စသော ဗောဓိမူလ တရားစုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၉) မေတ္တာ ပါရမီ
မေတ္တာသည် သတ္တဝါတပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သူတပါး၏ ကောင်းကြိုးကို လွန်စွာ သယ်ပိုးခြင်း ကိစ္စ ရှိ၏၊ လပြည့်ဝန်း ကဲသို့ ရွှန်းရွှန်းကြည်ဆွ အေးမြ ငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ သတ္တဝါတို့၏ နှစ်သက်ဖွယ်သော ဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
(၁၀) ဥပေက္ခာ ပါရမီ
ဥပေက္ခာသည် ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှ သမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်း ကိစ္စ ရှိ၏၊ မုန်းသည်, ချစ်သည် နှစ်မည်နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ဘယ်သူမပြု မိမိမှုဟု အရှုအဆင်ခြင်း ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။
၁။ မူလ(ရိုးရိုး)ပါရမီ(၁၀)ပါး ကိုယ်ပိုင်ဆိုင်သော ပစ္စည်းဥစ္စ အရာဝတ္ထုအားလုံးကို စွန့်လွှတ် လှူဒါန်းခြင်း။ (အလှူခံလာပါက ဇနီးမယား၊ သမီး သားတို့ကိုလည်း စွန့်လွှတ် လှူဒါန်းခြင်း။ )
၂။ ဥပပါရမီ(၁၀)ပါး ကိုယ်ခန္ဓာနှင့် ဆက်စပ်သော ပိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးကို စွန့်လွှတ် လှူဒါန်းခြင်း။( ကိုယ်အင်္ဂအစတ်အပိုင်းဟူသည် မျက်စိ၊ လက်၊ ခြေ စသည့် လိုအပ်တာမှန်သမျှ စွန့်လွှတ် လှူဒါန်းခြင်း။ )
၃။ ပရမတ္ထပါရမီ(၁၀)ပါး ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ၊ အသက်စွန့်ကာ စွန့်လွှတ် လှူဒါန်းခြင်း။ ။ (အသက် အသေခံကာ လှူဒါန်းမှုမှန်သမျှ ပရမတ္ထပါရမီပင်တည်း။)
ပါရမီ (၁၀)ပါးကို ဤ ၃-ပါးဖြင့် မြှောက်ပါက အပြား(၃၀)ဖြစ်၏။ ဥပမာ - ဒါနပါရမီသည် ၁။ဒါနပါရမီ၊ ၂။ဒါနဥပပါရမီ၊ ၃။ဒါနပရမတ္ထပါရမီ ဟူ၍ သုံးပါးစီ ဖြစ်လာ၍ ပရမီ(၁၀)ပါးမှသည် အပြား(၃၀) ဖြစ်လာရပါသည်။
၁. မဟာသက္ကရာဇ် ( ၆၇ ) ခုနှစ် ဝါဆိုလပြည့် ကြာသာပတေးနေ့ သန်းခေါင်ယံအချိန်၌ ပဋိသန္ဓေ တည်နေတော်မူ၏။
၂. မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့် သောကြာနေ့ နေမွန်းတည့်ချိန်၌ ဖွားမြင်တော်မူ၏။
၃. မဟာသက္ကရာဇ် (၈၃) ခုနှစ် (၁၆) နှစ်သားအရွယ် ကဆုန်လတွင် ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။
၎. မဟာသက္ကရာဇ် (၉၇) ခုနှစ် ဝါဆိုလပြည့် တင်္နလာနေ့ သန်ခေါင်းယံ အချိန်၌ တောထွက်တော်မူ၏။ (၂၉).နှစ်အရွယ် ။
၅. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အာရုဏ်တက်ချိန်၌ဘုရားဖြစ်တော်မူ၏။(၃၅ နှစ်အရွယ်) ။ (မာရ်နတ်အောင်ပွဲနေ့နှင့်လေးဆက်ကိုးရက်သတ္တဌာန စံတော်မူခြင်းများကိုလည်း ဤနေရာ၌ သွင်းယူပါ)
၆. မဟာသက္ကရာဇ် (၁၀၃) ခုနစ် ဝါဆိုလဆန်း (၅) ရက် ဗုဒ္ဓဟူးနေ့၌ သဟမ္ပတိဗြဟ္မာမင်းက တရားဟောရန် တောင်းပန်သဖြင့် တရားဟောတော်မူခြင်း။ (၃၅ နှစ်အရွယ် )
၇. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်ချိန်၌ ပဉ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားကို ဟောတော်မူ၏။ (၃၅ နှစ်အရွယ် )
၈. မဟာသက္ကရာဇ် (၁၀၃) ခုနစ် ဝါဆိုလပြည့်နေ့ (သို့)ဝါဆိုလဆုတ် (၄) ရက်နေ့၌ သံဃာအဖွဲ့အစည်း စတင်ပေါ်ပေါက်၏။
၉. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် သီတင်းကျွတ်လပြည့် ကြာသာပတေးနေ့၌ သံဃာတော်တို့အားသာသနာပြု စေလွှတ်တော်မူ၏။
၁၀. မဟာသက္ကရာဇ် (၁၀၃) ခုနစ် တန်ဆောင်မုန်းလပြည့် သောကြာနေ့၌ ရသေ့ညီနောင် “ကဿပ” စသော ရှင်တစ်ထောင်တို့ကို ချွတ်တော်မူရန် ဥရုဝေဠ တောသို့ ရောက်တော်မူ၏။ (၃၅ နှစ်အရွယ် တစ်ဝါအရ)
၁၁. မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပို့တွဲလပြည့်နေ့၌ သာဝကသန္နိပါတ = ( သာဝကအားလုံးစုံညီစည်းဝေးပွဲ) တွင် သြဝါဒပါတိမောက် ပြတော်မူ၏။(ရဟန္တာ သာဝကအပေါင်း ဤအစည်းအဝေးပွဲတွင်) သြဝါဒပါတိမောက်ပြတော်မူ၏။
၁၂. မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ကဆုန်လပြည့်ကျော် (၁) ရက်နေ့၌ မြတ်စွာဘုရားသည်မိမိမွေးဇာတိမြေသို့ရောက်၍ ဗုဒ္ဓဝင်တရား ဟောတော်မူ၏။ (ကဆုန်လပြည့်နေ့ကိုလည်း ယူနိုင်၏)
၁၃. မဟာသက္ကရာဇ် (၁၀၇) ခုနှစ် ဝါတွင်းကာလ ဝေသာလီမြို့ မဟာဝုန်တော ကုဋာဂါရကျောင်း၌ သီတင်းသုံးတော်မူစဉ် ဘိက္ခူနီသာသနာတော်ကို စတင် ခွင့်ပြုတော်မူ၏။ (သက်တော် ၄၀ အရွယ် ဝါတော် ငါးဝါအရ)
၁၄.မဟာသက္ကရာဇ် (၁၀၉) ခုနှစ်ဝါဆိုလပြည့်နေ့၌ ယမိုက်ပြာဋိဟာ တန်ခိုးပြတော်မူ၍ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၏။ (၄၁ နှစ်အရွယ် ခုနှစ်ဝါအရ)
၁၅. မဟာသက္ကရာဇ် (၁၀၈) ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်မြို့သို့ သက်ဆင်းတော်မူ၏။လောကဝိဝရဏ တန်ခိုးပြသောနေ့မှာလည်း ဤနေ့ပင် ဖြစ်၏။
၁၆. မဟာသက္ကရာဇ် (၁၂၃) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၌ သာမညဖလသုတ်တော်ကို အဇာတသတ်မင်းအား ဟောတော်မူ၏။(ဝါတော် ၂၀ သက်တော် ငါးဆယ့်ငါးနှစ်အရွယ်)
၁၇. မဟာသက္ကရာဇ် (၁၄၇)ခုနှစ် တပို့တွဲလပြည့်နေ့၌ အာယုသင်္ခါရလွှတ်တော်မူ၏။ (သက်တော် ၈၀ အရွယ် ဝါတော် ၄၅ ဝါအရ)
၁၈. မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ မိုးသောက်ယံ၌ ပရိနိဗ္ဗာန်စံတော်မူ၏။ (သက်တော်ရှစ်ဆယ်အရွယ် ဝါတော်လေးဆယ့်ငါးဝါအရ)
၁၉. မဟာသက္ကရာဇ် (၁၄၈) ခုနှစ် ကဆုန်လဆုတ် (၁၂) ရက် တနင်္ဂနွေနေ့ ၌ တေဇောဓါတ် လောင်တော်မူ၏။
၂၀. မဟာသက္ကရာဇ် (၁၄၈) ခုနှစ် နယုန်လဆန်း (၅) ရက်နေ့၌ ဓါတ်တော်ဝေပွဲ ကျင်းပ၏။
~ ဤကားဗုဒ္ဓ၏နေ့ထူးကြီးနှစ်ဆယ်တည်း~
သြကာသ၊ သြကာသ၊ သြကာသ။
ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါး တို့မှအခါခပ်သိမ်းကင်း
လွတ်ငြိမ်းသည်ဖြစ်၍…
မဂ်တရားဖိုလ်တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို၏အရှင်ဘုရား။
အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( ဒုတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( တတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( အာမဘန္တေပါ အရှင်ဘုရား။ )
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
( သုံးခေါက်ဆို )…
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
( အာမဘန္တေပါ အရှင်ဘုရား။ )
( ၁ ) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၂ ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၃ ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ( ၄ ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၅ ) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၆ ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၇ ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ၈ ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( အာမဘန္တေပါ အရှင်ဘုရား။ )
အနက်… ( ၁ ) ပါဏာတိပါတာ သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။
( ၂ ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
( ၃ ) အဗြဟ္မစရိယာ - ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။
( ၄ ) မုသာဝါဒါ - မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
( ၅ ) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ - မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
( ၆ )ဝိကာလဘောဇနာ နေ့လွဲညစာစားခြင်းမှဝေရမဏိသိက္ခာပဒံရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
( ၇ )ကခြင်း ၊ သီဆိုခြင်း ၊ တီးမှုတ်ခြင်း ၊ ပန်းပန်ခြင်း ၊ အမွှေးနံသာလိမ်းကျံ ရှူရှိုက်ခြင်း ၊ ပြင်ဆင်ချယ်သခြင်း တို့မှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
( ၈ ) မြင့်မြတ်သော ၊ အလွန်ကောင်းမွန်ခမ်းနားသော အိပ်ယာနေရာတို့တွင် နေထိုင်အိပ်စက်ခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
( မှတ်သားဖွယ်ရာ။ အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။ ) အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။
( ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။ )
ကျေးဇူးတော်အရှင် ဂေါတမမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး၏ (ကိုယ်ရေးရာဇဝင် အထ္တုပ္ပတိအကျဉ်း)
*အမည်- (သိဒ္ဓတ္ထ) ဂေါတမ
*ခမည်းတော် – သုဒ္ဓေါဒန ဂေါတမ မင်းကြီး
*မယ်တော် – မိဖုရား မဟာ မာယာ မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)
*လူမျိုးစု – ခတ္တိယ
*မိထွေးတော် – မဟာပဇာပတိ ဂေါတမီ
*မွေးဖွားသည့်ရက် – ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ *မွေးဖွားသည့်ဒေသ – လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်
*မွေးဖွားသည့်တိုင်းပြည် – အိန္ဒိယ (ယခု နီပေါနိုင်ငံ)
မဇ္ဈိမဒေသ
*မွေးဖွားသည့်နေရာရှိအပင် – အင်ကြင်းပင်
*ပထမဦးဆုံးပြောသည့်စကား – “ငါသည် တလောကလုံးထက်မြတ်၏”
*ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်
*အိမ်ထောင်ပြုသည့်အသက် – ၁၆ နှစ်
*ဇနီး – ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)
*သားတော် – ရာဟုလာ
*ယောက္ခမတော်များ – သုပ္ပဗုဒ္ဓမင်းကြီး ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်)
*ယောက်ဖတော် – ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ) *ကောဏ္ဍညပုဏ္ဏားပြောသည့်စကား – “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”
*နမိတ်ကြီးလေးပါး – သူအို၊သူနာ၊သူသေ၊ရဟန်း *သားတော်မွေးဖွားပြီးပြောသည့်စကား – “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”
*တောထွက်သည့်အသက် – ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ)
*တောထွက်သည့်အချိန် – ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့
*မြင်းရထားမောင်းသူ – ဆန္နအမတ်
*တော်ဝင်မြင်းအမည် – ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)
*ဖြတ်သွားသည့်မြစ် – အနော်မာ
*သွားသည့်နေရာ – ဥရုဝေလတော
*ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ – သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)
*ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်
*ကျင့်ကြံမှု – မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း
*နေရာ – အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -
*အမှီပြုသည့်အပင် – ဗောဓိပင်
*ဘုရားဖြစ်သည့်အသက် – ၃၅ နှစ်
*ဘုရားဖြစ်သည့်နေ့ – ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့
*တရားဦးဟောသည့်နေရာ – သမင်ခြံ၊ မိဂဒါဝုန်တော၊ တရားဦးဟောသည့်အချိန် – စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့
*ဟောသည့်တရားဦး – ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး – အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊
*အရှင်အဿဇိ *အမျိုးသားဓမ္မသေနာပတိ-
*ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။
*ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
*အမျိုးသမီးဓမ္မသေနာပတိ – ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။
*ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ
*ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ – စုန္ဒ (၀က်ပျိုသားဆွမ်း)
*ရောဂါ – သွေးဝမ်းသွားရောဂါ
*သက်တော် – ၈၀ နှစ်
*၀ါတော် – ၄၅ ၀ါ
*ပရိနိဗ္ဗာန်ပြုသည့် အပင် – အင်ကြင်းပင်နှစ်ပင်ကြား *ပရိနိဗ္ဗာန်ပြုသည့်နေရာ – အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည် (ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)
*ဗုဒ္ဓ၏ နောက်ဆုံးသာဝက – သုဘဒ္ဒ မထေရ်
*ဗုဒ္ဓ၏ နောက်ဆုံးစကား - “ သင်္ခါရတရားတို့သည်
ပျက်စီးခြင်း သဘောရှိကြသည်။
……..
"သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့"
…………
( အပ္ပမာဒေန သမ္မာဒေထ )
……….
*ပရိနိဗ္ဗာန်ပြုသည့်အချိန် - ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ။
--------------------------------------------
ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။
*သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား
ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
*ပါရမီ(၃)မျိုး၊
*သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊ ၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
စွန့်ခြင်းကြီး(၅)ပါး၊ ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော… ၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊
၎။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊ ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊
၁။ လောကတ္ထစရိယ လာကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။ ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။ …..
ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။ ……
နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က
“ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။ ……
ကြည့်ခြင်းကြီး(၅)ပါး…
သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊ ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။ ……….
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။ …..
ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။ ….
ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။ ……
ကပိလ၀တ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဉ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။ ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။
ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဉ္စနာမင်းသားနဲ့ ကပိလ၀တ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဉ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။ ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။
သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဉ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေ၀ီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။
နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဉ္စနာမင်းရဲ့သားတော် သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဉ္စနာယသောဓရာ နဲ့ သားတော် ဒေ၀ဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။
ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဉ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..…..
၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။ …………
ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။ …..
သောတ္ထိယငစင် မြက်ထမ်းသမား( မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။ …
ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ ………
(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။ …..
( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော …..
( ပု )ညဥ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။ …..
( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။ …..
( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူလေသည်။ . ….
အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။ သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။ …..
(၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။
သြကာသ ဘုရားရှိခိုး
---------------------------------------------
သြကာသ…သြကာသ….သြကာသ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊
တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား။
ကန်တော့ ရသော အကျိုး အားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး၊ တို့မှ အခါ ခပ်သိမ်း ကင်းလွတ် ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် တရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား၊
အဓိပ္ပါယ်ရှင်းလင်းချက်များ
သြကာသ = ခွင့်ပြုတော်မူပါ ၊ ရှိခိုးကန်တော့ ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်သည်၊ ရိုသေမှုကို အလေးအနက် ပြုလိုသောကြောင့် သုံးကြိမ်ရွတ်ဆိုသည်။
ကာယကံ = ကိုယ်ဖြင့် ပြုလုပ်သော အမှု။
ဝစိကံ = နှုတ်ဖြင့် ပြောဆို သော အမှု ။
မနောကံ = စိတ်ဖြင့် ကြံစည်သော အမှု။
သဗ္ဗဒေါသ= ခပ်သိမ်းသော အပြစ်။
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ= ရတနာသုံးပါးနှင့် မိဘ ဆရာ တို့ကို ကိုယ်အမူအရာ ပြစ်မှားခြင်း ၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်း တို့တွင် တစ်စုံ တစ်ခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထို အပြစ်တို့ ကို ပပျောက် လျော့ ပါးသွားစေရန် တောင်းပန်ကန်တော့သည်။
အရိုအသေ = ရိုသေစွာ ၊ မလေးမခန့် မပြုဘဲ ကျိုးနွံစွာ
အလေးအမြတ် = လေးစားမြတ်နိုးစွာ
လက်အုပ်မိုး၍ = လက်ဝါးနှစ်ဘက် ကို ပန်းကြာငုံကဲ့သို့ စုံညီပြု၍ နဖူးအထိ ချီးမြောက်ထားလျက်
ရှိခိုး = အရိုအသေ ပြုသည်
ရှိခိုးခြင်း (၃) မျိုး ရှိသည်၊
လက်အုပ်ချီ၍ ထိခြင်း ငါးပါး ဖြင့် ရှိခိုး ခြင်း ကို ကိုယ်ဖြင့် ရှိခိုးသည် မည်၏ ။
ရတနာသုံးပါး တို့၏ ဂုဏ်တော်များကို နှုတ်ဖြင့် ရွတ်ဆို ၍ ရှိခိုးခြင်း ကို နှုတ်ဖြင့် ရှိခိုးသည် မည်၏ ။
ရတနာသုံးပါး ၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန် အောက်မေ့ ဆင်ခြင် ခြင်း ကို စိတ်ဖြင့် ရှိခိုးသည် မည်၏ ။
ပူဇော် = တစ်စုံ တစ်ခုပေး၍ အလေးအမြတ် ပြုသည် ပစ္စည်းဖြင့် ပူဇော်ခြင်း ၊ တရားဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း (၂) မျိုး ရှိသည် ၊ ကျင့်ဝတ်ပူဇော်ခြင်းသည် တရားဖြင့် ပူဇော်ခြင်းဖြစ်၏ ။
ဖူးမြော် = ပကတိ မျက်စိဖြင့် မြင်တွေ့ခြင်း ၊ ဥာဏ်မျက်စိ ၌ ထင်ရှားပေါလွင်အောင် အာရုံပြု ခြင်းဟူ၍ (၂)မျိုး ရှိသည်။ မာန်လျှော့ = မာန်မာန ကို လျှော့ချခြင်း၊ မိမိသည် ရတနာသုံးပါး အောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့ နိုင်သည်။
ကန်တော့ = ၀န်ချတောင်းပန်သည်။
ကန်တော့ရသော အကျိုးအားကြောင့် = ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် နှင့် အဓိပ္ပါယ် တူပါသည် ။
ကန်တော့ တဲ့ အခါမှာ ၀န်ချတောင်းပန်တဲ့အခါမှာ …
အပြစ်ရှိ၍ ကန်တော့ခြင်း နှင့် ကုသိုလ် ရလို၍ ကန်တော့ခြင်း ဟု၍ နှစ်မျိုး ရှိပါသည်။
အပါယ်လေးပါး = ချမ်းသာကင်း ၍ ကုသိုလ်ပြုခွင့်မရသော အရပ်လေးမျိုး၊
၁။ ငရဲ = ငရဲထိန်း၊ ငရဲမီး တို့ဖြင့် အမြဲညှဉ်းပန်း နှိပ်စက်ခံနေရသောဘုံ။
၂။ တိရစ္ဆာန် = မဂ်ဖိုလ် မရနိုင်ဘဲ ဖီလာ ကန့်လန့် သွားတတ်သော သတ္တ၀ါ တို့၏ ဘုံ။
၃။ ပြိတ္တာ = စားရမဲ့ ။ဝတ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူ တို့၏ဘုံ၊
၎။ အသူရကာယ်= ပြိတ္တာ များထက်ပို၍ ဆင်းရဲငတ်ပြတ် သော ဘုံ၊
" လောကြီး သူ သေလျှင်မူ ရှေးရှု ပြိတ္တာ ဘ၀ "
" ဒေါသ ကြီးသူ သေလျှင်မူ ရှေးရှု ငရဲ ဘ၀ "
" မောဟ ကြီးသူ သေလျှင်မူ ရှေးရှု တိရစ္ဆာန် ဘ၀ "
ကပ်သုံးပါး = ဘေးအန္တရာယ် ကျရောက်နေသော အချိန် ကာလ (၃) မျိုး ။
၁။ ဒု ဗ္ဘိက္ခ န္တရကပ် = (ဒုဗ်ဘိတ်ခန်တရကပ် ဟု ဖတ်ရမည် ) ငတ်မွတ်ခြင်း ဘေးဆိုက်ရောင်သော ကာလ။
၂။ သတ္တ န္တ ရကပ် = (သတ်ထန်တရ ကပ် ဟု ဖတ်ရမည်) လက်နက်ဘေး၊ စစ်ဘေး ဆိုက်ရောက်နေသော ကာလ
၃။ ရောဂ န္တရကပ် =( ရောဂန်တရ ကပ် ဟုဖတ်ရမည် ) ကူးစက်ရောဂါ ဘေး အန္တရယ် ဆိုက်ရောက်နေသော ကာလ။
• လောဘကြီးက ငတ်မွတ်ရ ဒုက္ခ ကပ်ကြီးဆိုက်တတ်သည် •
• ဒေါသကြီး က သတ်ဖြတ် ကြ သတ္တ ကပ်ကြီး ဆိုက်တတ်သည် •
• မောဟ ကြီး က ဖျားနာကြ ရောဂ ကပ်ကြီးဆိုက်တတ်သည်•
ရပ်ပြစ်ရှစ်ပါး = အပြစ်ရှိ သော အရပ် (၈) မျိုး…
၁။ ငရဲဘုံ
၂။ တိရစ္ဆာန်ဘုံ
၃။ ပြိတ္တာဘုံ
၎။ အ ရူပ ဗြဟ္မာ ဘုံ (ရုပ်မရှိ) ၊ အသညာသတ်ဘုံ (နာမ်မရှိ)
၅။ ပစ္စ န္တရစ် = တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသော အရပ်၊ လူ၇ိုင်း ဒေသ၊
၆။ မိစ္ဆာဒီဌိ = မှားယွင်းသော အယူဝါဒရှိသူ၊
၇။ ဒုပဗည = ဥာဏ်မွဲ၍ လူစဉ်မမီသူ
၈။ သာသနာပကာလ = ဘုရားမပွင့်သော အခါ ။
ဤ အရပ်တို့ ၌ ဖြစ်လာသူများသည် မြတ်စွာဘုရား ၏ တရားတော် များကို နားကြားခွင့် မရ ၊ နာကြားရလျှင် လည်း အဓိပ္ပါယ်မသိ ကြချေ။
ရန်သူမျိုး (၅) ပါး = ရေ ၊ မီး ၊ မင်း ၊ သူခိုး ၊ အမွေခံဆိုး ။
" ရေလွှမ်းမိုးသော ဘေးရန် ၊ မီးလောင်ခြင်း ဘေးရန်၊ ရာဇ၀တ်ပြစ်ဒဏ် ခံရခြင်း ဘေးရန် ၊ ခိုးဝှက် လူယက်ခြင်း ခံရသော ဘေးရန် ၊ မိဘ ပစ္စည်း ကို ဖြုန်းတီး၍ မိဘ ကို နှိပ်စက် တတ်သော သားဆိုး၊ သမီးဆိုး ဘေးရန် တို့ ဖြစ်သည။် "
ဝိပတ္တိ တရား (၄) ပါး = ဖောက်ပြန်ချွတ်ယွင်း ခြင်းတရား
၁။ ဂတိဝိပတ္တိ = လားရာဂတိ ဖောက်ပြန်ခြင်း ၊ အပါယ် အုံ ၌ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်း အင်္ဂါ ချို့တဲ့ခြင်း ၊
၃။ ကာလ၀ိပတ္တိ = ခေတ်ပျက်ခြင်း။ တရားဥပဒေ ဖြင့် အုပ်ချုပ်မှုကင်းမဲ့ သောအခါ ကာလာ
၎။ ပယောဂ၀ိပတ္တိ = အားထုတ်မှု မမှန်ကန်ခြင်း။ အကုသိုလ် အမှုများ ၌ အားထုတ်ခြင်း ၊ အပြစ်ကျူးလွန်ခြင်း
ဗျသနတရား (၅) ပါး = ပျက်စီးခြင်း တရား ၅ မျိုး
၁။ ဥာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း
၂။ ဘောဂဗျသန = စည်းစိမ် ဥစ္စာပျက်စီးခြင်း ၃။ ရောဂဗျသန = ရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
၎။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူလွဲမှား ၍ ပျက်စီးခြင်း သီလ ဗျသန နှင့် ဒီဌဗျသန သည် ဤ ဘ၀ ၌ သာ မက နောင်ဘ၀ များစွာ တို့ ၌ လည်း ဆင်းရဲခြင်း ကိုဖြစ်စေသည် အပါယ် သို ကျရောက်စေပါသည်။
မဂ်တရား = လောဘ စသော ကိလေသာ ကို ပယ်သက်၍ နိဗ္ဗာန် သို့ သွားရောက်ကြောင်းဖြစ်သော တရားလမ်း သောတပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါတ်မိမဂ်၊ အရဟတ္တမဂ် ဟူ၍ မဂ် ( ၄ )ပါး ရှိပါသည်။
ဖိုလ်တရား = မဂ်၏ အကျိုးတရား ၊ နိဗာန် ချမ်းသာ ကို ခံစား စေနိုင်သော ဥာဏ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ ဖိုလ် (၄) ဖိုလ် ရှိပါသည်။
နိဗာန်တရား = လောဘ၊ ဒေါသ၊ မောဟ တို့ ကုန်ရာ ဖြစ်၍ ထာဝရ ငြိမ်းအေးချမ်းသာ နေခြင်းသဘော၊ ကန်တော့ ခြင်း ၏ အကျိုး ကန်တော့ ခြင်း သည် မိမိ ၏ မာန်မာန ကို ချိုးနှိမ် ၍ ၀န်ချတောင်းပန် သော အမှု ဖြစ်သည်၊ ထောင်လွှား ၀င့်ကြွားခြင်း ၊ မာန သည် သူ တစ်ပါး တို့ အမြင် ကပ်စရာဖြစ်ပြီး အပါယ်ဘုံ သို့ ပစ်ချ တတ်၏၊
မာန်မာန ကို ဖယ်၍ ဦးချ ကန်တော့သည့် အခါ ကုသိုလ် စိတ်များဖြစ်သည်၊ ထို ကုသိုလ် စိတ်များက ကောင်းကျိုးများစွာကိုပေးစွမ်းနိုင်ပါသည်။
ဘဝတွင် မရှိသင့်မရှိအပ်သော မထားသင့်မထားအပ်သော မာန်မာန | အတ္တ တွေကို နည်းပါးအောင် အားထုတ်ပြီး နေ့စဉ် ဆင်ခြင်နေထိုင်ဖို့ရန် လေးစားစွာတိုက်တွန်းလိုက်ပါသည်။
ယူတတ်ရင် ရပါတယ် စာရေးသူ စိတ်ထဲ တွေးမိတာလေး တစ်ခုရှိတယ်။ အားလုံးလည်း ကြားဖူးနေပြီးသား စကားလုံး ဖြစ်ပါတယ်။ဆရာသမားက တပည့်တွေကိုပြောရင် ငါတို့ကတော့ မိုးရွာချပေးလိုက်တာပဲ။အေး မင်းတို့ယူတဲ့သူအပေါ်ပဲ မူတည်ပြီး မင်းတို့ ရရှိကြမှာပါ ဆိုတဲ့ စကား..မှန်ပါတယ် ကျွန်တော်တို့ ဆရာသမားတွေ မျှဝေလိုက်တဲ့ ပညာကို ခံယူတဲ့
တပည့်တွေ အပေါ် မူတည်ပြီး ဖလားနဲ့ ခံယူရင် ဖလားနဲ့ တန်တာပဲ ရမယ်..စဉ့်အိုးနဲ့ ခံယူရင် စဉ့် အိုးနဲ့ တန်သလောက် ရကြတာပါ။ ဒါက ပညာရေးနယ်ပယ်မှာ အများဆုံး သုံးဖြစ် ပြောဖြစ်တဲ့ ဆုံးမစကားတစ်ခု အဲ့ဒီလိုပါပဲ တစ်ခြား ပတ်ဝန်းကျင်မှာလည်း လူမှု့ရေး ၊ စီးပွားရေး က အစ ကိုယ့် စိတ်က သဘောထားမှန်မှန်ကန်ကန်နဲ့ ခံယူနိုင်ရင် ကိုယ်ခံယူသလောက် ရမှာပါ…တကယ်တော့ အမြင်မှန်တယ် ဆိုတာ အမှန်မြင်တာပါပဲ မဟုတ်လား။ ပရဟိတ အစ ဘုရား၊ ရဟန္တာက စာရေးသူ အပါအ၀င် လူတော်တော်များများဟာ ပရဟိတ အများအကျိုးထက် အတ္တဟိတ ကိုယ့်အကျိုးကောင်းဖို့ အတွက်ပဲ တစ်နေ့ တစ်နေ့ ရုန်းကန်လှုပ်ရှားနေကြတာ များပါတယ်။ ဘ၀ဆိုတာ ဒီလိုကိုယ့်အကျိုးအတွက် ကိုယ်ကောင်းစားဖို့ အတွက်ပဲ ရုန်းကန်လှုပ်ရှားရင်း သေသွားကြမယ်ဆိုရင် အင်မတန်မှ နှမြောစရာ ကောင်းပါတယ် ဒါဆိုရင် ဘာလုပ်ရမလဲရှေးသူတော်ကောင်းကြီးတွေ လမ်းပြခဲ့တာ အများကြီးပါ..သူများအကျိုးအတွက် နဲနဲလောက်ဖြစ်ဖြစ် စမ်းလုပ်ကြည့်ပါအုံး။ရင်ထဲမှာဘယ်လို ခံစားလာရမလဲဆိုတာသိရအောင်။ပရဟိတအလုပ်ကို ဘယ်သူစလုပ်ခဲ့တယ်လို့ စာဖတ်သူ ထင်ပါသလဲ… မြတ်စွာဘုရားက နုစဉ်အခါကတည်းက ပရဟိတဆိုတာကို စလုပ်ခဲ့တာပါ..ငယ်ငယ်က ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ ပါတယ်…နိဂြောဓ သမင်ကြီး နဲ့ သာခ သမင်ကြီး အုပ်စိုးတဲ့ သမင်အုပ်စုနှစ်ဖွဲ့ ကို သမင်သားအရမ်းကြိုက်တဲ့ ဘုရင်ကြီးက သူ့ ပန်းခြံထဲကို ကျုံးသွင်း ခြံခတ်ထားပြီး တစ်နေ့ကို တစ်ကောင်စီ အလှည့်ကျ သတ်စားပါတယ်။တစ်နေ့ကျတော့ သာခ သမင်ကြီး အုပ်စုထဲက သမင်မလေးတစ်ကောင်က ကိုယ်ဝန်ကြီးနဲ့ နောက်တစ်နေ့ ညနေဆို မွေးတော့မယ်..ဒါပေမဲ့ အဲ့ဒီသမင်မလေးက နောက်တစ်နေ့ မနက်မှာ အသတ်ခံရမဲ့ အလှည့် ရောက်လာတယ်။အဲ့တော့ သူ့ကို အုပ်ချုပ်တဲ့ သာခ သမင်ကြီးကို သွားပြောတာပေါ့ ။သူ့ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေး လေးကိုတော့ မီးဖွားပါရစေ..နောက်တစ်နေ့ကျမှ သူအသတ်ခံပါရစေပေါ့။ဖြစ်နိုင်ရင် သူ့ကိုအခြားသမင်တစ်ကောင်နဲ့ ဒီတစ်ရက် အစားထိုးပေးဖို့ သွားတောင်းဆိုပါတယ်။ဒါကို သာခသမင်ကြီးက လက်မခံပါဘူး။အဲ့ဒါနဲ့ နိဂြောဓသမင်ကြီးဆီသွားပြီး အကျိုးအကြောင်း ပြောပြတော့ လက်ခံလိုက်ပါတယ်။အဲ့ဒီသမင်မလေး အစား သူအသတ်ခံပါမယ်တဲ့။အတိုချုံးပြောရရင်တော့ နောက်တစ်နေ့လည်းရောက်ရော အသတ်ခံရမဲ့ တုံးပေါ်မှာ လည်သွားဆင်းပေးထားပါတယ်. နိဂြောဓ သမင်ကြီးဆိုတာ သမင်အုပ်စုနှစ်ဖွဲ့ထဲမှာ အရောင်အသွေး အလှဆုံး အတောက်ပဆုံး အကောင်အကြီးဆုံး ပေါ့။အဲ့ဒီတော့ သားသတ်သမားကလည်း မသတ်ရဲဘူး..ဘုရင်ကြီးဆီသွားသ တင်းပို့ ..ဘုရင်ကြီးကလိုက်လာ.. အကျိုးအကြောင်းမေး…သမင်ကြီးက ဘုရင်ကို တရားပြ ဆုံးမစကားတွေ ပြော..နောက်ဆုံး ဘုရင်ကြီးက သမင်တွေအားလုံးကို လွှတ်ပေးလိုက်တယ်..ဘုရင်ကြီးလည်း အသိတရားတွေ ရသွားပေါ့… ဇတ်လမ်းက ဒီမှာ မဆုံးသေးဘူး… အနာခံခြင်းနဲ့ အသာစံခြင်း နုစဉ်တုန်းက နိဂြောဓ သမင် ကြီးဖြစ်ခဲ့တဲ့ နောက်ဆုံး ပစ္ဆိမဘ၀ရောက်တော့ ဘုရားဖြစ်..သာခသမင်ကြီးကတော့ ဒေ၀ဒတ္တ(ဒေ၀ဒတ်) ကြီး ဖြစ်..အဲ့ဒီတုန်းက ဗိုက်ကြီးနဲ့ သမင်မလေးက သူဌေးသမီးလေး တစ်ဦးဖြစ်ပေါ့..ဒါနဲ့ သူဌေးသမီးလေး အရွယ်ရောက်လာတော့ မိဘတွေက အတင်း အိမ်ထောင်ချပေးလို့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်လိုက်ရတယ်..သူဌေးသမီးလေးက မိဘတွေလက်ထက်ကတည်းက အိမ်ထောင်မပြုပါရစေနဲ့ သူ့ကို သာသနာ့ဘောင်ထဲ ၀င်ခွင့်ပေးပါလို့ ခွင့်တောင်းတာကို မိဘတွေ ခွင့်မပြုလို့ လက်ထပ်ခဲ့ရတာဆိုတော့ ယောက်ျားရပြီးတော့လည်း ဇွဲမလျှော့ပါဘူး.. သူ့ခင်ပွန်းသည်ကို ခွင့်တောင်းပြန်ပါတယ်..သူ့ခင်ပွန်းကလည်း သဘောထားကြီးတဲ့ သူဆိုတော့ ရဟန်းမ ပြုခွင့်ပေးလိုက်ပါတယ်..ဒါနဲ့ ဒေ၀ဒတ်ကြီး အုပ်ချုပ်တဲ့ ကျောင်းကို ရောက်လာ.. အဲ့ဒီတုန်းက ဘိက္ခုနီ သာသနာက ရှိနေတာဆိုတော့…ဘိက္ခုနီမ ၀တ်… နောက်လေးငါးလလောက် ကြာလာတော့ အိမ်ထောင်သည်ဘ၀တုန်းက အမျိုးသားနဲ့ အတူနေခဲ့တာဆိုတော့ ကိုယ်ဝန်ပါလာတာပေါ့..အဲ့တော့ သူဌေးသမီး ရဟန်းမလေးကို ဒေ၀ဒတ် ကြီးက လူဝတ်လဲခိုင်းတော့တာပါပဲ..နောက်ဆုံးတော့ သူ့ကျောင်းမှာ မထားနိုင်ဘူးဆိုတော့ ရဟန်းမလေး မြတ်စွာဘုရားရှိရာ အရပ်ဆီ ပြေးရတော့တာပါပဲ.. မြတ်စွာဘုရားဆီရောက် တော့ လက်ခံပါတယ်..သူ့ ဒကာမအရင်းတွေ ဖြစ်တဲ့ ဝိသာခါကျောင်းအစ်မကြီးတို့ ကို ခေါ်ပြီး စမ်းသပ်ခိုင်းတာပေါ့ ကိုယ်ဝန်လွယ်တဲ့ အချိန်ဟာ သာသနာ့ဘောင်ထဲ ရောက်ပြီးမှလား မရောက်ခင်ကတည်းကလားဆိုတာ ကိုစစ်ဆေး ခိုင်းပါတယ်..အဖြေက ရဟန်းမလေး အိမ်ထောင်သည်ဘ၀တည်းက ပါလာတာဖြစ်ကြောင်း အထောက်အထားခိုင် လုံတော့ မြတ်စွာဘုရားဟာ သူ့ကျောင်းဝန်းထဲမှာပဲ ရဟန်းမလေးကို မီးဖွားခွင့် ပြုလိုက်ပါတယ်..နောက်ဆုံး အကျဉ်းချုပ်ပြီး တင်ပြရမယ်ဆိုရင်တော့ ဟိုးအရင် ဘ၀ပေါင်းများစွာသာမက ဒီဘ၀မှာလည်း ကယ်တင်လိုက်ပါ တယ်..ရဟန်းမလေးလည်း တရားထူး တရားမြတ်ရသွားပါတယ်။ အနာခံတဲ့သူတွေရဲ့ ပန်းတိုင်ကတော့ မြင့်မြတ်ခြင်း ဆီ ဦးတည်ပြီး ၊ အသာစံသူတွေရဲ့ ပန်းတိုင်ကတော့ ယုတ်ညံ့ခြင်းဆီ ဦးတည်ပါတယ်။ မြတ်စွာဘုရား ကတော့ နိဗ္ဗာန်ကို ရောက်ရှိပြီး ဒေ၀ဒတ်ကတော့ အ၀ီဇိငရဲမှာ ယခုအချိန်ထိ အပြစ်တွေ ပေးဆပ်နေရပါတယ်။ နောက်ဆုံး ရလဒ်ကတော့ စာရှု့သူတို့ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ တကယ်တော့ လောကကြီးမှာ ကိုယ်ပိုင်တာ ဘာမှ မရှိပါဘူး။ အရာအားလုံးဟာလည်း မမြဲပါဘူး။ သေရင် အကုန်ထားခဲ့ရမှာပါ။ အဲတော့ ပစ္စည်း၊ ဥစ္စာ ၊ပညာ ရှာတော့ ရှာပါ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ဒီဘ၀ ၊ ဒီတသက်စာ၊ တစ်ခဏတာမျှ ရှာတာဖြစ်တယ်လို့ သိပြီး ရှာရင်းနဲ့ အများအကျိုးကိုလည်း သယ်ပိုးဆောင်ရွက်ဖို့ မမေ့ကြပါနဲ့လို့ စေတနာရှေ့ထားပြီး နှိုးဆော်တိုက်တွန်းရင်း ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့ လကာင်္လေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အများအကျိုး ၊ ရွက်သယ်ပိုးက ၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း ၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။ရွှေဟင်္သာ ဆရာတော်ဘုရားကြီး မေတ္တာများစွာဖြင့်
~ Frames of Thinking and its Influences ~
တွေးကြလား။ တွေးကြ တာပေါ့။ နည်းလမ်းမှန်တာ မမှန်တာထား၊ အမှန်ကိုရောက်တာ မရောက်တာ ထား၊ တွေးကြ တာပဲ။ ဘာကြောင့် မတွေး ရရင် မနေနိုင်လည်း ဆိုတာကော တွေးဖူးလား၊ ကိုယ့် ကိုတွေးခေါ်ခြင်း ဖြစ်စဉ် ထဲကို ရောက်နေစေတဲ့ အကြောင်း တရားတွေက ဘာတွေလည်း တွေးဖူးလား။ ဘာကြောင့်တွေးနေတာလည်း။ ဘာလို့ ဒီလိုတွေးနေတာလည်း ဆိုတာတွေးဖူးလား။ တွေးခေါ်နိုင်စွမ်း ဟာ ကားတစ်စီး ဆိုရင်၊ တွေးခေါ်မူတွေ ကို ရွေ့ လျားစေတဲ့ လောင်စာ နဲ့ ဘယ်ကိုရွေ့ ပါလို့ လမ်းပြနေတဲ့ မြေပုံတွေရှိတယ်။ လူတစ်ယောက် ရဲ့ တွေးခေါ် ဆင်ခြင်ပုံ ကို ဘောင်ခတ် ပုံသွင်းနေ တဲ့ အရာတွေ ရှိတယ်။ Thinking Frames တွေပေါ့။
-Culture-ယဉ်ကျေးမူ့
လူတစ်ယောက် ရဲ့ အတွေးအခေါ် ဟာ သူမွေးဖွား ကြီးပြင်းလာရတဲ့ ယဉ်ကျေးမူ ရဲ့ ဘောင်ခတ်ခြင်း ကို ခံ ရတယ်။ အနောက်တိုင်း ယဉ်ကျေးမူမှာ ကြီးပြင်း လာသူတွေဟာ Analytical Thinking လွမ်းမိုးပြီး၊ အရှေ့ တိုင်းက လူတွေ အတွေးအခေါ် ကို Holstic Thinking လွမ်းမိုး တဲ့ ပုံစံတွေ ကွာရတာ ယဉ်ကျေးမူတွေ ကွာခြား လို့ပဲဖြစ်တယ်။-Time and Space
မွေးဖွားကြီးပြင်း ရတဲ့ ခေတ် ကာလ၊ ဒေသ ကိုလိုက်ပြီးလည်း အတွေးခေါ်တွေ ကွာကြတယ်။
မိသားစု ရဲ့ ယုံကြည် ကိုးကွယ်မူတွေ၊ လူမူ ဆက်ဆံရေး ပုံစံတွေ၊ အိမ်ထောင်ရေး အခြေနေ၊ ကလေး ဘ၀ပြဋ္ဌာန်းချက်၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျောင်းပညာရေး ဆိုင်ရာ လက်ခံမူတွေ၊ လိုက်နာ လက်ခံကျင့်သုံး မူတွေ ဟာ လူတစ်ယောက် ရဲ့ အတွေးအခေါ် ကို အများဆုံးပြဋ္ဌာန်းတယ်။-Familay Background
-Socio-Surrounding
လူမူ ပတ်ဝန်းကျင် နဲ့ ပေါင်းသင်း ဆက်ဆံနေသူတွေ ရဲ့ လွမ်းမိုးမူတွေ၊ အမြင်တွေ၊ စံ တန်ဖိုးတွေ ကလည်း အတွေးအခေါ် ကိုပြဋ္ဌာန်းတယ်။ကိုယ် လက်ခံထားတဲ့ အတွေးအခေါ် အယူအဆ တစ်ခုကို၊ Thinking Frames ပြောင်းတွေးကြည့်ရင် Brain Stroming လုပ်ကြည့်ရင်၊ ကိုယ့်အတွေး အခေါ် ဟာ ဘယ်လောက် အထိပြဋ္ဌာန်း ခံ နေရလည်း ဆိုတာတွေ့ရ မှာပဲ။ ဥပမာ၊ အသားအရောင် ခွဲခြား တတ်တဲ့ လူဖြူ တစ်ယောက်ကို လူမည်း တစ်ယောက် အဖြစ် စိတ်ကူး ယဉ်ပြီး စဉ်းစားစေကြည့်ရင် အသားအရောင် ခွဲခြားလိုတဲ့ အတွေးအခေါ် ဟာ သူမွေးဖွားကြီးပြင်း လာရတဲ့ Culture, Time & Space, Family Background နဲ့ Socio-Surrounding ကြောင့် ပေါ်ပေါက်လာတယ် ဆိုတာ အလွယ် တစ်ကူမြင်ရမယ်။ ဘာသာရေး ခွဲခြားလိုသူတွေ၊ လူမျိုးရေး ခွဲခြားလိုသူတွေ ရဲ့ အတွေးအခေါ် ခံယူချက်တွေ ဟာ Thinkin Frames တွေ လွမ်းမိုးထားလို့ ဖြစ်တယ်။ ကိုယ့် ရဲ့ အတွေးခေါ်တွေ ကို Thinking Frames တွေ ဘယ်အတိုင်း အတာထိ လွမ်းမိုးထားလည်း ဆန်း စစ်နိုင် လာရင် မျှတတဲ့ အမြင်၊ ဘက်မလိုက်တဲ ခံယူချက်၊ အစွန်း မရောက်တဲ့၊ တစ်ဖက်ပိတ် မဆန်တဲ့ သုံးသပ်ချက် အမြင်တွေ ရှိလာမှာဖြစ်တယ်။ အသိပညာ ဥာဏ်ရဲ့ ရန်သူဖြစ်တဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓာတ် ခံယူချက်၊ လောကအမြင် နဲ့ ယူဆချက်တွေ ကနေ ကင်းကွာလာမှာဖြစ်တယ်။ Thinking Frames ရဲ့လွမ်းမိုး မူဟာ လူတစ်ယောက် ရဲ့ အတွေးအခေါ် ကို အပြုသဘောဆောင် သလို၊ အပျက် သဘောဆောင်တာတွေ လည်းရှိတယ်။ အပြု သဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင် သည်ဖြစ်စေ၊ ဒီ လွမ်းမိုးမူတွေ ကို ဆန်းစစ်မြင်နိုင်ဖို့ ဟာ အသိပညာဥာဏ် ခရီးလျောက်နေသူတို့ အတွက် အရေးကြီးတယ်။ အတွေးအခေါ်လည်း ထိုက်သင့်သလောက် စွမ်းပါရဲ့ ၊ စာပေ ပညာ လည်းမြတ်နိုးလိုက်စား ပါလျက်၊ မျှတ ချင်တဲ့ စိတ်တွေ ရှိကြပါလျက်၊ မှန်ကန်တာကိုဖြစ်စေချင်တဲ့ စေတနာတွေရှိမှန်း လည်း မြင်သာ ပါလျက်နဲ့ အချို့ တွေ အယူအဆ လွဲနေတာ၊ ခံယူချက် လွဲနေတာ၊ မဟုတ်တာ အဟုတ် ထင်နေတာ၊ အမှန်ပြလည်း၊ အမှန်ကို မမြင်နိုင်၊ အမှန်ကို မမြတ်နိုးနိုင် စကားလုံးတွေ နဲ့ ဝေ့လည်ကြောင်ပတ်တွေ လုပ်ပြီး မောဟ မွန်နေ တာတွေ ရဲ့ အခြေခံ အကြောင်း တရား ကတော့ ကိုယ့် အတွေးအခေါ် ကို လွမ်းမိုး ထားတာတွေ ကို ပြန် သုံးသပ်နိုင်စွမ်းနဲနေလို့ပဲဖြစ်တယ်။ မှန်မှန် ကန်ကန်တွေးခေါ်နိုင်ဖို့ထက် အရေးကြီးတာက အမှားတွေလျောက် မတွေးနေဖို့ပါ။ အတွေး အခေါ် မမှားဖို့၊ စည်းဘောင်ကျော်တွေးနိုင်ဖို့ ကတော့ ကိုယ့် အတွေးအခေါ် ကို လွမ်းမိုး ထားတဲ့ အကြောင်း တရားတွေ ကို သိထားပြီး၊ အမြဲ ဆန်းစစ်နေဖို့လိုပါတယ်။ လူတစ်ယောက်ခြင်းစီ ရဲ့ တွေးခေါ်မူကို လွမ်းမိုးထားတဲ့ Thinkings Frames ကို ထပ်ပြီး ခွဲကြည့်ရင် - Vocational Influence (လုပ်ငန်းဆိုင်ရာ လွမ်းမိုးမူ) - Sociological Influence (လူမူဘ၀ဆိုင်ရာ လွမ်းမိုးမူ) - Philosophical Influence (ပုဂ္ဂိုလ်ရေး ဒဿ နလွမ်းမိုးမူ) - Ethical Influence (ကိုယ်ကျင့်တရား ဆိုင်ရာ လွမ်းမိုးမူ) - Intellectual Influence (သီဝရီ ဆိုင်ရာ အသိပညာနှင့် သီဝရီ ဆိုင်ရာ စနစ်များ အရ ဆင်ခြင်မူမှ ရရှိ လာသော ယူဆချက် များ၏ လွမ်းမိုးမူ) - Anthropological Influence (လူ့ အဖွဲ့အစည်း တစ်ခုရဲ့ ယဉ်ကျေးမူဆိုင်ရာ ဓလေ့ ထုံးတမ်းနှင့် ဆောင် ရန်ရှောင်ရန်၊ တဗူး (Taboo) များ ၏ လွမ်းမိုးမူ) - Ideological and Political Influence (အုပ်ချုပ်ရေးဆိုင်ရာစနစ်နှင့် အာဏာကျင့်သုံးမူ ပုံစံလွမ်းမိုးမူ) - Economic Influence (စီးပွားရေးအခြေအနေလွမ်းမိုးမူ) - Historical Influence (သမိုင်းအသိတရားဆိုင်ရာ လွမ်းမိုးမူ) - Biological Influence (ဇီဝရုပ်ဆိုင်ရာလွမ်းမိုးမူ) - Theological Influence (ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များနှင့် ခံယူချက် လွမ်းမိုးမူ) - Psychological Influence (ကိုယ်ရည်သွေးဆိုင်ရာ အရည်ချင်းနှင့် ပုဂ္ဂိုလ်ရေး စိတ်ခံစားချက် လွမ်းမိုးမူ) - Physiological Influence (ဇီဝကမ္မ၊ ရုပ်ခန္ဓာကိုယ်အခြေအနေ၊ ရုပ်ရည်သွင်ပြင်အခြေအနေ၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်ဆိုင်ရာ လွမ်းမိုးမူ) ဆိုပြီး လွမ်းမိုးမူ ပုံစံတွေကိုတွေ့ရတယ်။ Thinking Frames တွေ ရဲ့ လွမ်းမိုးမူတွေ ကို ဆင်ခြင် သုံးသပ်ကြည့်နိုင်ရင်၊ ကိုယ့်ရဲ့ စိတ်သဘာဝ ၊ တွေးခေါ် ဆင်ခြင်ပုံတွေ ကို ကိုယ်ကိုယ်တိုင် ရေရေရာရာ မသိတဲ့ မောဟ ကိုတွေ့ရမယ်။ လူ့စိတ် သဘာဝ ဆိုတာ လူတွေကိုယ်တိုင် မသိတဲ့ လူ့ဘ၀ကို ဖန်တီး စီရင်နေတဲ့ အတွင်း သဏ္ဍန် အကြောင်း တရားဖြစ်တယ်။ ဒီ ကိုယ်တွင်း အကြောင်းတရားဖြစ်တဲ့ စိတ်ဟာ လူတစ်ယောက်ရဲ့ အဖြစ် တရားပဲဖြစ်တယ်။ ဒီ အဖြစ်တရားကို မူတည်ပြီး ပြင်ပ ရုပ်လောက မှာ နေထိုင်နေတာဖြစ်တယ်။ လူ တစ်ယောက်ရဲ့ ပျော်ရွင်မူ၊ မပျော်ရွင်မူ၊ စိတ်အေးချမ်းမူ၊ စိတ်ဆိုးဒေါသဖြစ်မူ၊ တွေကို စိတ် သဏ္ဍန်ကပဲ ဆုံးဖြတ်ပေးနေတာဖြစ်တယ်။ သိမြင်နိုင်စွမ်း နဲ့ ဥာဏ် ကွန့်မြူးနိုင်စွမ်း တို့ကို ထိမ်းချုပ်ထားတဲ့ အကြောင်း တရား လည်းဖြစ်တယ်။ အေးချမ်းမူနဲ့ ၊ တည်ငြိမ်မူ ကို ပြဋ္ဌာန်းပေးတဲ့ အကြောင်း တရားဖြစ်သလို၊ လူတွေ ကို ရူးမိုက်စေတဲ့ အကြောင်း တရားလည်းဖြစ်တယ်။ Thinking Frames ရဲ့ လွမ်းမိုးမူတွေ ကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတွေ ရှိလာရင်၊ ရွံ့ တုံးလေး လို လောကကြီး မှာ လိုရာ ပုံသွင်းခံနေရတဲ့ ဘ၀ကနေ၊ ကိုယ့် ဘ၀ကိုယ် သခင် အဖြစ် စွမ်းအားပြည့် လွတ်လပ်စွာ ဖူးပွင့်နေ ထိုင် ရှင်သန် သွားနိုင်လာမှာဖြစ်တယ်။
~ AMM ~ Greenhill Aung Myo Myat
✨ရင်ခွင်လမ်း✨
ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့်နေသောလူသားများအတွက် မိမိတို့ကျင်လည်ကျက်စားသော ပတ်ဝန်းကျင် ကို ဘောင်ခတ်သတ်မှတ်ပေးလိုက်သောအရာမှာမိမိ၏စိတ်သာဖြစ်သည်၊
တစ်ချို့ သောပုဂ္ဂိုလ်များက ထိုဘောင်ကို ခိုင်မာသည်ထက်ခိုင်မာအောင် ခပ်ကျဉ်းကျဉ်းတည်ဆောက် ကြ၏ ၊ မိမိ၏မိသားစုဆွေမျိုဟူသော ဘောင်ကိုတည်ဆောက်လျှက် ဘ၀တွင်ရှင်သန်ကြ၏ ၊ ဘောင်ကျဉ်းလေလေ အောင်မြင်မှု့နည်းလေလေ ဖြစ်သည် ဘောင်ကျဉ်းကျဉ်းတည်ဆောက် ထားသူအတွက် သူ၏အတ္တကိုလူမြင်သောကြောင်းပတ်ဝန်းကျင် နှင့်လောကတွင်ဦးဆောင် နိုင်မှု့အားနည်း၏ ပရိသတ်ကိုစည်းရုံး၍မရနိုင် အတ္တကိုရှေ့တန်းတင်သောလူ သားများ၏ စည်းရုံးရေးသည်လက်တွေ့မပါသောပြယုတ်သဘောသာတည်း။. seflfishless idea “ မဟာယာနဗုဒ္ဒဘာသာဝင်များ၏ လမ်းစဉ်တွင် Bhodhisatta Idea ကိုတင်ပြလာကြသည် သူတို့တွင် သတ္တ၀ါမှန်သမျှဘုရားဖြစ်ခွင့်ရှိသည် ထိုနောက် ဘုရား လောင်း ၏ကျင့်စဉ်ဖြစ် သောပါရမီများကိုဖြည့်ကျင့်ရာတွင် အများအကျိုးကိုရှေ့တန်းတင် သော Idea မျိုးဖြစ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများဖြင့် အများကိုကူညီပေး သောဘုရားလောင်း၏ လမ်းစဉ်ကိုသာ အထွဋ္ဋ်အမြတ်ထားလာ ကြ၏ ၊ ဘ၀နေထိုင်မှု့အရအ ရေးပါသော ကျင့်စဉ်တစ်ခုဖြစ်သည် လူသားတိုင်းသာ အများအတွက်ကိုယ်စီ တွေးကြမည်၊ အများအကျိုးကိုရှေ့ရှု့၍အလုပ်လုပ်ကြမည်ဆိုလျှင် ထိုပတ်ဝန်းကျင် သည် အေးချမ်းသော ပတ်ဝန်းကျင်၊ တိုးတက်သောပတ်ဝန်းကျင် ၊ သာယာပျော်ရွင်စရာ ကောင်းသော ပတ်ဝန်း ကျင်အဖြစ်တည် ဆောက်နိုင်၏ ။ ထေရ၀ါဒဗုဒ္ဒဘာသာဝင်များ၏ အထွဌ်အထိပ်ထားသော အရာမှာ ဤဘ၀ဤခန္ဒ့ဖြင့်ကိလေသာအပူငြိမ်း၍ဘ၀ဇာတ်သိမ်းရန်ဖြစ်သည် ၊ လူတစ် ယောက်ကိုရင်ဝတွင် မျှားစူးဝင်ခံနေရလျှင် ထိုမျှားကိုထုတ်နှုတ်၍ဆေးကုသ မှု့ပြုရန်သာပ ဓာန ကျသောအလုပ် မျှားအဘယ်အရပ်ကလာသနည်း ၊ မည်သူပစ်သနည်းစသော စုံးစမ်းမှု့ မျိုးသည် အဓိကပဓာနကျသော အရာမဟုတ်ထိုနည်းတူစွာ ဤခန္ဒာကိုယ်တွင်လည်း ကိလေသာ မီးသည် အရှိန်းအဟုန်ပြင်းစွာဖြင့်တောက်လောင်းလျှက်ရှိ၏ ထိုကိလေသာမီးကိုအပြီးတိုင်ငြိမ်း သတ်ဖို့သည်သာ ပဓာနကျသောအရာဖြစ်သည်ဟုထေရ၀ါဒီအများလက်ခံယုံကြည်ထားကြသည် ။ ဤသို့ဆိုလျှင်ထေရ၀ါဒီများ ၊ အများစုသည် တစ်ကိုယ်ကောင်းဆန်သောအုပ်စု (၀ါ) အတ္တကိုရှေ့ တန်းတင်သော အုပ်စုများဖြစ်သွားလေပြီးလားဟုပြောစရာရှိသည် ၊ ထေရ၀ါဒီများ၏ အများအကျိုး ဆောင်ရွက်သော နည်းနှင့် မဟာယန၏အများအကျိုးဆောင်ရွက်သောနည်းမှာကွာခြားမှု့ ရှိလေသည် ၊ ထေရ၀ါဒီအများစုသည် အတ္တနမေ၀ ပထမံ ပဋိရူပေနိဝေသယေ ၊ ဆိုသည့် အတိုင်း မိမိကိုယ်ပထမ သင့်တော်သောအခြေအနေ သို့ရောက်အောင်ကြိုးစားအားထုတ်ရမည် ပြီးမှသာ သူများကို လမ်းညွှန်ရမည် သို့မှသာ ပညာရှိများ၏ အပြစ်တင်ကဲ့ရဲ့ခြင်းမှလွတ်မြောက် နိုင်မည်ဖြစ်လေသည် ။ ထို့ကြောင်းသူများကိုကူညီလိုသူသည် မိမိကိုယ်ကို ပြည့်စုံအောင်ရှေးဦးစွာ ကြိုးစားအားထုတ်ရမည် ပြီးမှသူများကိုကူညီရမည် ၊ ရဟန်းတော်များသည်လည်း ကောင်းမှု့မျိုးစေ့ ကိုစိုက်ပျိုးရာလယ်မြေသဖွယ် အဖြစ် တင်စားခံရသည် ၊ သီလ၀န္တ ရဟန်းတော်တစ်ပါးကိုပေးလှူ သောအလှူမျိုးသည် အကျိုးကြီးမြတ်သောကြာင်း မိမိကိုယ်ကို ရှေ့ဦးစွာ စင်ကြယ်သောအကျင့်ဖြင့် ကူညီခြင်းသည်ပင်လျှင် သူတစ်ပါးကိုကူညီပြီးသားဖြစ်တောသည် ၊ အယူအဆနှစ်ခုဆန်ကျင့် ဖက်မဖြစ်စေရန်အတွက် လောကအကျိုးကိုရှေ့တန်းသောမဟာယန လမ်းစဉ်သည်လည်း မြတ်စွာ ဘုရားရှင်၏လမ်းစဉ်ဖြစ်သကဲ့သို့ရှေ့ဦးစွာ မိမိကိုယ်တိုင် လွတ်မြောက်မှု့အတွက် လောကုတ္တရာ လမ်းစဉ်မှ (၀ါ) တရားလမ်းကြောင်းအရထေရ၀ါဒီတို့၏ လမ်းစဥသည်လည်း မြတ်စွာဘုရားရှင် ၏လမ်းစဉ်သာဖြစ်သည် ၊ မြတ်စွာဘုရားရှင်သည် ပတ်ဝန်းကျင် ကိုဘောင်ခတ်သောပုဂ္ဂိုလ်မဟုတ် ထို့ကြောင်းမြတ်စွာဘုရားရှင်၏ သာသနာတော်သည် ဘောင်ခတ်ခြင်း မှကင်းသော အဆုံးအမ တရားတော်သာဖြစ်သည် ၊ ဘုရားအဖြစ်ကိုရယူခြင်းသည်ပင် သတ္တ၀ါများ၏ အကျိုးစီးပွါးအတွက်သာ ၊ ဗုဒ္ဒေါလောကေသမုပန္နောဟိတာယသဗပါနိနံ ဆိုသည့်အတိုင်း အကန့်အသတ်မဲ့ ဘောင်းခတ်ခြင်း ကင်းသောဘုရား၏တရားတော်များကိုလည်းမည်သူမဆိုကျင့်သုံးနိုင်၏ ကျင့်သူတိုင်းလည်း အကျိုး ရနိုင်၏ ၊ ထို့ကြောင်း လူတိုင်း ဗုဒ္ဒဘာသာဝင်မဟုတ်သော်လည်း ဗုဒ္ဒ၏အဆုံးအမတရားတော်များသည် လူတိုင်အတွက် ဖြစ်သည် ၊ မြတ်စွာဘုရားရှင်၏ ဘောင်သည် ၁။ လောက ၂။ ဆွေမျိုး ၃။ မိမိအကျိုး လောကမှာ မိမိကိုယ်ကျိုးချည်ဆောင်ရွက်သောပုဂ္ဂိုလ် ၊ သူတစ်ပါးအကျိုးကိုချည်းဆောင်ရွက်သောပုဂ္ဂိုလ် ၊ မိမိသူတစ်ပါး နှစ်ဦးနှစ်ဖက်အကျိုးကိုဆောင်ရွတ်သောပုဂ္ဂိုလ်၊မိမိသူတစ်ပါးနှစ်ဦးစလုံး၏ အကျိုးကို မဆောင်ရွက် သောပုဂ္ဂိုလ် ဟူ၍ လေးမျိုးတို့တွင် မြတ်စွာဘုရားရှင် မိမိ သူတစ်ပါးနှစ်ဦးသားတို့၏ အကျိုး ကိုဆောင်ရွတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သောကြောင်း မိမိအကျိုးအတွက် တရားအားထုတ်ခြင်းသည်ပင် သူတစ်ပါးအကျိုး အတွက်ဖြစ်သည် ၊ အဘယ့်ကြောင်းဆိုသော် မြတ်စွာဘုရားရှင်၏ သူလွတ်မြောက်သကဲ့ သို့ သူတစ်ပါးကိုလွတ်မြောက်စေသည် ၊ သူသိသကဲ့သို သူများကိုသိစေတော်မူသည် ၊ ထို့သို့သိစေခြင်း၌ အကန့်အသတ်မဲ့သည် ၊ ဘောင်ခတ်ခြင်းကင်းသည် ထို့ကြောင်း မြတ်စွာဘုရားရှင်၏ လောကအပေါ်ဦး ဆောင်မှု့သည် အထူးအောင်မြင်သည် အားလုံးသော သတ္တ၀ါအနန္တလက်ခံနိုင်သည် ။ ထို့ကြောင်းပင်လျှင် မွေးဖွားပြီးစကပင် လောကတွင်ငါအမြတ်ဆုံး လောကတွင် ငါအကြီးဆုံးဟုကြွေးကြော်ခဲ့လေသည်။
အရှင်ခေမာဝံသ မဟီဒေါတက္ကသိုလ် (ထိုင်းနိုင်ငံ)
လူ့ဘ၀နှင့်ပြဿနာများ ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အားလျော်စွာ ရာစုနှစ်တစ်ခုအလွန်က မည်သို့မျှ ကြံစည်မျှော်လင့်စိတ်ကူး မထားခဲ့သော ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှု့များကို လက်ဝယ် ပိုင်ပိုင် အောင်မြင်ရရှိခဲ့လေပြီ။ခေတ်သစ် နည်းပညာများက အချိန်အဟုန်ပြင်းစွာဖြင့် သဘာဝတရားကို အနိုင်ယူလျှက် ကျွန်ုပ်တို့ဆီကိုရောက်ရှိလို့နေပြီး ၊ .ထိုခေတ်သစ် နည်းပညာများ၏ အကူအညီများကြောင်း များစွာသော သဘာဝဘေးအန္တရာယ်များကို အောင်မြင်နိုင် သော် လည်း နောက်ဆုံး မေးခွန်းက ကျွန်ုပ်တို့သည် အတိတ်က ဘိုးဘွား ဘီဘင်တို့ ခေတ်က ကဲ့သို ပျော်ရွှင်ကြပါရဲ့လား? အဖြေကတော ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မည် ၊ အမျိုးသမီး များနှင့် ခလေးငယ်များအပေါ် အကြမ်းဖက်မှု့ ဆင်းရဲမွဲတေမှု့၊ ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားမှု့၊ အသားအရောင် နှင့် ဇာတ် ခွဲခြားမှု့တို့က အရှိန်အဟုန်း မလျှော့ဘဲ ဆက်လက် ရှိနေဆဲပင်ဖြစ်ပါသည်။ စင်စစ် ရုပ်ဝတ္တုပိုင်းဆိုင်ရာ သာယာမှု့နောက်သို့ လိုက်ကြ သောသူများသည် ဆင်းရဲသော သူများထက်ပင်ပို၍ ဆင်းရဲဒုက္ခရောက်ကြရ နိုင်သည်။ ယနေ့ ခေတ်သစ်ကမ္ဘာကြီးတွင်ရင်ဆိုင်တွေ့ကြုံနေကြရသော ပြဿနာများမှာ စိတ်ဖိစီးမှု့၊ အထီးကျန်မှု့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါတို့သည် အရေးပါသောအဓိ ကပြဿနာ တစ်ရပ် ဖြစ်နေပါသည် ။ ထိုကဲ့သို့သော ပြဿနာများအတွက် မည်သူ့မှာတာဝန်ရှိပါသနည်း? လူသားများ၏ ဖွံဖြိုး တိုးတက်ရေးအတွက် အဓိကကျသောပုဂ္ဂိုလ်များဖြစ်ကြသည့် ဘာသာရေးခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် စီးပွါးရေးသမားများ အသံကောင်းဟစ် နေကြသည်မှာ “တိုးတက်ဖြစ်ထွန်းလာဖို့အတွက် ဆွေးနွေးနေပါသည်အဖြေရှာနေပါသည်“ ဟူ၍ဖြစ်ပါသည်။သို့သော်လည်း` ဤဆိုးကျိုးများ၏ အပြစ်တင်ခြင်းကို မည်သူများက မျှဝေခံစားရမည်နည်း? ကျွန်ုပ်ယုံကြည်သည်မှာ အားလုံးမှာညီ တူညီမျှတာဝန်ရှိကြသည်။ ကျွန်ုပ်တို့ မိမိကိုယ်မိမိ ရိုးသားစွာဖွင့်ဟ၀န်းခံရမည်ဆိုလျှင်၊ ကျွန်ုပ်တို့အားလုံးသည် တစ်ခြားသော လူသားများ၏ ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှု့အတွက် တာဝန်ကိုယ်စီးရှိကြပါသည်။ ဥပမာ လူသားများ၏ ကာမဂုဏ်အားရုံးခံစားမှု့ ဆိုင်ရာ အတွက် တရားမမျှတသောလုပ်ရပ်များ၊ အာဏာနှင့် ငွေအတွက် မတရားသောနည်းဖြင့် ဒေါ်လာသန်းပေါင်းမြောက်များစွာသောကုန်ထုတ်မှု့များ ကို ဤကာမဂုဏ်ကိစ္စများအတွက် အသုံးပြုနေသော လောဘ ။ သည် ဖြစ်ထွန်းမှု့များသည် လူငယ်နှင့်ကလေးသူငယ်များအား သားကောင်းဘ၀သို့ ကျရောက်စေပါသည်။ ကမ္ဘာ့ သမိုင်းမှာ ရှေးတုန်းက မရှိခဲ့ဖူးသော မကောင်းသော်ဆိုးကျိုးများ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်များ၊ လိမ်လည်မှု့များ လူသားများအကြားမှာပဋိပက္ခများသည် လူသားများ၏ ဆန္ဒကြောင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့မရှိမဖြစ်လိုအပ်နေသော ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့ ကိုယ်ပိုင်ဘ၀၊ အိမ်တွင်း၊ အလုပ်တွင်းသာမကဲ တစ်ကမ္ဘာလုံးအတိုင်းအတာထိဖြစ်ပါသည် ။ ဆူပူသောင်းကျန်းမအေးချမ်းမှုမှ ဖြစ်လာသော ကြောင့်ကြ ပူပန်မှု နှင့် ကြောက်ရွံ့မှု တို့သည် ကျွန်ုပ်တို့ကာယစိတ္တာနှစ်ဖြာ ကျန်းမာ ချမ်းသာမှုတို့အပေါ် ပြဿနာဖြစ်သည်သာမက ယိုယွင်းပျက်စီးစေမှုလည်း ဖြစ်ကြပါသည်။ တဏှာသည်သူတို့အနားမှာရှိသော အရာအားလုံးကို စိုးမိုပြီး လူသားများသည် ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးသတ္တ၀ါ တစ်ကောင်းအဖြစ်ရောက်ရှိလာခဲ့သည်။ ဤနည်းဖြင့်လူသားများသည် စိတ်ချမ်းသာ မှု့ကိုစွန့်လွှတ်လျှက် အာဏာနှင့် ရုပ်ဝတ္တုဆိုင်ရာပြည့်စုံမှု့သို့သာအငမ်းမရလိုက်ပါနေကြတောသည်။ ကျွန်ုပ်တို့ယနေ့တွေ့ကြုံရင်ဆိုင်နေကြရသော ပြဿနာ၏အခြေခံမှာကိုယ်ကျင့်တရား ပျက်ပြားလာမှု့နှင့် ပညာကို မှားယွင်း သောစွာအသုံးချမှု့ ပင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်း ပညာများက အံ့မခန်း တီထွင်ကြံဆမှု့အသစ် မျာွးကို ထုတ်လုပ်နေသော်လည်း ကမ္ဘာကြီး သည် လုံခြုံမှု့နှင့် ငြိမ်းချမ်းမှု့ကင်းမဲ့နေဆဲရှိသေးသည်။ တကယ်တော သိပ္ပံနှင့် နည်းပညာ များကပင်လူဘ၀ကိုရှေ့ ကနှင့်စာလျှင် ပို၍လုံခြုံမှု့မရှိအောင်ပြုလုပ်နေဘိသကဲ့သို့ ဖြစ်ချေသည်။ ကျွန်ုပ်တို့လက်ရှိရင်ဆိုင်တွေ့ကြုံနေကြရသော ပြဿနာတွင် ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ သာ တိုးတက်ဖြစ်ထွန်းမလာလျှင်လူလော ကကြီးသည် အန္တရာယ်များကြားမှာ ပင်ပန်းရုံမှလွဲ၍ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအတွက်ကတော အလှမ်းဝေးနေဆဲပင်ဖြစ်ပါလိမ့်မည် ။
မှတ်ချက် ။ ဆရာတော်ကေသိရီဓမ္မာနန္ဒ၏ Human life and problems ဆောင်ပါးအားစာရေးသူအမြင်ြ
ဖင့်ဆီလျှော်သလိုဘာသာ ပြန်ဆိုထားပါသည် ။
အရှင်ခေမာဝံသ မဟီဒေါတက္ကသိုလ် (ထိုင်းနိုင်ငံ)
တစ်ချို့ သောပုဂ္ဂိုလ်များက ထိုဘောင်ကို ခိုင်မာသည်ထက်ခိုင်မာအောင် ခပ်ကျဉ်းကျဉ်းတည်ဆောက် ကြ၏ ၊ မိမိ၏မိသားစုဆွေမျိုဟူသော ဘောင်ကိုတည်ဆောက်လျှက် ဘ၀တွင်ရှင်သန်ကြ၏ ၊ ဘောင်ကျဉ်းလေလေ အောင်မြင်မှု့နည်းလေလေ ဖြစ်သည် ဘောင်ကျဉ်းကျဉ်းတည်ဆောက် ထားသူအတွက် သူ၏အတ္တကိုလူမြင်သောကြောင်းပတ်ဝန်းကျင် နှင့်လောကတွင်ဦးဆောင် နိုင်မှု့အားနည်း၏ ပရိသတ်ကိုစည်းရုံး၍မရနိုင် အတ္တကိုရှေ့တန်းတင်သောလူ သားများ၏ စည်းရုံးရေးသည်လက်တွေ့မပါသောပြယုတ်သဘောသာတည်း။. seflfishless idea “ မဟာယာနဗုဒ္ဒဘာသာဝင်များ၏ လမ်းစဉ်တွင် Bhodhisatta Idea ကိုတင်ပြလာကြသည် သူတို့တွင် သတ္တ၀ါမှန်သမျှဘုရားဖြစ်ခွင့်ရှိသည် ထိုနောက် ဘုရား လောင်း ၏ကျင့်စဉ်ဖြစ် သောပါရမီများကိုဖြည့်ကျင့်ရာတွင် အများအကျိုးကိုရှေ့တန်းတင် သော Idea မျိုးဖြစ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများဖြင့် အများကိုကူညီပေး သောဘုရားလောင်း၏ လမ်းစဉ်ကိုသာ အထွဋ္ဋ်အမြတ်ထားလာ ကြ၏ ၊ ဘ၀နေထိုင်မှု့အရအ ရေးပါသော ကျင့်စဉ်တစ်ခုဖြစ်သည် လူသားတိုင်းသာ အများအတွက်ကိုယ်စီ တွေးကြမည်၊ အများအကျိုးကိုရှေ့ရှု့၍အလုပ်လုပ်ကြမည်ဆိုလျှင် ထိုပတ်ဝန်းကျင် သည် အေးချမ်းသော ပတ်ဝန်းကျင်၊ တိုးတက်သောပတ်ဝန်းကျင် ၊ သာယာပျော်ရွင်စရာ ကောင်းသော ပတ်ဝန်း ကျင်အဖြစ်တည် ဆောက်နိုင်၏ ။ ထေရ၀ါဒဗုဒ္ဒဘာသာဝင်များ၏ အထွဌ်အထိပ်ထားသော အရာမှာ ဤဘ၀ဤခန္ဒ့ဖြင့်ကိလေသာအပူငြိမ်း၍ဘ၀ဇာတ်သိမ်းရန်ဖြစ်သည် ၊ လူတစ် ယောက်ကိုရင်ဝတွင် မျှားစူးဝင်ခံနေရလျှင် ထိုမျှားကိုထုတ်နှုတ်၍ဆေးကုသ မှု့ပြုရန်သာပ ဓာန ကျသောအလုပ် မျှားအဘယ်အရပ်ကလာသနည်း ၊ မည်သူပစ်သနည်းစသော စုံးစမ်းမှု့ မျိုးသည် အဓိကပဓာနကျသော အရာမဟုတ်ထိုနည်းတူစွာ ဤခန္ဒာကိုယ်တွင်လည်း ကိလေသာ မီးသည် အရှိန်းအဟုန်ပြင်းစွာဖြင့်တောက်လောင်းလျှက်ရှိ၏ ထိုကိလေသာမီးကိုအပြီးတိုင်ငြိမ်း သတ်ဖို့သည်သာ ပဓာနကျသောအရာဖြစ်သည်ဟုထေရ၀ါဒီအများလက်ခံယုံကြည်ထားကြသည် ။ ဤသို့ဆိုလျှင်ထေရ၀ါဒီများ ၊ အများစုသည် တစ်ကိုယ်ကောင်းဆန်သောအုပ်စု (၀ါ) အတ္တကိုရှေ့ တန်းတင်သော အုပ်စုများဖြစ်သွားလေပြီးလားဟုပြောစရာရှိသည် ၊ ထေရ၀ါဒီများ၏ အများအကျိုး ဆောင်ရွက်သော နည်းနှင့် မဟာယန၏အများအကျိုးဆောင်ရွက်သောနည်းမှာကွာခြားမှု့ ရှိလေသည် ၊ ထေရ၀ါဒီအများစုသည် အတ္တနမေ၀ ပထမံ ပဋိရူပေနိဝေသယေ ၊ ဆိုသည့် အတိုင်း မိမိကိုယ်ပထမ သင့်တော်သောအခြေအနေ သို့ရောက်အောင်ကြိုးစားအားထုတ်ရမည် ပြီးမှသာ သူများကို လမ်းညွှန်ရမည် သို့မှသာ ပညာရှိများ၏ အပြစ်တင်ကဲ့ရဲ့ခြင်းမှလွတ်မြောက် နိုင်မည်ဖြစ်လေသည် ။ ထို့ကြောင်းသူများကိုကူညီလိုသူသည် မိမိကိုယ်ကို ပြည့်စုံအောင်ရှေးဦးစွာ ကြိုးစားအားထုတ်ရမည် ပြီးမှသူများကိုကူညီရမည် ၊ ရဟန်းတော်များသည်လည်း ကောင်းမှု့မျိုးစေ့ ကိုစိုက်ပျိုးရာလယ်မြေသဖွယ် အဖြစ် တင်စားခံရသည် ၊ သီလ၀န္တ ရဟန်းတော်တစ်ပါးကိုပေးလှူ သောအလှူမျိုးသည် အကျိုးကြီးမြတ်သောကြာင်း မိမိကိုယ်ကို ရှေ့ဦးစွာ စင်ကြယ်သောအကျင့်ဖြင့် ကူညီခြင်းသည်ပင်လျှင် သူတစ်ပါးကိုကူညီပြီးသားဖြစ်တောသည် ၊ အယူအဆနှစ်ခုဆန်ကျင့် ဖက်မဖြစ်စေရန်အတွက် လောကအကျိုးကိုရှေ့တန်းသောမဟာယန လမ်းစဉ်သည်လည်း မြတ်စွာ ဘုရားရှင်၏လမ်းစဉ်ဖြစ်သကဲ့သို့ရှေ့ဦးစွာ မိမိကိုယ်တိုင် လွတ်မြောက်မှု့အတွက် လောကုတ္တရာ လမ်းစဉ်မှ (၀ါ) တရားလမ်းကြောင်းအရထေရ၀ါဒီတို့၏ လမ်းစဥသည်လည်း မြတ်စွာဘုရားရှင် ၏လမ်းစဉ်သာဖြစ်သည် ၊ မြတ်စွာဘုရားရှင်သည် ပတ်ဝန်းကျင် ကိုဘောင်ခတ်သောပုဂ္ဂိုလ်မဟုတ် ထို့ကြောင်းမြတ်စွာဘုရားရှင်၏ သာသနာတော်သည် ဘောင်ခတ်ခြင်း မှကင်းသော အဆုံးအမ တရားတော်သာဖြစ်သည် ၊ ဘုရားအဖြစ်ကိုရယူခြင်းသည်ပင် သတ္တ၀ါများ၏ အကျိုးစီးပွါးအတွက်သာ ၊ ဗုဒ္ဒေါလောကေသမုပန္နောဟိတာယသဗပါနိနံ ဆိုသည့်အတိုင်း အကန့်အသတ်မဲ့ ဘောင်းခတ်ခြင်း ကင်းသောဘုရား၏တရားတော်များကိုလည်းမည်သူမဆိုကျင့်သုံးနိုင်၏ ကျင့်သူတိုင်းလည်း အကျိုး ရနိုင်၏ ၊ ထို့ကြောင်း လူတိုင်း ဗုဒ္ဒဘာသာဝင်မဟုတ်သော်လည်း ဗုဒ္ဒ၏အဆုံးအမတရားတော်များသည် လူတိုင်အတွက် ဖြစ်သည် ၊ မြတ်စွာဘုရားရှင်၏ ဘောင်သည် ၁။ လောက ၂။ ဆွေမျိုး ၃။ မိမိအကျိုး လောကမှာ မိမိကိုယ်ကျိုးချည်ဆောင်ရွက်သောပုဂ္ဂိုလ် ၊ သူတစ်ပါးအကျိုးကိုချည်းဆောင်ရွက်သောပုဂ္ဂိုလ် ၊ မိမိသူတစ်ပါး နှစ်ဦးနှစ်ဖက်အကျိုးကိုဆောင်ရွတ်သောပုဂ္ဂိုလ်၊မိမိသူတစ်ပါးနှစ်ဦးစလုံး၏ အကျိုးကို မဆောင်ရွက် သောပုဂ္ဂိုလ် ဟူ၍ လေးမျိုးတို့တွင် မြတ်စွာဘုရားရှင် မိမိ သူတစ်ပါးနှစ်ဦးသားတို့၏ အကျိုး ကိုဆောင်ရွတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သောကြောင်း မိမိအကျိုးအတွက် တရားအားထုတ်ခြင်းသည်ပင် သူတစ်ပါးအကျိုး အတွက်ဖြစ်သည် ၊ အဘယ့်ကြောင်းဆိုသော် မြတ်စွာဘုရားရှင်၏ သူလွတ်မြောက်သကဲ့ သို့ သူတစ်ပါးကိုလွတ်မြောက်စေသည် ၊ သူသိသကဲ့သို သူများကိုသိစေတော်မူသည် ၊ ထို့သို့သိစေခြင်း၌ အကန့်အသတ်မဲ့သည် ၊ ဘောင်ခတ်ခြင်းကင်းသည် ထို့ကြောင်း မြတ်စွာဘုရားရှင်၏ လောကအပေါ်ဦး ဆောင်မှု့သည် အထူးအောင်မြင်သည် အားလုံးသော သတ္တ၀ါအနန္တလက်ခံနိုင်သည် ။ ထို့ကြောင်းပင်လျှင် မွေးဖွားပြီးစကပင် လောကတွင်ငါအမြတ်ဆုံး လောကတွင် ငါအကြီးဆုံးဟုကြွေးကြော်ခဲ့လေသည်။
အရှင်ခေမာဝံသ မဟီဒေါတက္ကသိုလ် (ထိုင်းနိုင်ငံ)
လူ့ဘ၀နှင့်ပြဿနာများ ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အားလျော်စွာ ရာစုနှစ်တစ်ခုအလွန်က မည်သို့မျှ ကြံစည်မျှော်လင့်စိတ်ကူး မထားခဲ့သော ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်မှု့များကို လက်ဝယ် ပိုင်ပိုင် အောင်မြင်ရရှိခဲ့လေပြီ။ခေတ်သစ် နည်းပညာများက အချိန်အဟုန်ပြင်းစွာဖြင့် သဘာဝတရားကို အနိုင်ယူလျှက် ကျွန်ုပ်တို့ဆီကိုရောက်ရှိလို့နေပြီး ၊ .ထိုခေတ်သစ် နည်းပညာများ၏ အကူအညီများကြောင်း များစွာသော သဘာဝဘေးအန္တရာယ်များကို အောင်မြင်နိုင် သော် လည်း နောက်ဆုံး မေးခွန်းက ကျွန်ုပ်တို့သည် အတိတ်က ဘိုးဘွား ဘီဘင်တို့ ခေတ်က ကဲ့သို ပျော်ရွှင်ကြပါရဲ့လား? အဖြေကတော ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မည် ၊ အမျိုးသမီး များနှင့် ခလေးငယ်များအပေါ် အကြမ်းဖက်မှု့ ဆင်းရဲမွဲတေမှု့၊ ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားမှု့၊ အသားအရောင် နှင့် ဇာတ် ခွဲခြားမှု့တို့က အရှိန်အဟုန်း မလျှော့ဘဲ ဆက်လက် ရှိနေဆဲပင်ဖြစ်ပါသည်။ စင်စစ် ရုပ်ဝတ္တုပိုင်းဆိုင်ရာ သာယာမှု့နောက်သို့ လိုက်ကြ သောသူများသည် ဆင်းရဲသော သူများထက်ပင်ပို၍ ဆင်းရဲဒုက္ခရောက်ကြရ နိုင်သည်။ ယနေ့ ခေတ်သစ်ကမ္ဘာကြီးတွင်ရင်ဆိုင်တွေ့ကြုံနေကြရသော ပြဿနာများမှာ စိတ်ဖိစီးမှု့၊ အထီးကျန်မှု့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာရောဂါတို့သည် အရေးပါသောအဓိ ကပြဿနာ တစ်ရပ် ဖြစ်နေပါသည် ။ ထိုကဲ့သို့သော ပြဿနာများအတွက် မည်သူ့မှာတာဝန်ရှိပါသနည်း? လူသားများ၏ ဖွံဖြိုး တိုးတက်ရေးအတွက် အဓိကကျသောပုဂ္ဂိုလ်များဖြစ်ကြသည့် ဘာသာရေးခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် စီးပွါးရေးသမားများ အသံကောင်းဟစ် နေကြသည်မှာ “တိုးတက်ဖြစ်ထွန်းလာဖို့အတွက် ဆွေးနွေးနေပါသည်အဖြေရှာနေပါသည်“ ဟူ၍ဖြစ်ပါသည်။သို့သော်လည်း` ဤဆိုးကျိုးများ၏ အပြစ်တင်ခြင်းကို မည်သူများက မျှဝေခံစားရမည်နည်း? ကျွန်ုပ်ယုံကြည်သည်မှာ အားလုံးမှာညီ တူညီမျှတာဝန်ရှိကြသည်။ ကျွန်ုပ်တို့ မိမိကိုယ်မိမိ ရိုးသားစွာဖွင့်ဟ၀န်းခံရမည်ဆိုလျှင်၊ ကျွန်ုပ်တို့အားလုံးသည် တစ်ခြားသော လူသားများ၏ ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှု့အတွက် တာဝန်ကိုယ်စီးရှိကြပါသည်။ ဥပမာ လူသားများ၏ ကာမဂုဏ်အားရုံးခံစားမှု့ ဆိုင်ရာ အတွက် တရားမမျှတသောလုပ်ရပ်များ၊ အာဏာနှင့် ငွေအတွက် မတရားသောနည်းဖြင့် ဒေါ်လာသန်းပေါင်းမြောက်များစွာသောကုန်ထုတ်မှု့များ ကို ဤကာမဂုဏ်ကိစ္စများအတွက် အသုံးပြုနေသော လောဘ ။ သည် ဖြစ်ထွန်းမှု့များသည် လူငယ်နှင့်ကလေးသူငယ်များအား သားကောင်းဘ၀သို့ ကျရောက်စေပါသည်။ ကမ္ဘာ့ သမိုင်းမှာ ရှေးတုန်းက မရှိခဲ့ဖူးသော မကောင်းသော်ဆိုးကျိုးများ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ်များ၊ လိမ်လည်မှု့များ လူသားများအကြားမှာပဋိပက္ခများသည် လူသားများ၏ ဆန္ဒကြောင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့မရှိမဖြစ်လိုအပ်နေသော ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့ ကိုယ်ပိုင်ဘ၀၊ အိမ်တွင်း၊ အလုပ်တွင်းသာမကဲ တစ်ကမ္ဘာလုံးအတိုင်းအတာထိဖြစ်ပါသည် ။ ဆူပူသောင်းကျန်းမအေးချမ်းမှုမှ ဖြစ်လာသော ကြောင့်ကြ ပူပန်မှု နှင့် ကြောက်ရွံ့မှု တို့သည် ကျွန်ုပ်တို့ကာယစိတ္တာနှစ်ဖြာ ကျန်းမာ ချမ်းသာမှုတို့အပေါ် ပြဿနာဖြစ်သည်သာမက ယိုယွင်းပျက်စီးစေမှုလည်း ဖြစ်ကြပါသည်။ တဏှာသည်သူတို့အနားမှာရှိသော အရာအားလုံးကို စိုးမိုပြီး လူသားများသည် ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးသတ္တ၀ါ တစ်ကောင်းအဖြစ်ရောက်ရှိလာခဲ့သည်။ ဤနည်းဖြင့်လူသားများသည် စိတ်ချမ်းသာ မှု့ကိုစွန့်လွှတ်လျှက် အာဏာနှင့် ရုပ်ဝတ္တုဆိုင်ရာပြည့်စုံမှု့သို့သာအငမ်းမရလိုက်ပါနေကြတောသည်။ ကျွန်ုပ်တို့ယနေ့တွေ့ကြုံရင်ဆိုင်နေကြရသော ပြဿနာ၏အခြေခံမှာကိုယ်ကျင့်တရား ပျက်ပြားလာမှု့နှင့် ပညာကို မှားယွင်း သောစွာအသုံးချမှု့ ပင်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်း ပညာများက အံ့မခန်း တီထွင်ကြံဆမှု့အသစ် မျာွးကို ထုတ်လုပ်နေသော်လည်း ကမ္ဘာကြီး သည် လုံခြုံမှု့နှင့် ငြိမ်းချမ်းမှု့ကင်းမဲ့နေဆဲရှိသေးသည်။ တကယ်တော သိပ္ပံနှင့် နည်းပညာ များကပင်လူဘ၀ကိုရှေ့ ကနှင့်စာလျှင် ပို၍လုံခြုံမှု့မရှိအောင်ပြုလုပ်နေဘိသကဲ့သို့ ဖြစ်ချေသည်။ ကျွန်ုပ်တို့လက်ရှိရင်ဆိုင်တွေ့ကြုံနေကြရသော ပြဿနာတွင် ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ သာ တိုးတက်ဖြစ်ထွန်းမလာလျှင်လူလော ကကြီးသည် အန္တရာယ်များကြားမှာ ပင်ပန်းရုံမှလွဲ၍ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအတွက်ကတော အလှမ်းဝေးနေဆဲပင်ဖြစ်ပါလိမ့်မည် ။
မှတ်ချက် ။ ဆရာတော်ကေသိရီဓမ္မာနန္ဒ၏ Human life and problems ဆောင်ပါးအားစာရေးသူအမြင်ြ
ဖင့်ဆီလျှော်သလိုဘာသာ ပြန်ဆိုထားပါသည် ။
အရှင်ခေမာဝံသ မဟီဒေါတက္ကသိုလ် (ထိုင်းနိုင်ငံ)
✒ကြောက်စရာလူသား
ကိုယ့်အတ္တနဲ့ကိုယ့်အကျိုးသာ ကိုယ်ကြ ည့် ကိုယ်ချင်းစာနာစိတ် လုံးဝမရှိသော လူသား တိုင်းသည် လောကတွင် ကြောက် စရာ အကောင်းဆုံး လူသား များဖြစ်သည်။
ထိုသူများသည် လူမှု့ရေး
ထိုသူများသည် လူမှု့ရေး
ဆက်ဆံရေး/စီးပွား ရေး မည့်သည့်အရေးပဲဖြစ်ဖြစ် သူတို့ အကျိုး ကိုသာ ကြည့်ရုံမက အကျိုးမရလျှင် ထိုအရာ ကို အဖိုးအခ မတန်အောင် တန်းဖိုးမဲ့အောင် အကြံပက်စက် ဖျတ်ဆီးတက်ကြပါသည်။ မစားရသည့် အမဲ သဲနဲ့ပက်ဆိုသလိုမျိုး ယုတ် မာသည့် စိတ်
ရိုင်းဖြင့် မည်သည်ကိုမှ မငဲ့ကွက် ထင်တိုင်းကြဲတက်ကြပါသည်။ ထို့ကြောင့် အန္တရာယ်ကြီးမား ကြောက်စရာ့လူ သားများဖြစ်ကြပါသည်။
မောင်ထွန်း(ဟံသာဝတီ)
misinterpretations about what the Buddha taught.
Visit to this link-http://www.dhammatalks.org/ ⬅
This book is a compilation of Ajaan Dune’s short teachings—pure truths at the highest level, lessons and admonishments he gave his students, answers to questions, and passages from the Buddha’s
words in the Canon that he always liked to quote. Also included are the events, locations, and people who were involved, to help make the passages easier to understand and more inviting to read. Translated from the Thai by Thanissaro Bhikkhu.
words in the Canon that he always liked to quote. Also included are the events, locations, and people who were involved, to help make the passages easier to understand and more inviting to read. Translated from the Thai by Thanissaro Bhikkhu.
Visit to this linkhttp://www.dhammatalks.org/👈
The Mind like Fire Unbound – An Image in the Early Buddhist Discourses – by Thanissaro Bhikkhu goes to the early cores of the Pali Canon, its paradoxes and analogies to give the reader an understanding of how they can be used for personal exploration.
“This fire that has gone out…in which direction from here has it gone?”
Download the ebook here:
The Mind Like Fire Unbound
“This fire that has gone out…in which direction from here has it gone?”
Download the ebook here:
The Mind Like Fire Unbound
Fundamentals of Buddhism. This 136 pages work by Dr. Peter D. Santina covers the basic Buddhist teaching over a series of twelve lectures. Among them are the life of the Buddha,the Four Noble Truths,
the NobleEightfoldPath,Karma,rebirth, dependent origination, the three universal characteristics and finally the five aggregates. – Good introduction to the basics of Buddhism.
the NobleEightfoldPath,Karma,rebirth, dependent origination, the three universal characteristics and finally the five aggregates. – Good introduction to the basics of Buddhism.
(Download )Fundamentals of Buddhism
































