A short introduction to the basic concepts and values underlying Buddhist practice, with special attention to clearing up common
misinterpretations about what the Buddha taught.
Visit to this link-http://www.dhammatalks.org/ ⬅
dwonload pdf
This book is a compilation of Ajaan Dune’s short teachings—pure truths at the highest level, lessons and admonishments he gave his students, answers to questions, and passages from the Buddha’s
words in the Canon that he always liked to quote. Also included are the events, locations, and people who were involved, to help make the passages easier to understand and more inviting to read. Translated from the Thai by Thanissaro Bhikkhu.

Visit to this linkhttp://www.dhammatalks.org/👈
Download pdf

 The Mind like Fire Unbound – An Image in the Early Buddhist Discourses – by Thanissaro Bhikkhu goes to the early cores of the Pali Canon, its paradoxes and analogies to give the reader an understanding of how they can be used for personal exploration.
“This fire that has gone out…in which direction from here has it gone?”
Download the ebook here:
The Mind Like Fire Unbound
Fundamentals of Buddhism. This 136 pages work by Dr. Peter D. Santina covers the basic Buddhist teaching over a series of twelve lectures. Among them are the life of the Buddha,the Four Noble Truths,
the NobleEightfoldPath,Karma,rebirth, dependent origination, the three universal characteristics and finally the five aggregates. – Good introduction to the basics of Buddhism. 












သတ္တ၀ါတစ်ဦး တစ်ယောက်သည် သံသရာကျင်လည်ရာ၌ မရေမတွက် နိုင်သော ကပ်ကမ္ဘာတို့ကို ကျော်လွှား ဖြတ်သန်းခဲ့ရသည်။ သန္တိသုခဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ
သံသရာအလည် ပြတ်၍ ကပကမ္ဘာတို့ကို ကျော်ဖြတ်ရမှုမှ ကင်းဝေးတော့၏။ ထိုသို့ ကျော်ဖြတ်ခဲ့ရသော မရေမတွက် နိုင်သော ကပ်ကမ္ဘာများအနက် ဘုရားရှင်များပွင့်ရာ ကပ်ကမ္ဘာသည် လွန်မင်းစွာ နည်းပါးပြီး ဘုရားရှင်များ မပွင့်သော သုညကပ်ကမ္ဘာများကသာ မရေမတွက် နိုင်လောက်အောင် များလှပါသည်။ ဘုရားရှင်များပွင့်သော ကမ္ဘာသည် ---
 (၁) သာရကမ္ဘာ 
(၂) မဏ္ဍကမ္ဘာ
 (၃) ၀ရကမ္ဘာ 
(၄) သာရမဏ္ဍကမ္ဘာ
(၅) ဘဒ္ဒကမ္ဘာ ဟု ငါးမျိုးရှိသည်။ ထိုငါးမျိုးသော ကပ်ကမ္ဘာတို့အနက် သာရကမ္ဘာတွင် ဘုရားရှင်တစ်ဆူသာ၊ မဏ္ဍကမ္ဘာတွင် ဘုရားရှင်နှစ်ဆူ၊ ၀ရကမ္ဘာ တွင် ဘုရားရှင်သုံးဆူ၊ သာရမဏ္ဍကမ္ဘာတွင် ဘုရားရှင်လေးဆူတို့ အသီး သီးပွင့်တော်မူခဲ့ကြပြီး ဤဘဒ္ဒကမ္ဘာတွင် ဘုရားရှင်ငါးဆူတို့ ပွင့်တော်မူကြပါမည်။ ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဂေါတမဘုရားရှင် ပွင့်တော်မူပြီးဖြစ်၍ ယခုအချိန်သည် ထိုဂေါတမဘုရားရှင်၏ သာသနာတော်တွင်း ကာလဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘ၀ဖြင့် ဘုရားဖြစ်ဖို့ရန် စိတ်တော်၌ ကြံစည်ဆုတောင်းခဲ့သည့် ကာလက ခုနစ်အသင်္ချေ၊ နှုတ်တော်၌ ဆုတောင်းပေးခဲ့သော ကာလက ကိုးအသင်္ချေ၊ ကိုယ်နှုတ်စိတ်တို့ဖြင့် ဆုတောင်းခဲ့သော ကာလက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပေါင်းအသင်္ချေနှစ်ဆယ်နှင့် ကမ္ဘာတစ်သိန်းတို့ တိုင်တိုင် ဆုတောင်းခဲ့ပါသည်။ ထိုသို့ ဆုတောင်းခဲ့သော ကာလများအနက် ဘုရားဖြစ်ရန် ကျိန်းသေသော နိယတဗျာဒိတ်ခံယူ ရရှိခဲ့သည့် ကာလမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြစ်၏။ ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ အတွင်း နောက်ဆုံး ပွင့်တော်မူသော ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင် အပါအ၀င် ပွင့်တော်မူပြီး ဘုရားရှင်များမှာ --- 
(၁) တဏှင်္ကရာ ဘုရားရှင် 
(၂) မေဓင်္ကရာ ဘုရားရှင် 
(၃) သရဏင်္ကရာ ဘုရားရှင် 
(၄) ဒီပင်္ကရာ ဘုရားရှင် 
(၅) ကောဏ္ဍည ဘုရားရှင် 
(၆) မင်္ဂလ ဘုရားရှင် 
(၇) သုမန ဘုရားရှင် 
(၈) ရေ၀တ ဘုရားရှင် 
(၉) သောဘိတ ဘုရားရှင် 
(၁၀) အနောမဒဿီ ဘုရားရှင် 
(၁၁) ပဒုမ ဘုရားရှင် 
(၁၂) နာရဒ ဘုရားရှင် 
(၁၃) ပဒုမုတ္တရ ဘုရားရှင် 
(၁၄) သုမေဓ ဘုရားရှင် 
(၁၅) သုဇာတ ဘုရားရှင် 
(၁၆) ပိယဒဿီ ဘုရားရှင် 
(၁၇) အတ္ထဒဿီ ဘုရားရှင် 
(၁၈) ဓမ္မဒဿီ ဘုရားရှင် 
(၁၉) သိဒ္ဓတ္ထ ဘုရားရှင် 
(၂၀) တိဿ ဘုရားရှင် 
(၂၁) ဖုဿ ဘုရားရှင် 
(၂၂) ၀ိပဿီ ဘုရားရှင် 
(၂၃) သိခီ ဘုရားရှင် 
(၂၄) ဝေဿဘူ ဘုရားရှင် 
(၂၅) ကကုသန္ဓ ဘုရားရှင် 
(၂၆) ကောဏာဂမန ဘုရားရှင် 
(၂၇) ကဿပ ဘုရားရှင် 
(၂၈) ဂေါတမ ဘုရားရှင် ဟူ၍နှစ်ဆယ့်ရှစ်ပါး  တို့ဖြစ်ပါသည်။ ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် နှစ်ဆယ့်လေးပါးသော ဘုရားရှင်တို့၏ အထံတော်တွင် ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် နိယတဗျာဒိတ်တော်ကို ဆင်မြန်းရရှိတော်မူခဲ့သည်။ ဂေါတမဗုဒ္ဓ လောင်းလျာသည် ထိုသာရ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင်လေးဆူတို့အနက် နောက်ဆုံး ဖြစ်သော ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်၌ နိယတဗျာဒိတ်ကို စတင်ခံယူခဲ့ပါသည်။ ဒီပင်္ကရာ ဘုရားရှင်နှင့် ကပ်ကမ္ဘာတူတွင် ပွင့်တော်မူကြသော ဘုရားရှင် သုံးဆူကိုပါ ထည့်သွင်း၍ ဤဗုဒ္ဓ၀င်၌ ဖော်ပြထားပါသည်။

ဓမ္မဒါနအလှူရှင်-ဒေါက်တာအရှင်သုပီယ(Mahamuni Buddhist Temple, Singapore)
ဤ မဟာသတိပဋ္ဌာနသုတ် ကို ဗုဒ္ဓသည် ကုရုတိုင်း ကမ္မာသဓမ္မ မည်သော နိဂုံးရွာ တွင် သီတင်းသုံးစဉ်၊ ဘိက္ခူရဟန်းတို့ အားဟောကြားခဲ့သော ဒေသနာတော် ဖြစ်သည်။



တရားအနက် ဤ လေးပါးကုန်သော တရားတို့၌ သတိကို စွဲမြဲစွာပြု၍ ကျင့်ရသော သတိပဋ္ဌာန်မည်သော အကျင့်သည်ရှိ၏ ဤအကျင့်ကား 

၁၊ စိတ်အညစ်အကြေးတို့ ကင်းဝေးစင်ကြယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။
၂၊ ပူဆွေးသောကရောက်ခြင်းမှ လွန်မြောက်နိုင်စေသော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။ 
၃၊ ဒေါသကြောင့် ကိုယ်စိတ်နှလုံး ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းပျောက်ကွယ်စေနိုင်သော တခုတည်းသော အကျင့်နည်းလမ်းပေတည်း။ 
၎၊ ဘဝ တဏှာ ကင်းဝေးရာဖြစ်သော နိဗ္ဗာန်မည်သော တရားကို မျက်မှောက်ပြုနိုင်သော (ရရှိနိုင်သော) တခုတည်းသော အကျင့်နည်းလမ်းပေတည်း။ ဤလေးပါးကုန်သော သတိပဋ္ဌာန် အကျင့်ဆိုသည်မှာ အဘယ်နည်း။ - ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိ၏ ရုပ်ကိုလည်း၊ ရုပ်မျှသာဟုရှုမြင်လျှက်၊ ရုပ်ကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။ - ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိခံစားရသော ဝေဒနာတို့ကိုလည်း၊ ဝေဒနာမျှသာဟုရှုမြင်လျှက်၊ ဝေဒနာကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။ - ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိ၏ စိတ် ကိုလည်း၊ စိတ်မျှသာဟုရှုမြင်လျှက်၊ စိတ်ကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။ - ရဟန်းသည် လုံးလဝိရိယကို စိုက်ထုတ်စေလျှက်၊ သတိကို မိမိကိုယ်တွင် မြဲစေကာ မိမိ၏ ဉာဏ်တွင်ထင်သော တရားများကိုလည်း၊ တရား မျှသာဟုရှုမြင်လျှက်၊ ထိုတရားများ ကိုတည်၍ဖြစ်သော စွဲလမ်းမှုနှင့် ဒေါသ ကိုပယ်ဖျောက်၍ အကြိမ်ကြိမ် ရှုမှတ်နေရမည်။ ကာယာနုပဿနာ အာနာပါန ရှုမှတ်ပုံ ရဟန်းသည် မိမိ၏ ရုပ်ကို၊ ရုပ်မျှသာ ဟူ၍ရှုမြင်လျှက် မည်ကဲ့သို့ နေပါသနည်း။ တရားအားထုတ်သော ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်၏ခြေရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်သော ကျောင်းသို့ သွားရောက်၍ဖြစ်စေ၊ ခန္ဓာကိုယ် အထက်ပိုင်းကို ဖြောင့်ဖြောင့်ထိုင်ရမည်။ ထိုင်ပြီးလျှင် သတိကို တည်စေ၍ အသက်ရူသွင်းလျှင်လည်း၊ ရူသွင်းသည်ဟုသိရမည်။ အသက်ရူထုတ်လျှင်လည်း၊ ရူထုတ်သည်ဟု သိရမည်။ ရှည်ရှည် ရူထုတ်လျှင်လည်း၊ ရှည်ရှည် ရူထုတ်သည်ဟုသိရမည်။ တိုတို ရူထုတ်လျှင်လည်း၊ တိုတို ရူထုတ်သည်ဟု သိရမည်။ ရူသွင်းမှု၏ စ၊ လည်၊ ဆုံးကို သတိမလွှတ်စေဘဲ သိရမည်။ ရူထုတ်မှု၏ စ၊ လည်၊ ဆုံးကို သတိမလွှတ်စေဘဲ သိရမည်။ ဥပမာ၊ ကျွမ်းကျင်သော ကြိုးပွတ်သမားသည် ကြိုးပွတ်ရာတွင် (ကြိုးအား) ရှည်ရှည်ဆွဲလျှင်လည်း ရှည်ရှည်ဆွဲသည်ဟု သိ၏၊ တိုတိုဆွဲလျှင်လည်း တိုတိုဆွဲသည်ဟု သိ၏ ဤကြိုးပွတ်သမားနည်းတူ ရဟုန်းသည် အသက် ရူသွင်းလျှင်လည်း ရူသွင်းသည်ကို သေချာသိ၏၊ အသက် ရူထုတ်လျှင် လည်း ရူထုတ်သည်ကို သေချာသိ၏ ရူသွင်း၊ ရူထုတ်သော ထွက်သက်ဝင်သက် ရုပ်အပေါင်းအား ရုပ်အပေါင်းဟုသာ သိ၏ မည်သို့ သိရမည်ဆိုလျှင် ဝင်သက်၊ ထွက်သက် ရုပ်အပေါင်းသာ ရှိသည်၊ (ရူတတ်၊ ရှိုက်တတ်သော) ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ က္ကုရိယာပိုင်း ရှုမှတ်ပုံ အခြား ရှုပုံတနည်းကား၊ ရဟန်းသည် သွားလျှင်လည်း သွားသည်ဟု သိ၏ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏ လျောင်းလျှင်လည်း (အိပ်လျှင်လည်း) လျောင်းသည်ဟု သိ၏ ဤသို့ဖြင့် ရုပ်အပေါင်းသည် ထိုထို အမူအရာဖြင့် တည်နေ၏ ရုပ်အပေါင်းသည် ထိုထို အမူအရာဖြင့် တည်သည့်အတိုင်း ထိုထို အမူအရာဖြင့် တည်နေသည်ဟု သိ၏ ထိုထို အမူအရာဖြင့် တည်ရှိနေသော ရုပ်အပေါင်းအား ရုပ်အပေါင်းဟုသာ သိ၏ မည်သို့ သိရမည်ဆိုလျှင် သွားမှု၊ လာမှု၊ လှုပ်ရှားမှုတို့ဖြင့် တည်ရှိနေသော ရုပ်အပေါင်းသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ကိုယ်ဟန် အမူအယာ ရှုမှတ်ပုံ အခြားရှုပုံ တနည်းကား၊ ရဟန်းသည် ရှေ့သို့သွားလျှင် လည်းကောင်း၊ နောက်သို့ ဆုတ်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ တည့်တည့် ကြည့်လျှင် လည်းကောင်း၊ ငဲ့စောင်း၍ ကြည့်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ ဆန့်ထားသော လက်ကို ကွေးလျှင် လည်းကောင်း၊ ကွေးထားသော လက်ကို ဆန့်တန်းလျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ သင်္ကန်းကို ဝတ်ရုံလျှင် လည်းကောင်း၊ သပိတ်ကို ကိုင်တွယ်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ အစားအစာ စားသောက်လျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ ကျင်ကြီးကျင်ငယ် စွန့်မှုကို ပြုလျှင် လည်းကောင်း၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ သွားလျှင်၊ ထိုင်လျှင်၊ ရပ်လျှင်၊ အိပ်လျှင်၊ နိုးထလျှင်၊ စကားပြောလျှင်၊ ဆိတ်ဆိတ်နေလျှင်၊ ပြုလုပ်သမျှကို မိမိဉာဏ်တွင် ထင်ရှားစွာ သိလျှက် ပြုလုပ်ရမည်။ မည်သို့ သိရမည်ဆိုလျှင် သွားမှု၊ လာမှု၊ လှုပ်ရှားမှုတို့ဖြင့် တည်ရှိနေသော ရုပ်အပေါင်းသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ၃၂ ဋ္ဌာန ရှုမှတ်ပုံ အခြားရှုပုံ တနည်းကား၊ ရဟန်းသည် ခြေဖျားမှ ဆံပင်အထိ၊ တစ်လံမျှရှိသော ပါးလွှာသော အရေပြားဖြင့် ဖုံးအုပ်ထားသော ဤခန္ဓာကိုယ် ထဲတွင် စက်ဆုတ်ဖွယ်ကောင်းသော၊ ရွံရှာဖွယ် ကောင်းသော အသွေး၊ အသား၊ ကလီစာ၊ အဆိုင်အခဲ မျှသာရှိသည်ကို ဉာဏ်ဖြင့် စူးစိုက်ဆင်ခြင်ရမည်။ ဤခန္ဓာထဲတွင် ရှိသော အရာများကား ဆံပင်၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရေခွံ၊ အသားတုံး၊ အကြော၊ အရိုး၊ ခြင်ဆီ၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျည်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ ကျင်ကြီးကျင်ငယ်၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်ပုပ်၊ သွေးရည်၊ ချွေး၊ တံတွေး၊ နှပ်၊ ဤ ရွံရှာဖွယ်ကောင်းသော အရာများသာ ရှိသည်ဟု ဉာဏ်ဖြင့် စူးစိုက် ဆင်ခြင်ရမည်။ ဥပမာ၊ အိပ်တခုထဲတွင် စပါး၊ ကောက်ကြမ်း၊ ပဲကြီး၊ ပဲနောက်၊ နှမ်း၊ ဆန်တို့ဖြင့် ရောနှော ပြည့်နှက်နေသည် ဖြစ်အံ့။ ထိုအိပ်ကို ဖြေ၍ မျက်စိလျှင်သော ယောက်ျားသည် ဤကား စပါးတည်း၊ ဤကား ကောက်ကြမ်းတည်း၊ ဤကား ပဲကြီးတည်း၊ ဤကား ပဲနောက်တည်း၊ ဤကား နှမ်းတည်း၊ ဟူ၍ ခွဲခြမ်း စိတ်ဖြာသည် ဖြစ်အံ့။ ဤသို့ စပါးမျိုးများကို ခွဲခြမ်းစိတ်ဖြာ၍ ရှုသည့်နည်းတူ၊ ပါးလွှာသော အရေပြားဖြင့် ဖုံးအုပ်ထားသော ဤခန္ဓာကိုယ် ထဲတွင် ဆံပင်၊ မွေးညင်း၊ လက်သည်း၊ ခြေသည်း၊ အရိုး၊ ခြင်ဆီ၊ နှလုံး၊ အသည်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ ကျင်ကြီးကျင်ငယ်၊ သည်းခြေ၊ သလိပ်၊ ပြည်ပုပ်၊ တံတွေး၊ နှပ်၊ စသော ဤ ရွံရှာဖွယ်ကောင်းသော အရာများသာဖြင့်သာ ပြည်နှက်နေသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဓာတ်သဘော ရှုမှတ်ပုံ အခြား ရှုပုံတနည်းကား၊ ရဟန်းသည် မိမိ၏ ရုပ်သည် မူလအတိုင်း (အရှိကို၊ အရှိအတိုင်း) ဖြစ်သော ဓာတ်သဘောမျှသာ ရှိပြီး၊ သတ္တဝါကောင်၊ အသက်ကောင် မဟုတ်သည်ကို ဆင်ခြင်စူးစိုက်၍ ရှုမှတ် နှလုံးသွင်းနေရမည်။ မည်သို့ ဓာတ်သဘော မျှသာဟု နှလုံးသွင်းမည်နည်း။ ဤကိုယ်ထဲတွင် အစိုင်အခဲ အမာခံဓာတ် ဖြစ်သော ပထဝီဓာတ်၊ ယိုစီးဖွဲတယ်သော အရည်ဓာတ်ဖြစ်သည့် အာပေါဓာတ်၊ ပူနွေးလောက်ကျွမ်းသော အပူဓာတ်ဖြစ်သည့် တေဇောဓာတ်၊ ရွေးလျားတတ်သော သဘောရှိသည့် ဝါယောဓာတ် စသော ဓာတ်သဘောများသာ ရှိသည်၊ သတ္တဝါကောင်၊ အသက်ကောင် မဟုတ်သည်ကို ဆင်ခြင်ရှုမှတ် ရမည်။ ဥပမာ၊ ကျွမ်းကျင်သော နွားသတ်သမားသည် နွားတကောင်ကို သတ်၍၊ အပိုင်းပိုင်းခုတ်ခါ လမ်းလေးခွတွင် ပုံထားအံ့။ ထိုသို့ အသားကို ပုံပြီးသော်၊ လူအပေါင်းသည် နွားကောင်ကို မမြင်၊ အသားပုံကိုသာ မြင်၏ ထိုးနည်းတူစွာပင် ရဟန်းသည် မိမိကိုယ်ထဲတွင်ရှိသော မာသောသဘော၊ ပူသောသဘော၊ အရည်သဘော၊ ရွေ့လျှားသော သဘော များသာရှိသည်ကို စူးစိုက်ဆင်ခြင်နေရမည်။ ထိုအခါ ရုပ်ဆိုသည်မှာ မူလအတိုင်းရှိသည့် ဓာတ်သဘောများသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ အသုဘ အလောင်းကောင် ရှုမှတ်ပုံ အခြား ရှုပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော ၃-၄ရက်လွန်သော် ဖူးဖူးရောင်ကာ အညိုအမဲ အဆင်းပျက်လျှက်၊ ပြည်တစိုစို စီးယိုလျှက်ရှိသော သူသေ အလောင်းကောင်ကို တွေ့မြင်ရသကဲ့သို့ မိမိ၏ ကိုယ်သည်လည်း ဤသူသေ အလောင်းကောင်ကဲ့သို့ပင် သဘောရှိလေသည်။ ဤသူသေ အလောင်းကောင် ကဲ့သို့ပင် မိမိကိုယ်သည်လည်း ဖူးဖူးရောင်ခြင်းသဘော၊ ညိုမဲအဆင်းပျက်လျှက် ပြည်တစိုစို စီးယိုခြင်းသဘော စသည်တို့ မချွတ်ဖြစ်ရမည်ကို နိုင်းဆ ဆင်ခြင်၍ ရှုမှတ်ရမည်။ ဤသို့ ဆင်ခြင်လျှင် မိမိ၏ ရုပ်အပေါင်းသည် ဖူးဖူးရောင်သော သူသေကောင်နှင့် ဘာမှခြားနားခြင်းမရှိ၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ အခြား ရှုပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသွေး အသား အကြောတို့ဖြင့် ဖွဲ့တွယ်လျှက်ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသားကင်းလျှက် သွေးကြွင်းမျှ လူးကပ်လျှက် ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အသွေး၊အသား လုံးဝကင်းလျှက် အကြောမျှဖြင့် ဖွဲနွဲ့ထားသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ စွန့်ပစ်ထားသော အဆစ်ပြုတ်ကာ ကစင့်ကရဲ ပြန့်နှံ့လျှက်၊ တစ်နေရာတွင် လက်ရိုး၊ တစ်နေရာတွင် ခြေရိုး၊ တစ်နေရာတွင် ခြေသလုံးရိုး၊ တစ်နေရာတွင် နံရိုး၊ တစ်နေရာတွင် လည်ပင်းရိုး၊ တစ်နေရာတွင် ဦးခေါင်းခွံတို့ ပြန့်ကျဲလျှက် ရှိသော အရိုးစု သူသေကောင်ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤသို့ပင် ဖြစ်လိမ့်မည်ဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ ငါ၏ဤရုပ်ကိုယ်ထည်သည် ဤသူသေကောင် ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘော ရှိခြေ၏ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ရမည်သာတည်း။ ဤသူသေကောင်ကဲ့သို့ပင် အရိုးစု ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ အခြား ရူပုံတနည်းကား၊ ရဟန်းသည် သုသာန်၌ တစ်နှစ်ကျော်ကြာ စွန့်ပစ်ထားသော သူသေကောင်သည် အရိုးတို့ အစုအပုံ ဖြစ်လျှက်၊ အမှုန့်မှုန့် ဆွေးမြည့်ကုန်သော အရိုးတို့ကို မြင်သော် မိမိ၏ ကိုယ်ခန္ဓာသည်လည်း ဤအရိုးမှုန့်များ ကဲ့သို့ပင် ဆွေးမြည့်၍ အမှုန့်မှုန့် ဖြစ်ခြင်းသဘောကို မလွန်ဆန်နိုင်ပါတကားဟု နိုင်းဆ ဆင်ခြင် ရှုမှတ်ရမည်။ဤသို့ဖြင့် မိမိ၏ ရုပ်အပေါင်းအား ဆွေးမြည့်ကာ အမှုန့်မှုန့် ဖြစ်သော အရိုးစု ဖြစ်မည့် ရုပ်အပေါင်းမျှသာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိသည်ကို အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ရုပ်အပေါင်းကို ရုပ်အပေါင်းသာလျှင် ဖြစ်သည် ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ရုပ်ကို၊ ရုပ်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။ ဝေဒနာ နုပဿနာ ရဟန်းသည် ခံစားမှု ဝေဒနာတို့ကို၊ ခံစားမှု ဝေဒနာမျှသာဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။ သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် ချမ်းသာသော ဝေဒနာတို့ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာသော ဝေဒနာကို ခံစားရသည်ဟု သိ၏ ဆင်းရဲသော ဝေဒနာတို့ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲသော ဝေဒနာကို ခံစားရသည်ဟု သိ၏မဆင်းရဲ၊ မချမ်းသာ (မဆိုးမကောင်း) ခံစားရလျှင်လည်း (ခံစားဆဲ ခံစားခိုက်၌) မဆင်းရဲ၊ မချမ်းသာသော ဝေဒနာကို ခံစားရသည်ဟု သိ၏ ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ချမ်းသာမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် မဆက်စပ်သော ချမ်းသာမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ချမ်းသာမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ဆင်းရဲမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် မဆက်စပ်သော ဆင်ရဲမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲမှုကို ခံစားရသည်ဟု သိ၏။ ခန္ဓာနှင့် ဆက်စပ်လျှက်ဖြစ်သော ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရသည်ဟု သိ၏ ခန္ဓာနှင့် မဆက်စပ်သော ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှု ကို ခံစားရလျှင်လည်း၊ (ခံစားဆဲ ခံစားခိုက်၌) ဆင်းရဲခြင်းလည်းမဟုတ်၊ ဝမ်းသာခြင်းလည်းမဟုတ်သော ခံစားမှုကို ခံစားရသည်ဟု သိ၏ ဤသို့ဖြင့် မိမိ၏ ခံစားမှု ဝေဒနာတို့ကို ခံစားမှု သက်သက်မျှသာဟု သိလျှက် နေ၏။ ခံစားမှု ဝေဒနာတို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ခံစားမှု ဝေဒနာတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ခံစားမှု ဝေဒနာတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် ခံစားမှု ဝေဒနာတို့သည် ခံစားတတ်သော သဘောမျှသာ ရှိသည်၊ ခံစားနေသော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ခံစားမှု ဝေဒနာအပေါင်းသည် ခံစားတတ်သော သဘောမျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ခံစားမှု ဝေဒနာတို့ကို၊ ခံစားမှု သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။ စိတ္တာနုပဿနာ ရဟန်းသည် ကြံသိမှု စိတ်တို့ကို၊ ကြံသိတတ်သော စိတ်သဘောမျှသာဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။ သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် တပ်မက်တတ်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တပ်မက်တတ်သော စိတ်သဘောမျှသာဟု သိ၏ အမျက်ထွက်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ အမျက်ထွက်တတ်သော စိတ်သဘောမျှသာဟု သိ၏ တွေဝေသော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တွေဝေတတ်သော စိတ်သဘောမျှသာဟု သိ၏ ပျင်းရိသော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ပျင်းရိတတ်သော စိတ်သဘောမျှသာဟု သိ၏ ပျံ့လွန့်သော စိတ်ကိုလည်း၊ ပျံ့လွန့်သော စိတ်သဘောမျှသာဟု သိ၏ တည်ကြည်သော စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ တည်ကြည်သော စိတ်သဘောမျှသာဟု သိ၏ ကိလေသာမှ လွတ်ကင်းသော ဝိမုတ္တိ စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ကိလေသာမှ လွတ်ကင်းသော ဝိမုတ္တိ စိတ်သဘောမျှသာဟု သိ၏ ကိလေသာမှ လွတ်မြောက်သော မဂ္ဂ စိတ်ဖြစ်ပေါ်လာလျှင်လည်း၊ ကိလေသာမှ လွတ်မြောက်သော မဂ္ဂ စိတ်သဘောမျှသာဟု သိ၏ ဤသို့ဖြင့် မိမိ၏ ကြံသိမှု စိတ်တို့ကို၊ ကြံသိတတ်သော စိတ်သဘောမျှသာဟု သိလျှက် နေ၏။ ကြံသိမှု စိတ်တို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ကြံသိမှု စိတ်တို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ကြံသိမှု စိတ်၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် ကြံသိတတ်သော စိတ်သဘောတို့သာ ရှိသည်၊ ကြံစဉ်တွေးတောတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ကြံသိမှု စိတ်သဘောတို့ကို၊ ကြံသိတတ်သော စိတ်သဘော သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ကြံသိမှု စိတ်တို့ကို၊ ကြံသိတတ်သော စိတ်သဘော သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။ ဓမ္မာ နုပဿနာ ရဟန်းသည် မိမိသန္တာန်တွင် ထင်သော ရုပ်နာမ် သဘောတရာများကိုလည်း၊ ရုပ်နာမ်သဘောမျှသာဟု မည်ကဲ့သို့ ရှုမှတ်၍ နေပါသနည်း။ နီဝရဏ ငါးပါး ရှုမှတ်ပုံ သတိပဋ္ဌာန်တရား အားထုတ်လျှက်ရှိသော ရဟန်းသည် မိမိသန္တာန်တွင် ဖြစ်ပေါ်လာသော နီဝရဏ တရားများ (တရားထိုင်နေစဉ် တွေ့ရသော အဖျက်တရားများ) အား၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်၍ နေရမည်။ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ အားထုတ်နေသော ရဟန်းသည် မိမိသန္တန်တွင် ကာမစ္ဆန္ဒစိတ် ရှိလျှင်လည်း၊ ကာမစ္ဆန္ဒစိတ် ရှိသည်ကို သိ၏ ကာမစ္ဆန္ဒစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ကာမစ္ဆန္ဒစိတ်သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစိတ်သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ကာမစ္ဆန္ဒစိတ်သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ဗျာပါဒစိတ် ရှိလျှင်လည်း၊ ဗျာပါဒစိတ် ရှိသည်ကို သိ၏ ဗျာပါဒစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ဗျာပါဒစိတ်သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ဗျာပါဒစိတ်သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ဗျာပါဒစိတ်သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ထိနမိဒ္ဓစိတ် ရှိလျှင်လည်း၊ ထိနမိဒ္ဓစိတ် ရှိသည်ကို သိ၏ ထိနမိဒ္ဓစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ထိနမိဒ္ဓစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ထိနမိဒ္ဓစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ထိနမိဒ္ဓစိတ် သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် ရှိလျှင်လည်း၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် ရှိသည်ကို သိ၏ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ဥဒ္ဓစ္စနှင့် ကုက္ကုစ္စစိတ် သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ ရဟန်းသည် မိမိသန္တန်တွင် ဝိစိကိစ္ဆာစိတ် ရှိလျှင်လည်း၊ ဝိစိကိစ္ဆာစိတ် ရှိသည်ကို သိ၏ ဝိစိကိစ္ဆာစိတ် မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ မူလက မရှိသေးသော ဝိစိကိစ္ဆာစိတ် သည်၊ ယခု အသစ်ဖြစ်ပေါ်လာခြင်းကိုလည်း သိ၏ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာစိတ် သည် ပြန်လည် ချုပ်ငြိမ်းသွားသည်ကိုလည်း သိ၏ ချုပ်ငြိမ်းသွားသော ဝိစိကိစ္ဆာစိတ် သည် မိမိသန္တန်တွင် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏ နီဝရဏတရားတို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ နီဝရဏတရားတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ နီဝရဏတရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော နီဝရဏတရားသဘောတို့သာ ရှိသည်၊ ထိုတရားတို့ကို ကြံစဉ်တွေးတောတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရာများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် နီဝရဏ တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ကာမစ္ဆန္ဒ - လိုချင်တပ်မက်ခြင်း ဗျာပါဒ - အလိုမကျ၊ စိတ်ဆင်းရဲခြင်း ထိနမိဒ္ဓ - တွေဝေ ငိုက်မျည်းခြင်း ဥဒ္ဓစ္စ၊ ကုက္ကုစ္စစိတ် - နောင်တ၊ နှလုံးမသာယာခြင်း ဝိစိကိစ္ဆာ - မဝေခွဲနိုင်ခြင်း ခန္ဓာငါးပါး ရှုမှတ်ပုံ အခြားရှုပုံ တနည်းကား၊ ရဟန်းသည် ခန္ဓာငါးပါး တရားတို့အားလည်း၊ ငါ၊ အသက်ကောင် မဟုတ်သော တရားမျှသာဟု ရှုမှတ်လျှက်နေ၏ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ တရားအားထုတ်သော ရဟန်းသည် ဤကား ရုပ်ပေတည်း၊ ဤကား ရုပ်၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား ရုပ်၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား ခံစားမှု ဝေဒနာတို့ ပေတည်း၊ ဤကား ခံစားမှု ဝေဒနာ၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား ခံစားမှု ဝေဒနာ၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား မှတ်သားအဓိပ္ပာယ်ဖော်တတ်သော သညာ သဘောတရားတို့ ပေတည်း၊ ဤကား သညာ၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား သညာ၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား စဉ်းစားတတ်သော သင်္ခါရ သဘောတရားတို့ ပေတည်း၊ ဤကား သင်္ခါရ၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား သင်္ခါရ၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ တဖန် ဤကား သိတတ်သော ဝိညာဉ် သဘောတရားတို့ ပေတည်း၊ ဤကား ဝိညာဉ်၏ ဖြစ်ခြင်းသဘောနှင့် ဖြစ်ကြောင်းတရားပေတည်း၊ ဤကား ဝိညာဉ်၏ ပျက်ခြင်းသဘောနှင့် ပျက်ကြောင်းတရားပေတည်း ဟုသိလျှက် နေ၏။ မိမိသန္တာန်တွက် ဖြစ်ပေါ်သော ခန္ဓာငါးပါး တရားတို့၏ ဖြစ်ပေါ်လာသော အကြောင်းကိုလည်း သိ၏ ခန္ဓာငါးပါး တရားတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ခန္ဓာငါးပါး တရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော ခန္ဓာငါးပါး တရားသဘောတို့သာ ရှိသည်၊ ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရာများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ခန္ဓာငါးပါး တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ အာရုံခြောက်ပါး ရှုမှတ်ပုံ အခြားရှုပုံ တနည်းကား၊ ရဟန်းသည် မိမိသန္တာန်တွင် ဖြစ်ပေါ်သော အာရုံခြောက်ပါး တရားတို့အား၊ ငါ၊ အသက်ကောင် မဟုတ်ဟု ရှုမှတ်လျှက် နေ၏ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ တရားအားထုတ်သော ရဟန်းသည် မိမိ၏ သန္တာန်တွင် မျက်စိကိုလည်း သိ၏ အဆင်းကိုလည်း သိ၏ မျက်စိနှင့် အဆင်း ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် နားရုပ်ကိုလည်း သိ၏ အသံကိုလည်း သိ၏ နားနှင့် အသံ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် နှာခေါင်းရုပ်ကိုလည်း သိ၏ အနံ့ကိုလည်း သိ၏ နှာခေါင်းနှင့် အနံ့ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် လျှာရုပ်ကိုလည်း သိ၏ အရသာကိုလည်း သိ၏ လျှာနှင့် အရသာ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် အတွေ့ကိုယ်ရုပ်ကိုလည်း သိ၏ အထိအတွေ့ကိုလည်း သိ၏ ကိုယ်နှင့် အထိအတွေ့ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန် မိမိ၏ သန္တာန်တွင် စဉ်းစားသောစိတ်ကိုလည်း သိ၏ အာရုံကိုလည်း သိ၏ စိတ်နှင့် အာရုံ ထိတွေ့သောအခါ စွဲမှီ၍ဖြစ်ပေါ်လာသော တပ်မက်မှု သံယောဇဉ်ကိုလည်း သိ၏ ထိုတပ်မက်မှု သံယောဇဉ်သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ အာရုံခြောက်ပါး၌ စွဲမှီဖြစ်ပေါ်လာသော သံယောဇဉ်၏ စွဲမှီဖြစ်ပေါ်လာသောအကြောင်းကိုလည်း သိ၏ အာရုံတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ အာရုံခြောက်ပါး သဘောတရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော အာရုံခြောက်ပါး သဘောတရားတို့သာ ရှိသည်၊ ထိုတရားတို့ကို သိရှိခံစားတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရားများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် အာရုံခြောက်ပါးတရားတို့၌ ဖြစ်ပေါ်သော တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ ဗော ဇ္ဈင် ခုနစ်ပါး ရှုမှတ်ပုံ အခြားရှုပုံ တနည်းကား၊ တရားအားထုတ်လျှက်ရှိသော ရဟန်းသည် မိမိသန္တာန်တွင် ဖြစ်ပေါ်သော ဗော ဇ္ဈင် ခုနစ်ပါး တရားတို့အား (တရားအားထုတ်ရာတွင် အထောက်အပန့် ပေးသော တရားများ)၊ ငါ၊ အသက်ကောင် မဟုတ်ဟု ရှုမှတ်လျှက် နေ၏ မည်သို့ ရှုမှတ်နေသနည်း ဆိုလျှင်၊ တရားအားထုတ်နေသော ရဟန်းသည် မိမိ သန္တာန်တွင် သတိရှိလျှင်လည်း၊ သတိရှိသည်ကို သိ၏ သတိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထိုသတိသည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဝိစယ ရှိလျှင်လည်း၊ ဝိစယ ရှိသည်ကို သိ၏ ဝိစယ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဝိစယ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဝီရိယ ရှိလျှင်လည်း၊ ဝီရိယ ရှိသည်ကို သိ၏ ဝီရိယ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဝီရိယ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ပီတိ ရှိလျှင်လည်း၊ ပီတိ ရှိသည်ကို သိ၏ ပီတိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ပီတိ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ပဿဒ္ဓိ ရှိလျှင်လည်း၊ ပဿဒ္ဓိ ရှိသည်ကို သိ၏ ပဿဒ္ဓိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ပဿဒ္ဓိ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် သမာဓိ ရှိလျှင်လည်း၊ သမာဓိ ရှိသည်ကို သိ၏ သမာဓိ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို သမာဓိ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဥပေက္ခာ ရှိလျှင်လည်း၊ ဥပေက္ခာ ရှိသည်ကို သိ၏ ဥပေက္ခာ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဥပေက္ခာ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ တဖန်၊ မိမိ သန္တာန်တွင် ဥပေက္ခာ ရှိလျှင်လည်း၊ ဥပေက္ခာ ရှိသည်ကို သိ၏ ဥပေက္ခာ မရှိတော့လျှင်လည်း၊ မရှိတော့သည်ကို သိ၏ ထို ဥပေက္ခာ သည် အသစ်ဖြစ်ပေါ်လာခြင်းကို သိ၏ ဖြစ်ပြီးနောက် ပြန်၍ ပျက်သွားသည်ကိုလည်း သိ၏ ပျက်သွားပြီးနောက် နောင်အခါ မရှိတော့သည်ကိုလည်း သိ၏။ ဗော ဇ္ဈင် ခုနစ်ပါး တရားတို့ မိမိ သန္တာန်တွင် စွဲမှီဖြစ်ပေါ်လာသောအကြောင်းကိုလည်း သိ၏ ဗော ဇ္ဈင် ခုနစ်ပါး တရားတို့ ဖြစ်ပေါ်လာပြီးနောက် ပြန်၍ ပျောက်ကွယ်သွားသော ပျက်မှုအကြောင်းကိုလည်း သိ၏ ဗော ဇ္ဈင် ခုနစ်ပါး သဘောတရားတို့၏ ဖြစ်မှုသဘောနှင့် ပျက်မှုသဘောကို ဆင်ခြင်ရှုမှတ်လျှက် သိ၏။ မည်သို့ သိရမည်ဆိုလျှင် မိမိသန္တန်တွင် ထင်မှတ်သော ဗော ဇ္ဈင် ခုနစ်ပါး သဘောတရားတို့သာ ရှိသည်၊ ထိုတရားတို့ကို သိရှိခံစားတတ်သော ငါ၊ အသက်ကောင် ဟူ၍မရှိဟု ထိုရဟန်း၏ ဉာဏ်တွင် ရှေးရှုထင်၏ ထိုသို့ထင်သော အသိဉာဏ်ကို တိုးပွားစေလျှက် အဖန်ဖန် ရှုမှတ်၍ နှလုံးသွင်း နေရမည်။ ထိုသို့ ရှုမှတ် နှလုံးသွင်းနေခြင်းကို ရုပ်နာမ် သဘောတရားများကို၊ ရုပ်နာမ်သဘောမျှသာဟု ရှုမှတ်နေသည် ဟုခေါ်ပေသည်။ ထိုသို့ရူမှတ်နေသော ရဟန်းတွင် “ငါ၏အရာ၊ ငါ့ဟာ” ဟု စွဲလမ်းမှုလဲ မဖြစ်၊ (ငါအသက်ကောင် မဟုတ်သည်ကို၊ ငါအသက်ကောင်ဟူ၍) အမြင်မှားလဲ မရှိတော့ပေ။ လောကတွင် ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရားများကို ငါ၊ ငါကောင်၊ ငါ့ ဥစ္စာဟု တဏှာဒိဋ္ဌိဖြင့် မစွဲလမ်းတော့ပေ။ ဤနည်းဖြင့် မှတ်ရူနေသော ရဟန်းသည် ဗော ဇ္ဈင် ခုနစ်ပါး တရားတို့ကို၊ ဖြစ်ပေါ်သော ရုပ်နာမ်သဘောတရား သက်သက်မျှသာ ရှိသည်၊ ဟုသာ ရှုမြင်လျှက် ငြိမ်းချမ်းစွာ နေပေ၏။ သတိ - သတိရှိခြင်း သဘော။ ဝိစယ - စူးစမ်း ဆင်ခြင်ခြင်း သဘော။ ဝီရိယ - ကျိုးစား အားထုတ်ခြင်း သဘော။ ပီတိ - ပီတိဖြစ်ခြင်း သဘော။ ပဿဒ္ဓိ - ငြိမ်းချမ်းခြင်း သဘော။ သမာဓိ - စိတ်ငြိမ်ခြင်း သဘော။ ဥပေက္ခာ - အညီအမျှ သဘောထားနိုင်ခြင်း သဘော။ ဤသို့ ရှုမှတ်လျှက်ရှိသော ရဟန်းသည် မိမိ၏ ရုပ်နာမ်တရားတို့အား၊ ရုပ်နာမ်တရား သက်သက်မျှသာ ဟူ၍ရှုမြင်လျှက် ရှိသည်ဟု ခေါ်ပေ၏။ အကြင် ပုဂ္ဂိုလ် တဦးတယောက်သည် ဤ သတိပဋ္ဌာန် တရား ၄ ပါးအား ခုနှစ် နှစ်ပတ်လုံး ပွားများသည် ဖြစ်အံ့။ ဤပွားများသော ပဂ္ဂိုလ်သည် မျက်မှောက်၌ပင် အရဟတ္တဖြစ်စေ၊ အကြောင်းမညီညွတ်သည် ရှိသော် အနာဂါမ်ဖြစ်စေ၊ တစ်ပါးပါးသော ဖိုလ်ကို ရမည်မှာ မချွတ်ဧကန် ပင်ဖြစ်သည်ဟု ယုံကြည်အားထား နိုင်ပေ၏ ခုနှစ်နှစ် ဆိုသည်ကိုပင်ထားစေအုံး၊ ခြောက်နှစ်မှ ခုနှစ်ရက် အတွင်း၌ပင် အရဟတ္တဖြစ်စေ၊ အကြောင်းမညီညွတ်သည် ရှိသော် အနာဂါမ်ဖြစ်စေ၊ တစ်ပါးပါးသော ဖိုလ်ကို ရမည်မှာ မချွတ်ဧကန် ပင်ဖြစ်သည်ဟု ယုံကြည်အားထား နိုင်ပေ၏ ဒေသနာ နိဂုံး ဤ မဟာသတိပဋ္ဌာနသုတ် ဒေသနာတော်ကို ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော် မူခဲ့လေသတည်း။ ထိုစဉ်အခါက တရားနာယူလျှက်ရှိသော ရဟန်းတို့သည် မြတ်စွာဘုရား၏ ဒေသနာတော်တွင် ဝမ်းမြောက်ရွင်ပျ၊ သာဓုခေါ်လျှက် နှစ်သက်အားရ သဘောကျ ကုန်လေသတည်း။ ဤတွင် မဟာသတိပဋ္ဌာနသုတ် ပြီး၏။ ။
ဝေဘူဆရာတော်ဘုရားကြီးဆုံးမစာ
အချိန်……..တစ်ခု
အလုပ်…....…နှစ်ခု
အကျိုး…….များစွာ
ရုပ်နဲ့နာမ်ကိုမတွေ့ချင်ပေါင်ဆိုပြီး ရှော်
လို့တိမ်းလို့များရပါ့မလား။ထွက်လေ၀င်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိရှိနေတာ။
ဘုရားဆုံးမတဲ့အတိုင်း ရုပ်ပေါ် နာမ်ပေါ်ထားရတာ ပင်ပန်း သလား၊ ပိုက်ဆံကော ကုန်သလား၊ ငှားရ ချေးရသေးသလား။ အချိန်ကော ကုန်သလား။ တစ်ပါးသူကော သိသလား။ ထားတာက ၀ီရိယ၊ ထားတဲ့အတိုင်း နေတာ ၀ီရိယဒ္ဓိပါဒ်၊ အခုထား အခုနေ အခုပစ္စုပ္ပန် ချမ်းသာ။ ဒီချမ်းသာ ဆိုက်လောတော့ ၀ီရိယ အရှင်သခင်သိတယ်။ သူများသွားမေးစရာမလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား။ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီသူတော်ကောင်းထံမှ ချမ်းသာကို ယူမယ်ဆိုပြီး အနိုင်ထက်လုယူလို့ကော ရနိုင်ပါ့မလား။ မြင့်မြတ်လိုက်တာဗျာ။ဘယ်ဣ ရိယာပုတ်နဲ့မှ ဖြစ်တာ ၊ ဘယ်ဣ ရိယာပုတ်နဲ့တော့ မဖြစ်ဘူးလို့ကော ရှိရဲ့လား။ နေရာကော ရွေးရဦးမှာလား၊ ကိုယ်တစ်ယောက်တည်း နေရင်းကော၊ စေတီရင်ပြင် ဗောဓိရင်ပြင်မှာ နေရင်းကော ၊သားတွေ သမီးတွေ မြေးတွေနဲ့ နေရင်းကော ရပါသဗျာ။ အဲ…ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်မှန်းထားတဲ့ အလုပ်လဲ လုပ်နေရမှာပဲ။ ဒါပေမဲ့ ဘုရားက အဲဒါ အလုပ်မခေါ်ဘူး။ ဒါမှအလုပ်တဲ့။ အဲသလို လုပ်ရင်းကော ဆောင်လို့မရဘူးလား။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခု ပြီးပါသဗျာ။ ဒီဟာကို ဆောင်ရင်းနဲ့ လုပ်တော့ ပိုပြီး အလုပ်ပြီးလွယ် တယ်။ အကျိုးပိုများတယ် မဟုတ်လား။ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန် နားချိန်မျှ မထားဘဲ တစ်ဆက်ထဲ ဆောင်ထားကြတော့တာပဲ။ ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး (ဆုံးမတော် မူလေ့ရှိသော ဩ၀ါဒတရားမှတ်စု)
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥာဏ်စဉ်(၁၆)ပါး ဘုရားရှိခိုး
၁။ နာမရူပံ-ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ၊
တံ သမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။
၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထမုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေကံ။
၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊
ဉာဏိမေ သေဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။
(၁)နာမရူပံ ပရိစ္ဆေဒံ = နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။
(၂) တပ္ပစ္စယပရိဂ္ဂဟံ = ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။
(၃) တံ သမ္မသနံ = ထို နာမ်ရုပ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ် ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း။
(၄) ဥဒယဗ္ဗယ ဉာဏဉ္စ = နာမ်ရုပ်တို့၏ အသစ်ဖြစ်ပေါ်လာခြင်း၊ ဖြစ်ပေါ်ပြီးလျှင် တခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း။
(၅) ဘင်္ဂဂံ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း။
(၆) ဘယဉာဏဉ္စ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကို သိမြင်သဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း။
(၇) အာဒီနဝဉာဏဉ္စ = နာမ်ရုပ်သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း။
(၈) နိဗ္ဗိဒံ = နာမ်ရုပ်သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်းကောင်း။
(၉) မုဉ္စိတုကမျတံ = နာမ်ရုပ်သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်လည်းကောင်း။(၁၀) ပဋိသင်္ခံ = အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင် အနိစ္စစသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင်အားထုတ်၍ အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။
(၁၁) သင်္ခါရုပေက္ခကံ = အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်း မပြု၊ ထိုရုပ်နာမ်သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါးကိုလည်း ပယ်စွန့်၍ သိရုံ သိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခာဉာဏ်လည်းကောင်း။
(၁၂) အနုလောမဉ္စ = အနိစ္စ, ဒုက္ခ, အနတ္တတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်ရှစ်ပါးနောက် မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့၌ နှစ်ကြိမ်, သုံးကြိမ်ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။
(၁၃) ဂေါတြဘုံ = ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယအနွယ်ဇာတ်သို့ ရောက်စေလျက် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်၏ ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူဉာဏ်လည်းကောင်း။
(၁၄) မဂ္ဂညာဏံ = နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာလေးပါးကို တပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း။
(၁၅) ဖလံ = မဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ်လည်းကောင်း။ တထာ = ထိုမှတပါး
(၁၆) ပစ္စဝေက္ခဏဉာဏံ = မဂ်ဖိုလ်နိဗ္ဗာန်ပယ်ပြီးသော ကိလေသာ၊ မပယ်ရသေးသော ကိလေသာအားဖြင့် ပြန်လှည့်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း။
ဣတိ = ဤသို့၊
တိလောကမှိ = ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြာဝဠာရှိသမျှ အနန္တမဆုံး လောကကြီး တစ်ခုလုံး၌။
ကေနစိပိ = နတ်, လူ, ဗြဟ္မာ သတ္တဝါတစ်ဦးတစ်ယောက်မျှသော်လည်း။
အဒေသိယေ = မကြား,မနာ ကြံစည်ကာဖြင့် အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော။
သာသနိကေ = ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွင်း၌သာလျှင် ပေါ်လင်းဖြစ်ထွန်းနိုင်ကောင်းကုန်သော။
ဥတ္တရေ = လောကီပညာအရပ်ရပ်တို့ထက် ထူးကဲမြင့်မြတ်ကုန်သော။
ဣတိ သောဠသဉာဏေ = ဤ ၁၆-ပါးသော ဉာဏ်တို့ကို။
ဒေသေတာရံ = မိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်တကယ် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်သော။
ပဝတ္တာရံ = မိမိကိုယ်တော်တိုင် ပိုင်နိုင်ပြီးစီးစေပြီးမှ ခိုမှီကပ်လာ ဗြဟ္မာနတ်လူ ကျွတ်ထိုက်သူ မှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သောစိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေထသော။
ဗုဒ္ဓံ = သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို။
အဟံ = တပည့်တော်သည်။
တီဟိ = ကာယညွတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်။
အာဒရံ = ရိုသေစွာ။
နမေနမာမိ = ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြာ့း ပေးပါရန် တောင်းဆိုအပ်ပါသည်။
ဝိပဿ      နာရှူ့ခြင်း၏ အကျိုးနှင့်အကျင့်လမ်းစဉ်ကိုဆင်ခြင်ခြင်း
အားထုတ်ဖို့ လုပ်ငန်းကတော့ မြင်တိုင်း မြင်တိုင်း မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားကလေးတွေကို ရှုရုံမှတ်ရုံပါပဲ၊ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ် ရမယ်၊ (ရှုတယ် မှတ်တယ်ဆိုတာ သေသေချာချာသိအောင်လို့ အသိနဲ့ စူးစိုက်ပြီး
နှလုံးသွင်းလိုက်တာကို ခေါ်တာပါပဲ) ဒါကြောင့် မြင်ရင် မြင်တယ်လို့ ရှုမှတ်လိုက်ရင် တစ်ခါတစ်ရံမှာ မြင်ရတဲ့ အဆင်းကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်တဲ့စိတ်ကလေးကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်ရာဌာန မျက်စိရုပ်ကလေးကို ရှုမှတ်ပြီးတော့ ဒီကနေပြီး မြင်သွားတာပါကလားလို့ သိသွားတယ်၊ ဘယ်ဟာပဲ မှတ်မိသည်ဖြစ်စေ တစ်ခုခုမှတ်မိလို့ တစ်ခုခုသိလာရင် ပြီးတာပဲ၊ တစ်ခုခုမသိဘူး ဆိုရင်တော့ အဲဒီမြင်မှုကို အကြောင်း ပုဂ္ဂိုလ် သတ္တ၀ါ ငါကောင်လို့ ထင်မှတ်စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိဖြစ်လာမှာ၊ နိစ္စ သုခ အတ္တ ကိလေသာ အစွဲတွေ ဖြစ်လာမှာ၊ ဒီလို ကိလေသာ အစွဲက ကံတွေဖြစ်၊ ကံကအကျိုးပေးတော့ ဘ၀သစ်တွေဖြစ်ခဲ့၊ ဒီနည်းဖြင့် ပဋိစ္စသမုပ္ပာဒ် စက်လည်ပြီးတော့ သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေတာ၊ ဒါကြောင့် ဒီလို သံသရာဝဋ်ဆင်းရဲတွေ တစ်ဝဲလည်လည်ဖြစ်ပြီး မနေရအောင်ဟာ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုရ မှတ်ရမယ်။ ကြားခိုက်စသည်မှာလည်း အတူတူပဲ၊ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ကြားတယ်ဆိုတာ နားရုပ်ကိုမှီပြီးတော့ ကြားသိမှုကလေး ဖြစ်သွားတာပဲ၊ နားကလည်းရုပ်၊ ကြားတာက လည်း ရုပ်၊ ကြားသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ အဲဒါကို လည်း သိအောင် ကြားတိုင်း ကြားတယ် ကြားတယ်လို့ မှတ်ရမယ်။ နှာခေါင်းအနံ့ကို နံတိုင်းလည်း နံတယ် နံတယ် လို့ မှတ်ရမယ်။ လျှာက အရသာကို စားသိတိုင်း သိတယ် သိတယ်လို့ မှတ်ရမယ်။ ကိုယ်ကတွေ့ထိတိုင်းလည်း အဲဒီ တွေ့ထိတာကလေးတွေကို လိုက်ပြီးမှတ်ရမယ်၊ တစ်ကိုယ်လုံးမှာ အသွေးအသား စိုနေတဲ့ နေရာတိုင်း နေရာတိုင်းက အတွေ့အထိကို လက်ခံဖမ်းဆီးနိုင်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အဲဒါကို ကာယပသာဒ- ကိုယ် အကြည်ရုပ်လို့ ခေါ်တယ်၊ အကောင်းအဆိုး၊ အတွေ့အထိဟူသမျှဟာ အဲဒီ ကိုယ်အကြည် ရုပ်ပေါ်မှာချည်း တိုက်ခိုက်လာတယ်၊ ဒီလို တိုက်ခိုက်လာတဲ့ အကောင်းအဆိုး အတွေ့အထိတွေကို ကာယ၀ိညာဉ်ခေါ်တဲ့ စိတ်က တွေ့ထိပြီး သိသိသွားတယ်၊ ဒါကြောင့် တွေ့ထိခိုက်မှာ ကိုယ်အကြည်ကလည်းရုပ်၊ တွေ့ထိရတာတွေကလည်းရုပ်၊ ထိသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ်နှစ်ပါး ပဲရှိတယ်၊ အဲဒါတွေကိုလည်းသိအောင် ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့မှတ်ရမယ်၊ ဒါက သာမန် အတွေ့အထိကို မှတ်ပုံပဲ။
ထူးတဲ့ အတွေ့အထိတွေကလည်း ရှိသေးတယ်၊ ဒုက္ခဝေဒနာတွေနဲ့ တွဲပြီးတော့ ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် ကိုက်ခဲတယ် စသည်ဖြင့် အများကြီးပဲ၊ အဲဒီ အတွေ့အထိတွေမှာတော့ ဝေဒနာတွေ ထင်ရှားနေလို့ ဝေဒနာကိုပဲ ခေါင်းတပ်ပြီးတော့ ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်လို့ မှတ်ရမယ်၊ ပူရင်လည်း ပူတယ် ပူတယ်၊ နာရင်လည်း နာတယ်ç နာတယ် စသည်ဖြင့် သူဖြစ်တဲ့အတိုင်းပဲမှတ်ရမယ်။ လက်ကလေး၊ ခြေကလေးတွေ ကွေးလိုက် ဆန့်လိုက်çလှုပ်ရှား ပြင်လိုက်လို့်လည်း လက်ထဲခြေထဲက အတွေ့ အထိတွေ ထင်ရှားဖြစ်သွားတာပဲ၊ ကွေးချင်ç ဆန့်ချင်တဲ့စိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ် လှုပ်ရှားရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာ ဒါကလေးတွေကို ယခုတော့ မသိနိုင်သေးဘူး၊ တော်တော်ကြာမှ သိမှာ၊ ယခုပြောနေတာကတော့ သုတမယဖြစ်အောင်လို့ စောစောက ဝကိတင်ပြီးပြောနေတာ၊ အားလုံးလှုပ်ရှား ဉပပြင်မှုတွေဟာ ဒီစိတ်ကလေးတွေနဲ့ချည်းလုပ်နေတာပဲ၊ ကွေးမယ် ဆန့်မယ် လှုပ်မယ်ကြံတဲ့ စိတ်ကလေးတွေကြောင့် ဒီရုပ်ကလေးတွေက တစ်ဆင့် ချင်းတစ်ဆင့်ချင်း၊ တစ်ရွေ့ချင်း တစ်ရွေ့ချင်း ဖြစ်နေတယ်၊ ဖြစ်ပြီးတော့လည်း သူဖြစ်ရာမှာပဲ ပျောက်ပျက်ပြီးသွားတယ်၊ အဲဒါကလေးတွေကို တော်တော်ကြာတော့ ကိုယ်တိုင်ပဲ တွေ့သွား ပါလိမ့်မယ်။ ကွေးတဲ့ဆန့်တဲ့အခါ ကွေးမယ် ဆန့်မယ်ကြံတဲ့ စိတ်ကလေးတွေက စပြီး ဖြစ်လာတယ်၊ အဲဒီ စိတ်ကလေး တွေကြောင့် လက်ထဲခြေထဲမှာ ကွေးရုပ် ဆန့်ရုပ်ကလေးတွေ တောင့်တင်းရုပ် လှုပ်ရှားရုပ်ကလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြစ်လာတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းလဲ သူတို့က လက်ထဲခြေထဲမှာရှိတဲ့ ကာယပသာဒခေါ် ကိုယ်အကြည်ရုပ်နဲ့ တိုက်ခိုက်တွေ့ထိပြီးတော့ ဖြစ်လာတယ်၊ ဒီတော့ ကာယ၀ိညာဉ်ခေါ်တဲ့ စိတ်အသိကလေးက တိုက်ရာထိရာမှာ ထိထိသွား တယ်၊ ဒါကြောင့် လက်တွေ ခြေတွေ တောင့်တင်းတာ လှုပ်ရှားတာတွေ ထင်ရှားနေတယ်၊ အဲဒီထင်ရှားတာတွေကို မရှုမိ မမှတ်မိလို့ရှိရင် ဘာဖြစ်သွားတုန်းဆိုတော့ကော ငါပဲ ငါကွေးတာနဲ့ ငါဆန့်တာပဲ ငါ့လက်ပဲ ငါ့ခြေပဲ စသည်ဖြင့် ပညတ်စွဲ ပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ အဲဒီလို ပညတ်အစွဲတွေ မရောက်အောင်လို့ ကွေးတိုင်းဆန့်တိုင်း လှုပ်ရှားတိုင်း ကွေးတယ် ဆန့်တယ် လှုပ်ရှားတယ် စသည်ဖြင့်ရှုမှတ် နေရတာပဲ။ ပြီးတော့ စိတ်ကူးကြံစည်တဲ့အခါမှာလည်း နှလုံးရုပ်ကို မှီပြီးတော့ စိတ်ကူးစဉ်းစားမှု ကြံသိမှုကလေးတွေ ဖြစ်လာတယ်၊ အကြမ်းအားဖြင့် ပြောရရင် ဒီရုပ်ကိုယ်ကြီးကို မှီပြီးတော့ဖြစ်နေတာပါပဲ၊ ဒါကြောင့် နှလုံးရုပ် ကိုယ်ရုပ်က ရုပ်တရား၊ စိတ်ကူးစဉ်းစားကြံသိနေတာက နာမ်တရားç ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ ဒီရုပ်နာမ်ကလေးတွေကိုလည်း သိအောင်လို့ စိတ်ကူးတိုင်း၊ စဉ်းစားတိုင်း ကြံစည်တိုင်း တ်ကူးတယ်၊ စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် မှတ်ရမယ်။
ယခုပြောခဲ့တဲ့အတိုင်း ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မပြတ်ရှုမှတ်နေရင် တော်တော်ကြာတော့ သမာဓိတွေ ထူးထူးခြားခြား ကောင်းလာတာကို တွေ့ရလိမ့်မယ်၊ စိတ်ကလေးဟာ ဘယ်မှမသွားတော့ပဲနဲ့ မှတ်ရာ မှတ်ရာ အာရုံကိုသာ စိုက်ကနဲ စိုက်ကနဲ ကပ်ကပ်ပြီး တည်နေတာကို တွေ့ရ လိမ့်မယ်၊ အဲဒီအခါမှာ အသိကလည်း ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နဲ့နာမ်ကလေး နှစ်ခုရှိနေတာကို ကိုယ်တိုင်တွေ့ရမယ်၊ မှတ်သိတာ ကလေးရယ်၊ မှတ်သိရတဲ့ အာရုံကလေးရယ်၊ ဒါကလေး နှစ်ခုတည်း တွဲလျက်ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရမယ်။ ဒီလို တွေ့ပြီးတဲ့နောက် ဆက်မှတ်နေရင် တော် တော်ကြာတော့ မြဲတည်နေတာရယ်လို့ကို မရှိတော့ဘူး၊ မှတ်တိုင်း မှတ်တိုင်း မမြဲတာချည်းပဲတွေ့ရတယ်။ အသစ်အသစ် ပေါ်လာလိုက် ဖြစ်ပေါ်လာတာကို ရှုမှတ်လိုက် အဲဒါက ပျောက်သွားလိုက် ပြီးတော့ နောက်တစ်ခုက ပေါ်လာလိုက်ç အဲဒါကိုရှုမှတ်လိုက်ç သူကလည်း ပျောက်သွားလိုက်နဲ့ ဒီလို ပေါ်ချည်ç ပျောက်ချည် တရား ချည်းပဲတွေ့ရတယ်၊ မြဲတည်နေတာရယ်လို့ မရှိတော့ဘူး၊ ဒီတော့ မှတ်တိုင်း မှတ်တိုင်းပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းပဲလို့ ဒီလို သဘောကျလာမယ်၊ အဲဒါဟာ အနိစ္စာနုပဿနတဲ့။ ပြီးတော့ ဖြစ်ချည် ပျက်ချည် ဆင်းရဲလို့ ဒီလိုလည်း သဘောကျလာမယ်၊ ဒါကတော့ ဒုက္ခာနုပဿနာပဲ၊ ပြီးတော့ ကိုယ်ထဲမှာ ညောင်းလိုက် ပူလိုက် နာကျင် ကိုက်ခဲ လိုက်နဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကိုလည်း အများကြီးပဲ တွေ့ရတယ်၊ အဲဒါတွေကို ရှုရတော့ တစ်ကိုယ်လုံးဟာ ဆင်းရဲ အစုအဝေးကြီးလိုဖြစ်ပြီးတော့ ထင်လာမယ်၊ ဒါလဲ ဒုက္ခာနုပဿနာပဲ။ ပြီးတော့ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တရားတွေကို ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူဖြစ်ချင်သလို ဖြစ်နေတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် အစိုးမရတဲ့တရား ငါကောင် သတ္တ၀ါကောင် မဟုတ်တဲ့ သဘောတရားတွေပဲ လို့လဲ သဘောကျလာ မယ်၊ ဒါကတော့ အနတ္တာနုပဿနာတဲ့။ ဒီအနိစ္စ ဒုက္ခ အနတ္တ အသိအမြင်တွေ ပြည့်စုံတဲ့ခါကျတော့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို တွေ့သွားမှာပဲ၊ ဒီလိုနိဗ္ဗာန်ကို တွေ့ပြီးတော့ တစ်မဂ်တစ်ဖိုလ် ရသွား တယ်ဆိုရင် အပါယ်လေးပါးက လုံးဝလွတ်မြောက်သွားတော့တာပဲ၊ အောက်ထစ်ဆုံးအားဖြင့် အဲဒီ တစ်မဂ်တစ်ဖိုလ်လောက်တော့ ပြည့်စုံသွားအောင် ယခုအားထုတ် ကြရမယ်။ 
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြားလိုပါလျှင် ဤနေရာလေးမှ ကျွန်တော်အား တိုက်ရိုက်ရေးသားပေးပို့ပေးပါရန် တောင်းဆိုအပ်ပါသည်။

Your Name


Your Email*


Your Message*



မှတ်တိုင်း မှတ်တိုင်း အာရုံနှင့် မှတ်စိတ်တို့ကို မကောင်းဘူးဟု အပြစ်မြင်သော အသိဥာဏ်သည်  အာဒီနဝဥာဏ် 
မည်၏။ထိုအခါ၌ မကောင်းတာတွေနှင့် မပြတ်တွေ့နေရသည်ဟု ထင်ရ၏။ ဘယ်လိုပင် အမှတ်အသိကောင်းနေသော်လည်း မှတ်ရတာ အရသာမရှိသကဲ့သို့ ထင်ရ၏။ မှတ်တိုင်း မှတ်တိုင်း
ခြောက်သွေ့သွေ့ဖြစ်လျက်၊ ပျင်းရိ ငြီးငွေ့ဘွယ်ဟု ထင်မြင်သော ဥာဏ်သည် နိဗ္ဗိဒါဥာဏ် မည်၏။ ထိုအခါ၌ ပျင်းရိသလိုလို၊ အားလျော့သလိုလို ဖြစ်နေတတ်၏။ သို့သော် မမှတ်ဘဲလဲ မနေနိုင်။ တကယ်ပျင်းရိသည်ကား မဟုတ်ပေ။ မှတ်ခိုက်မှာရော ဆင်ခြင်ခိုက်မှာရော ဒုက္ခလက္ခဏာ များစွာထင်လျက် ငြီးငွေ့ဘွယ်ကိုသာ တွေ့ရသောကြောင့် မှတ်ရသော အာရုံသင်္ခါရနှင့် မှတ်မှု ၀ိပဿနာ သင်္ခါရတို့ကို စွန့်လွှတ်လိုသော စိဖြစ်ပေါ်၏။ ထိုသင်္ခါရတို့မှ လွတ်မြောက်သာ လွတ်မြောက်လိုတော့၏။ မှတ်ခိုက် မှတ်ခိုက်မှာပင် အလိုလို ဖြစ်ပေါ်လာသော ဤစွန့်လိုမှု လွတ်မြောက်လိုမှုသည် မုဉ္စိတုမမျတာဥာဏ် မည်၏။ ထိုအခါ၌ တပျက်တည်း ပျက်နေသော အာရုံတွေနှင့် မှတ်သိမှုတွေ လုံးဝမရှိမှ ကောင်းမည် ဟူ၍လည်း ဆင်ခြင်မိတတ်၏။ သင်္ခါရ ငြိမ်းရာ နိဗ္ဗာန်ဆီသို့ ညွှတ်ကိုင်းခြင်းပေတည်း။ သင်္ခါရတို့မှ လွတ်မြောက်လိုသောကြောင့် မြန်မြန်ကြီး လွတ်မြောက်စေရန် အင်တိုက်အားတိုက် ကြိုးစား၍ မှတ်မြဲပင် တဖန် မှတ်ပြန်သော အခါ၌ တကိုယ်လုံးရှိ ရုပ်နာမ် အလုံးစုံကို အလွန်မခံသာသော ရောဂါ အစုအဝေးကြီးကဲ့သို့ လည်းကောင်း၊ ဒုက္ခတုံး ဒုက္ခခဲကြီးကဲ့သို့ လည်းကောင်း ထင်ရတတ်၏။ ကိုယ်လက်ခြေ က္ကရိယာပုထ်များကိုလည်း ကြာရှာစွာ ငြိမ်ငြိမ် မထားနိုင်ဘဲ ခဏခဏ ပြုပြင်လိုတတ်၏။ အမှတ်အသိမှာ တစ်ချက်မှတ် တစ်ခါပျောက်အားဖြင့် ကောင်းနေငြားသော်လည်း မကောင်းသေးဘူး ဟူ၍ ထင်လျက် အားမရနိုင်ဘဲ ရှိတတ်၏။ နောက်ပိုင်း၌ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို အထူးထင်ရှားစွာ တွေ့ရလျက် သွက်လက် လျင်မြန်စွာ အမှတ်ကောင်းနေတတ်၏။ ဤသို့ တဖန် ရှုမှတ်၍ အထူးသိမြင်သောဥာဏ်သည် ပဋိသင်္ခါမဥာဏ်မည်၏။ ထင်ပေါ်သမျှ ရုပ်နာမ်တို့ကို အထူးကြောင့်ကြ မစိုက်ရတော့ဘဲ သူ့အလိုလိုပင် မှတ်သိပြီး ဖြစ်လျက် အာရုံနှင့် မှတ်စိတ်တို့၏ အပျက်ကို လွယ်ကူ သိမ်မွေ့စွာ တဆက်တည်း တစဉ်တည်း အရှိန်မပျက် သိနေသော ဥာဏ်သည် သင်္ခါရုပေက္ခာဥာဏ် မည်၏။ ထိုအခါ၌ အာရုံထင်ပေါ်စေရန်လည်း ကြောင့်ကြမစိုက်ရပြီ။ မှတ်မိစေရန်လည်း ကြောင့်ကြ မစိုက်ရပြီ။ တမှတ်တမှတ်ဆုံးသွားလျှင် တဖန်မှတ်စရာ အာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိ၏။ ထိုအာရုံကို အလိုလိုပင် မှတ်သိမိလျက်ရှိ၏။ ကုန်ပျက်မှုကို တွေ့နေရသော်လည်း အာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိ၏။ ထိုအာရုံကို အလိုလိုပင် မှတ်သိမိလျက်ရှိ၏။ ကုန်ပျက်မှုကို တွေ့နေရသော်လည်း ရှေးကလို ကြောက်ခြင်း အပြစ်မြင်ခြင်း၊ ငြီးငွေ့ခြင်း လွတ်လိုခြင်း အားမရခြင်းများ မဖြစ်လာပြီ။ မခံသာမှု ဒုက္ခ ဝေဒနာကို တွေ့ရသော်လည်း စိတ်မချမ်းသာခြင်း မဖြစ်ပြီ။ များသောအားဖြင့်ကား ထိုအခါ၌ ဒုက္ခဝေဒနာများ လုံးဝကင်းငြိမ်းလျက်သာ ရှိတတ်ပေသည်။အာရုံကောင်းများကို တွေ့ရသော်လည်း ရှေးကလို အလွန်အကဲဝမ်းသာခြင်း မဖြစ်ပြီ။ အမှတ်အသိမှာ အလွန်ငြိမ်သက် သိမ်မွေ့စွာ ကောင်းနေသော်လည်း၊ ထိုအတွက် ရှေးကလို အလွန်အကဲ ၀မ်းသာခြင်း အားတက်ခြင်းများ မဖြစ်လာပြီး အာရုံနှင့် မှတ်သိမှုများအပေါ်၌ မချစ်မမုန်း ညီမျှစွာ ဖြစ်လျက်၊ အမှတ်မှာ သူ့အရှိန်နှင့်သူ သွားလျက် ရှိ၏။ မပြုပြင်ဘဲ မှတ်နေမည် ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက်၊ ကောင်းမြဲပင် ကောင်းနေ၏။ မပြုပြင်ဘဲ မှတ်နေမည်ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက် ကောင်းမြဲပင် ကောင်းနေ၏။ တစ်နေ့လုံး တစ်ညလုံးသော်လည်း မှတ်နေနိုင်မည်ဟု ထင်ရတတ်၏။ စိတ်ကို တခြားသို့ ပို့သော်လည်း ကြာရှာစွာမသွား။ မှတ်မှုသို့သာလျှင် ပြန်ပြန်ရောက်လာ၏။ ဒွါရ ၆ ပါးသို့ ဖြန့်၍ အာရုံများစွာကို မှတ်ရန် အားထုတ်သော်လည်း ဖြန့်၍မရဘဲ သူမှတ်နေကျ အာရုံများတွင်သာလျှင် မှတ်သိလျက် ဖြစ်နေတတ်၏။ သင်္ခါရုပေက္ခာဥာဏ် အားပြည့်လျှင် အချို့ပုဂ္ဂိုလ်မှာ မှတ်အပ်သော အာရုံနှင့် မှတ်သိမှုတို့၏ လျင်မြန်စွာ ကုန်ဆုံးသွားသော အားဖြင့် အနိစ္စ လက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက်၊ မှတ်သိမှုသည် အဟုန်ဖြင့် ပြေးလာသကဲ့သို့ တစ်ကြိမ်ထက် တစ်ကြိမ် အထူးလျင်မြန်စွာ ဖြစ်ပေါ်၏။ အချို့ပုဂ္ဂိုလ်မှာ မခံသာသော သဘော၊ မကောင်းသော သဘောအားဖြင့် ဒုက္ခ လက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်၏။။ အချို့ ပုဂ္ဂိုလ်မှာ ချစ်ဖွယ် မုန်းဖွယ် ကင်းမဲ့သည့် သဘောတရား အနေအားဖြင့် အနတ္တလက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်၏။ ၀ုဋ္ဌနဂါမိနီ ၀ိပဿနာ၏ အစ ခေါင်ထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာ ပေတည်း။ ဤထူးခြားသော အမှတ်အသိများ ၂ ကြိမ်၊ ၃ ကြိမ် စသည် ဖြစ်ပေါ်ပြီးလျှင် နောက်ဆုံး မှတ်သိမှု ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အာရုံနှင့် မှတ်သိမှု အလုံးစုံ တိကနဲ ပြတ်သွားသကဲ့သို့လည်းကောင်း၊ အကုန်လုံး မြှုပ်ကွယ်သွားသကဲ့သို့လည်းကောင်း သင်္ခါရ ချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံသို့ ဆိုက်ရောက် ပြေးဝင်သွား၏။ ဤသို့ဖြစ်ရာတွင် ထူးခြားသော နောက်ဆုံး အမှတ်အသိသည် အနုလောမဥာဏ်ပေည်၏။ ဥပက္ကိလေသကင်းပြီးသော ဥဒယဗ္ဗယဥာဏ်မှစ၍ ဤအနုလောမဥာဏ်တိုင်အောင် ၀ိပဿနာဥာဏ် ၉ ပါးသည် ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ မည်၏။ အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ်ချုပ်ငြိမ်းရာသို့ ရှေးဦးစွာ ကျရောက်သော အသိဥာဏ်သည် ဂေါတြဘူဥာဏ် မည်၏။ ထိုချုပ်ငြိမ်းမှုထဲ၌ ၀င်ရောက်နေရဘိသကဲ့သို့ မျက်မှောက်တွေ့လျက် တခဏမျှ တည်တံ့နေသော အလယ်ပိုင်းအသိဥာဏ်သည် မဂ်ဥာဏ်မည်၏။ ဥာဏဒဿန၀ိသုဒ္ဓိလည်း မည်၏။ ထိုချုပ်ငြိမ်းမှု၌ ဆက်လက်၍ တည်သော နောက်ဆုံးပိုင်း အသိဥာဏ်သည် ဖိုလ်ဥာဏ်မည်၏။ ဖိုလ်ဥာဏ်ပြီးဆုံးသွားလျှင် အိပ်ပျော်ရာမှ ဘွားကနဲ နိုးလာသကဲ့သို့လည်းကောင်း၊ ရေထဲ၌ ငုပ်နေရာမှ ဘွားကနဲ ရုတ်တရက်ပေါ်လာသကဲ့သို့လည်းကောင်း ရှုမှတ်ခဲ့ပုံနှင့် ချုပ်ငြိမ်းရာသို့ ရောက်သွားပုံများကို ပြန်လှည့်၍ ဆင်ခြင်မိ၏။ ဤဆင်ခြင်မှုသည် ပစ္စဝေက္ခဏာဥာဏ် ပေတည်း။ ထို့နောင် မှတ်မြဲတိုင်း ဆက်၍ မှတ်ပြန်လျှင် မှတ်သိရသော အာရုံများသည် ယခင် အမှတ်ကောင်းခါစကလိုပင် အထည်ဒြဗ်နှင့်တကွ ပီပီသသ ဖြစ်လျက် ထင်ပေါ်နေတတ်ကြ၏။ ဖြစ်မှုပျက်မှုများကို ယခင် မှတ်ကောင်းခါစကလိုပင် ထင်ရှားပီသစွာ သိရ၏။ ဥဒယဗ္ဗယဥာဏ်တစ်ပတ်ပြန်၍ ဖြစ်ပေါ်လာခြင်း ပေတည်း။ ဤအရာ၌ဖြစ်တတ်ပုံ အထူးများနှင့် နိုင်နင်းအောင် တိုးတက်အောင် အားထုတ်ပုံများကို အားထုတ်ပုံ အခန်း နံပါတ် ၈၅ စသည်၌ ပြဆိုထားအပ်ပြီ။ မည်မျှ အရာသာ ကောင်းသော စားဘွယ်ဖြစ်စေကာမူ စားကြည့်မှ ကောင်းကောင်း သိနိုင်သကဲ့သို့ ဤ၌ပြထားသော ဥာဏ်ဖြစ်ပုံ အလုံးစုံကိုလည်း ကိုယ်တိုင် မျက်မှောက်ဆိုက်ရောက်ပြီးမှ ကောင်းကောင်း နားလည်၍ ကောင်းကောင်းသဘောကျ တတ်ကြပေမည်။ ထို့ကြောင့် ယုံမှားမရှိ၊ သဘောကျနိုင်သော အဆင့်အတန်းသို့ တက်လှမ်း ဆိုက်ရောက်နိုင်ကြပါစေ။
(၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ်၊ မဟာစည်ဆရာတော်)
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော  အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြားလိုပါလျှင် ဤနေရာလေးမှ ကျွန်တော်အား တိုက်ရိုက်ရေးသားပေးပို့ပေးပါရန် တောင်းဆိုအပ်ပါသည်။

Your Name


Your Email*


Your Message*




ဤသို့ပစ္စက္ခအားဖြင့် မှတ်သိရပြီးသော အာရုံနှင့် နှိုင်းဆ၍ အတိတ် အနာဂတ် ပစ္စုပ္ပန် တလောကလုံး၌ ရှိသော ရုပ်နာမ်ဟူသမျှကိုလည်း နည်းတူပင် မမြဲတာတွေချည်းပဲ၊ ဆင်းရဲတွေ မကောင်းတာတွေချည်းပဲ၊ အစိုးမရ ငါကောင် မဟုတ်တာတွေချည်းပဲ ဟူ၍ သဘောကျလျက် ဆင်ခြင်ဆုံးဖြတ်မိတတ်သည်။ ဤဆင်ခြင်ဆုံးဖြတ်မှုသည်ကား
အနုမာနသမ္မသနဥာဏ်မည်၏။ ကောင်းကောင်း ပစ္စုပ္ပန် ကျအောင် မှတ်နိုင်သော အခါ၌၊ အမှတ်ရမှု သတိနှင့် အသိဥာဏ်တို့သည် အလွန်သွက်လက် လျင်မြန်စွာ ဖြစ်ပေါ်ကုန်၏။ အားထုတ်မှု ၀ီရိယသည်လည်း မယုတ်မလွန် မလျော့မတင်း ညီမျှစွာ ဖြစ်၏။ အထူးကြောင့်ကြမစိုက်ရဘဲ မှတ်မိလျက် မှတ်သိလျက် ဖြစ်နေအောင် ညီမျှစေသော ဥပေက္ခာလည်း ထင်ရှားဖြစ်၏။ စိတ်သည် အထူးကြည်လင်၏။ ထူးခြားစွာ ဖြစ်ပေါ်လာသော အလင်းရောင်ကိုလည်း တွေ့ရတတ်၏။ ကိုယ်ထဲ၌ စိမ့်စိမ့်စိမ့်စိမ့် ဖိမ်းဖိမ်းဖိမ်းဖိမ်းနှင့် အလွန်နေထိုင်ကောင်းသော ပီတိလည်း ထင်ရှားဖြစ်ပေါ်၏။ ကြောင့်ကြပူပန်မှုကင်း၍ သက်သာအေးချမ်းသော ပဿဒ္ဓိလည်း ထင်ရှားဖြစ်ပေါ်၏။ ၀မ်းသာဝမ်းမြောက်မှုလည်း အလွန်အကဲ ဖြစ်တတ်၏။ ရှုမှတ်မှု ဘာဝနာ၌ ပျော်မွေ့မှုလည်း ဖြစ်၏။ ထိုအခါ၌ အလွန်လျင်မြန်စွာ ထင်ပေါ်လာသောရုပ်နာမ် အမူအရာတို့ကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိ အကုန်ပင် မှတ်သိနိုင်သည်ဟု ထင်ရ၏။ ဤသို့ အလင်းရောင် ပီတိ သုခတို့နှင့်တကွ သက်သက်သာသာနှင့် လျင်မြန်စွာ အမှတ်အသိ ကောင်းနေသောကြောင့် ထိုသို့ ဖြစ်ပုံကို သာယာသဘောကျလျက် တရားလမ်းဆုံးပြီ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ပြီဟု ထင်မှတ်တတ်၏။ မဂ်မှားကို စွဲလန်းသော ဥပက္ကိလေသ ပေတည်း။ ဤဥပက္ကိလေသနှင့် ရောပြွမ်းလျက် လျင်မြန်စွာ မှတ်သိနိုင်သော အသိဥာဏ်သည် ဖြစ်ပေါ်ခါစ အနုသောဥဒယဗ္ဗယဥာဏ်မည်၏။ ဤနုသော ဥဒယဗ္ဗယဥာဏ် ဖြစ်ခိုက်၌ မှတ်သိရသော ရုပ်နာမ်တို့၏ အစအဆုံး အဖြစ်အပျက်များကို ကောင်းကောင်း ရှင်းလင်းစွာ မသိနိုင်သေးပေ။ ထိုသို့မှတ်နေစဉ်မှာပင် အလင်းရောင် စသည်က တရားထူး မဟုတ်သေး။ အလင်းရောင် စသည်ကို စဉ်းစားဆင်ခြင်ကာ သာယာနေတာက ရှုမှတ်မှု၏ အန္တရာယ်ပဲ။ မပြတ်မှတ်နေတာကမှ လမ်းမှန်ပဲ။ လမ်းမဆုံးသေးဘူး။ မှတ်ရဦးမှာပဲ။ မှတ်မှ သာပြီးကောင်းသွားမည်ဟူ၍ တဆင့်ကြားရ၍ ဖြစ်စေ မိမိအလိုလို ဖြစ်စေ ဆုံးဖြတ်၏။ ဤဆုံးဖြတ်မှုသည် မဂ္ဂါမဂ္ဂဥာဏနဒဿ      ဝိသုဒ္ဓိမည်၏။ ထိုသို့ ဆုံးဖြတ်ပြီးလျှင် မှတ်မြဲပင် ဆက်၍ မှတ်သောကြောင့် အလင်းရောင် ပီတိ ပဿဒ္ဓိ ၀မ်းသာမှု သာယာမှုတို့ကို လွန်မြောက်သွားသောအခါ၌ မှတ်တိုင်း မှတ်တိုင်း မှတ်မိသော အာရုံများသည် ပေါ်ပေါ်ပြီးလျှင် ချက်ချင်းပင် ပျောက်ပျောက်သွားကြသည်ကို တွေ့ရ၏။ ထိုပျောက်သွားပုံမှာလည်း တခြားတနေရာသို့ ရွှေ့ပြောင်းသွားခြင်း မရှိဘဲ သူပေါ်လာရင်း နေရာမှာပင် တိကနဲ တိကနဲ လုံးဝကွယ်ပျောက်သွားသည့် အနေအားဖြင့် ထင်ရှား၏။ ထို့ကြောင့် ရုပ်နာမ်တို့သည် မျက်စိတမှိတ် လျှပ်တပြက်ခန့်မျှ မတည်တံ့ဘဲ၊ ခဏမစဲ ဖြစ်ပျက်နေကြသည်ဟု မျက်မှောက်သိရ၏။ ဤသို့ ပေါ်လိုက် ပျောက်လိုက်နှင့် ခဏမစဲ ဖြစ်ပျက်နေသော ရုပ်နာမ်တို့ကို မှတ်တိုင်း မှတ်တိုင်း ကွက်ခနဲ ကွက်ခနဲ ရှင်းလင်းစွာသိသော ဥာဏ်သည် ဥပက္ကိလေသမှ လွတ်ပြီးသော ရင့်သန်သော ဥဒယဗ္ဗယဥာဏ်မည်၏။ ဤဥာဏ်သည် ပဋိပဒါဥာဏဒဿ      ဝိသုဒ္ဓိ၏ အစပေတည်း။ ပေါ်လိုက် မှတ်လိုက် ပျောက်လိုက်နှင့် ကွက်ခနဲ ကွက်ခနဲ အမှတ်အသိကောင်းနေရာမှ မှတ်ရသော အာရုံများသည် ပျောက်ပျောက်နေနှင့် သကဲ့သို့ လည်းကောင်း၊ ဘာမျှမရှိဘဲ ဖြစ်နေသကဲ့သို့ လည်းကောင်း ထင်ရ၏။ ဖောင်းပိန်သော ဗိုက်ပုံသဏ္ဍာန်၊ ကွေးဆန့်လှုပ်ရှားနေသော လက်ခြေပုံသဏ္ဍာန် စသော ဃနနိမိတ် ပညတ်များ ကွယ်ပျောက်၍ ပရမတ် သဘောမျှကိုသော တွေ့ရသောကြောင့် ထိုကဲ့သို့ ထင်ပေသည်။ ထိုဥာဏ်အားပြည့် ရင့်သန်လာသောအခါ၌ ဖောင်းမှု ပိန်မှု စသော မှတ်စရာ အာရုံနှင့် မှတ်သိသော စိတ်တို့ကို ရှေ့ဆင့်နောက်ဆင့် ကုန်ဆုံးကုန်ဆုံး နေသည်ကိုသာလျှင် မှတ်တိုင်း မှတ်တိုင်း ရှင်းလင်းစွာသိရ၏။ ထိုကုန်ဆုံးမှု ထင်ပုံမှာလည်း မှတ်ရသော အာရုံ၏ အစပေါ်လာမှုနှင့် အထည်ဒြဗ်ကို မတွေ့ရပါဘဲ၊ မှတ်ရန် အားထုတ်စဉ် အားထုတ်စဉ် မှာပင် ကုန်ကုန်သွားနှင့်သကဲ့သို့ လည်းကောင်း ပျောက်ပျောက်သွားနှင့် သကဲ့သို့ လည်းကောင်း ထင်ခြင်း ပေတည်။ ဤသို့ ရှင်းလင်းစွာ ထင်ပေါ်၍ အာရုံရော မှတ်စိတ်ရော အတွဲလိုက် အတွဲလိုက်အားဖြင့် ရှေ့ဆင့်နောက်ဆင့် တိကနဲ တိကနဲ လျင်မြန်စွာ ကုန်ပျက်ကုန်ပျက် သွားသည်ကို သိသောဥာဏ်သည် ဘင်္ဂဥာဏ် မည်၏။ အာရုံရော မှတ်စိတ်ရော အတွဲလိုက် အတွဲလိုက် တကုန်တည်းကုန်၊ တပျက်တည်း ပျက်နေသည်ကိုသာ တွေ့ရ၍ မှတ်နေရင်းပင် ကြောက်စရာကောင်းသည်ဟု ထင်မြင်လာတတ်၏။ ဘယဥာဏ်ပေတည်း။ ထိုအခါ၌ မှတ်တိုင်း မှတ်တိုင်း ကြောက်နေသလိုလိုလည်း ဖြစ်တတ်၏။ ၀မ်းနည်းသလိုလိုလည်း ဖြစ်တတ်၏။ မှတ်စရာအာရုံတွေ ပေါ်ပေါ်လာမည်ကိုလည်း ကြောက်နေတတ်၏။ (၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ်၊ မဟာစည်ဆရာတော်) (မှတ်ချက်။ ။ကျန်ရှိသောအပိုင်းများကို အပိုင်း-၃ တွင် ပြီးသည်ဆုံးသည်အထိ ဖော်ပြပါမည်)
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြားလိုပါလျှင် ဤနေရာလေးမှ ကျွန်တော်အား တိုက်ရိုက်ရေးသားပေးပို့ပေးပါရန် တောင်းဆိုအပ်ပါသည်။

Your Name


Your Email*


Your Message*



အချို့တရားရှုမှတ်ပုံကား နာမ်ရုပ်တို့၏ အကြောင်းအကျိုးကို မသိမ်းဆည်းဘဲ အဖြစ်အပျက်ပဲ အဖြစ်အပျက်ပဲဟု သော်လည်းကောင်း၊ သုညတပဲ ဟုသော်လည်းကောင်း အပျက်ချည်းပဲ ဟုသော်လည်းကောင်း ဆင်ခြင်ပြီး ရှုမှတ်နေကြသည်။ ယင်းသို့ ဆင်ခြင်ပြီး ရှုမှတ်ခြင်းသည် ခန္ဓ၀ဂ္ဂ သံယုတ်ပါဠိတော် ဆန္နသုတ်တွင် လာရှိသည့် ဆင်ခြင်ရုံမျှသိသော ၀ိပဿနာ အတု (ဒုဗ္ဗလ၀ိပဿနာ) နှင့်
တူနေကြောင်းကို မဟာစည်ဆရာတော်ဘုရားက သီလ၀န္တသုတ် တရားတော်တွင် ထည့်သွင်း သတိပေးတော်မူ၏။ ကမ္မဋ္ဌာန်းတရား ကျွမ်းကျင်တော်မူသော ဆရာတော် သံဃာတော်တို့သည် ယောဂီပုဂ္ဂိုလ်များ၏ ဤဒုဗ္ဗလ၀ိပဿနာမျိုးကို လိုလားတော် မမူ။ လိုလားတော် မမူသော်လည်း အချို့ကမူ ဤကဲ့သို့ဆင်ခြင်ပြီး ရှုမှတ်ပုံမျိုးကို ဘုရားရှင်နှင့် ဆရာသမားများက အလိုရှိသည် ဟုမှားယွင်းယူဆနေကြသည်။ ယူဆကြသည့် အကြောင်းပြချက်မှာ "ဣဓ၊ ဤသာသနာတော်၌၊ ဧကစ္စော ပန၊ အချို့ယောဂီသည်ကား။ ၀ုတ္တပကာရံ၊ ဆိုခဲ့သော အပြားရှိသော။ သမထံ၊ ဥပစာရသမာဓိနှင့် ဈာန်သမာဓိဟူသော သမထကို။ အနုပ္ပါဒေတွာဝ၊ မဖြစ်စေမူ၍သာလျှင်။ ပဉ္စုပါဒါနက္ခန္ဓေ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ကို။ အနိစ္စာဒီဟိ။ အနိစ္စ အစရှိသော အခြင်းအရာတို့ဖြင့်။ ၀ိပဿတိ၊ ရှု၏။ အယံ၊ ဤရှုခြင်းသည်။ ၀ိပဿနာ၊ ၀ိပဿနာပေတည်းလို ပြဆိုထားတယ်။" ဟူသော ပါဠိတော်အရ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ စသည်ဖြင့် ရှုရမည် ဟူသော ပြဆိုချက်ကို အယူအကောက်လွဲမှု ဖြစ်သည်။ ဤအတွက် မဟာစည်ဆရာတော်ဘုရားကြီးက စိတ္တ၀ိသုဒ္ဓိဖြစ်ပါမှ နာမရူပပရိစ္ဆေဒဥာဏ်နှင့် ပစ္စရပရိဂ္ဂဟ ဥာဏ်များဖြစ်ပြီး အနိစ္စ ဒုက္ခ အနတ္တဟု ရှုသိသော ၀ိပဿနာဥာဏ်များ ဆက်လက်ဖြစ်ပေါ်သည်ဟု ကောက်ယူရမည်ဟု ပြဆိုတော်မူသည်။ “မြင်ဆဲကြားဆဲ စသည်၌ တကယ်ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်ကို ရှုပါမူ သမာဓိအားရှိသောအခါ ရှေးဦးစွာ ရုပ်နှင့်နာမ်ကို ခွဲခြား၍ သိရသည်။ ထို့နောက် အကြောင်းနှင့် အကျိုးကို သိမ်းဆည်းရသည်။ ထို့နောင်မှ အသစ်အသစ်ဖြစ်ဖြစ်ပြီး ပျောက်ပျောက်သွားတာကို တွေ့ရသဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ဟုရှုသိသော ၀ိပဿနာဥာဏ်အစစ်ဖြစ်မြဲပင် ဖြစ်သည်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယ ပရိဂ္ဂဟ ဥာဏ်အ စစ်ဖြစ်မြဲပင် ဖြစ်သည်။ အကြောင်းကို တွေ့သိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ်မဖြစ်ဘဲ အဖြစ်အပျက် အနိစ္စလက္ခဏာ စသည်ကို မသိနိုင်သည်သာ” (ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်တရားတော်၊ ၀ိပဿနာရှုနည်းကျမ်း) လယ်တီဆရာတော်ဘုရားကြီး၏ တရားရှုမှတ်နည်းတွင် ကာယာဂတာ သတိ ဖြစ်စေခြင်း အလို့ငှာ အာနာပါန၊ ဣရိယာပထသမ္ပဇည တို့ကို ပြဆိုထားသည်။ ယင်း ကာယဂတာသတိဖြင့် စိတ္တ၀ိသုဒ္ဓြိဖစ်ပြီးမှ "ရူပံ အနိစ္စံ ခယဋ္ဌေန ဒုက္ခံ ဘယဋ္ဌေန အနတ္တာ အသာရကဋ္ဌေန" ဟူသည့်အတိုင်း ရုပ်တရားနာမ်တရားတို့၏ ဖြစ်မှု ပျက်မှုတို့ကို ဥာဏ်ဖြင့် မြင်အောင်ရှုရသော ၀ိပဿနာဥာဏ်စဉ်များဖြစ်အောင် တက်ပုံကို ပြဆိုထားသည်။ ဤတွင် အနုဗဒ္ဓနာအခန်းမှ ၀ိပဿနာ လမ်းသို့ တက်နည်း၊ ဥပစာရသမာဓိ မှ ၀ိပဿနာတက်နည်း၊ အပ္ပနာသမာဓိ၊ ဒုတိယဈာန်၊ တတိယဈာန် စတုတ္ထဈာန်မှ ၀ိပဿနာ လမ်းသို့ တက်နည်း စသည်ဖြင့် ပြဆိုထားသည်။ (လယ်တီဝိပဿနာ၊ အနတ္တဒီပနီ) မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားရှုမှတ်ပုံတွင်ကား ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ၊ ကာယာနုပဿနာ သတိပဋ္ဌာန်လေးနည်းမှ တနည်းနည်းဖြင့် ပစ္စုပ္ပန်အခိုက်၌ ထင်ရှားပေါ်သော ရုပ်တရား နာမ်တရားတို့ကို ရှုမှတ်ရန် နည်းပေးတော်မူသည်။ "ဘုန်းကြီးများကတော့ဖြင့် ဒကာဒကာမတွေကို သတိပဋ္ဌာန်ကို သေသေချာချာ ဟောနေတာပဲ စိတ္တာနုပဿနာလဲဟော၊ ဝေဒနာနုပဿနာလဲဟော ကာယာနုပဿနာလဲဟော၊ သစ္စာဆိုတဲ့ ဓမ္မာနုပဿနာတွေလဲဟော အဲဒီတော့ ဒီအထဲက တစ်ခုခုတော့ တိုက်မိတော့မှာ သေချာတယ်၊" (သောတာပန်ဖြစ်ဖို့နှစ်ချက် တရားတော်) ဤကား ဖြစ်ဆဲရုပ်နာမ်များကို ရှုသိအပ်ပုံကို ပါဠိ၊ အဋ္ဌကတာများနှင့် အညီ ၀ိပဿနာ ကျွမ်းကျင်တော်မူသော ဆရာတော်များ၏ အလုပ်ပေးကမ္မဋ္ဌာန်း တရားများအတိုင်း အမြွက်မျှ ရှာဖွေတင်ပြခြင်း ဖြစ်သည်။ သို့ရာတွင် ဤနိဒါန်း၏ ရည်ရွယ်ချက်သည် ၀ိပဿနာရှုနည်းများကို သုံးသပ်တင်ပြလိုရင်းမဟုတ်။ ဆက်လက် ကောက်နုတ်တင်ပြမည့် ၀ိပဿနာ ဥာဏ်စဉ်များ ဖြစ်ပုံကို စာရှုသူများ ပိုမိုရှင်းလင်းစွာ နားလည် သဘောကျစေရန် အခြေခံရှုမှတ်နည်းကို မိတ်ဆက်ပေးလိုရင်းသာ ဖြစ်သည်။ (နာကြားဖူးပြီးသူက များသဖြင့် နာဖူးထပ်မံဟု သဘောထားတော် မူကြရန်လည်း ဖြစ်ပါ၏။) ထို့ကြောင့် စာရေးသူ၏ တာဝန်သည် စာရှုသူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် ၀ိပဿနာဥာဏ်စဉ်များ ဖြစ်ပုံကို ရှာဖွေဖော်ပြရန်ဖြစ်သည်။ သို့သော် ၀ိပဿနာဥာဏ်စဉ်များကို မကျဉ်းမကျယ်နှင့် တစ်ဆင့်ချင်း တစ်ဥာဏ်ချင်း ယောဂီများ၏ ကိုယ်တွေ့ဥာဏ်ကို ကျမ်းဂန်များနှင့် နှီးနှောကာ ကွက်ကွက်ကွင်းကွင်း ပြဆိုတော်မူသော ကျမ်းများကား ရှားပါးလှကြောင်း သတိမူရသည်။ လယ်တီဆရာတော်ဘုရား၏ ဒီပနီများသည် စုံလင် ပြည့်စုံသည် မှန်သော်လည်း ဤနေရာတွင် ဖော်ပြရန်မှာမူ မစွမ်းသာအောင် ကျယ်ဝန်းလွန်းနေပြန်သည်။ ထို့ကြောင့် မိမိသည် မဟာစည်ဆရာတော်ဘုရား၏ ၀ိပဿနာရှုနည်းကျမ်းကို အားကိုးရပြန်သည်။ ၀ိပဿနာရှုနည်းကျမ်းတွင် ဤ၀ိပဿနာဥာဏ်စဉ်များဖြစ်ပုံကို ယောဂီတို့၏ အတွေ့အကြုံများအား သုတေသန ပြုလုပ်လျက် ပါဠိ အဋ္ဌကထာများနှင့် နှီးနှောကာပြထားသည်မှာ များစွာ သုတပညာ တိုးပွားဖွယ် ကောင်းသည်။ ထို့ကြောင့် ၀ိပဿနာဥာဏ်စဉ်များ ဖြစ်ပုံကို ဖော်ပြရာ၌ မဟာစည်ဆရာတော်၏ ၀ိပဿနာရှုနည်းကျမ်း အကျဉ်းချုပ်မှ အဓိက ကောက်နုတ် တည်းဖြတ်၍ ဖော်ပြပြီး စာရှုသူများ၏ စိတ်ဝင်စားမှုပေါ်မူတည်၍ အခြားဆရာတော်များ၏ ကျမ်းစာအုပ်များကို လိုအပ်ပါက ထပ်မံ ကောက်နုတ် တည်းဖြတ်ကာ ဖော်ပြမည်ဟု ဆုံးဖြတ်သည်။ (မှတ်ချက်။ ။ တည်းဖြတ်ရာတွင် မူရင်း အဓိပ္ပါယ်ကို မည်သို့မျှ ထိခိုက်မည်မဟုတ်ဟု ယုံကြည်မှသာ တည်းဖြတ်မည် ဖြစ်ပြီး များသောအားဖြင့် မူလအတိုင်း ကောက်နုတ်ပြပါမည်။ )
 ဆောင်ပုဒ်🔻
❗၀ိပဿနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှု၍ ဖြစ်သတည်း။
(မဟာစည်ဆရာတော်)‼
ဝိသုဒ္ဓိနှင့်ညဏ်စဉ်အကျဉ်းချုပ်
ငါးပါးသီလ၊ အာဇီဝဋ္ဌမက သီလ၊ အဋ္ဌင်္ဂဥပေါသထ သီလ၊ ဆယ်ပါးသီလ တို့တွင် တမျိုးမျိုးကို ဆောက်တည်ရမည်။ ဤကား လူတို့၏ သီလ၀ိသုဒ္ဓိတည်း။ ပါတိမောက္ခ သံဝရ၊ က္ကန္ဓြိယ သံဝရ၊ အာဇီဝ ပါရိသုဒ္ဓိ၊ ပစ္စယသန္နိဿိတ ဟူသော သီလလေးပါးကို လုံခြုံစွာ စောင့်ထိန်းခြင်းသည် ရဟန်းတော်တို့၏ သီလ၀ိသုဒ္ဓိ မည်၏။ ၀ိပဿနာ ယာနိက လမ်းဖြင့် နိဗ္ဗာန်သို့သွားလိုသော ယောဂီသည် သီလ၀ိသုဒ္ဓိနှင့် ပြည့်စုံသည်မှ စ၍ ၀ိပဿနာအလုပ်ကို အားထုတ်အပ်၏။ အားထုတ်ကောင်း၏။ အားထုတ်ပါလေ။ အားထုတ်ခါစ၌ စိတ္တ၀ိသုဒ္ဓိ မဖြစ်သေးမီ ကာမအာရုံ စသည်ကို ကြံစည်လျက် ပျံ့လွင့်ပြေးသွားသော စိတ်များသည် မှတ်မှုတို့၏ အကြားအကြား များစွာပင် ဖြစ်တတ်၏။ (မှတ်ချက်။ ။သမာဓိမဖြစ်သေးက ဟိုဟိုဒီဒီ စဉ်းစားနေမိတတ်သည် ဟူ၏။) ထိုစိတ်များကို လုံးဝမသိနိုင်သည်လည်း ရှိ၏။ အတန်ကြာမှ ပြန်၍ သိသည်လည်း ရှိ၏။ ခဏိက သမာဓိက အားမရှိသေးသောကြောင့် နီဝရဏ ကိလေသာများက မှတ်သိမှု ဘာဝနာကို ပိတ်ဆို့တားမြစ်နေခြင်း ဖြစ်၏။ (မှတ်ချက်။ ။ ခဏိက သမာဓိကို အောက်တွင် ထင်ရှားစေလိမ့်မည်။ ) ခဏိကသမာဓိ အားရှိလာသော အခါ မှတ်သိမှုသည် ဖောင်းမှု ပိန်မှု၊ ကွေးမှု ဆန့်မှု မြင်မှု ကြားမှု စသော မှတ်စရာ အာရုံများ အပေါ်၌ ကျ၍ ကျ၍ သွားဘိသကဲ့သို့ ၄င်း၊ ကပ်၍ ကပ်၍ နေဘိသကဲ့သို့ လည်းကောင်း၊ စူးစူးစိုက်စိုက် ဖြစ်လျက် အမှတ်ကောင်းလာ၏။ ထိုအခါ တခြားတပါးသို့ ပြေးသွားပျံ့လွင့်သော စိတ်သည် များသောအားဖြင့် မဖြစ်တော့ပြီ။ တရံတခါ ဖြစ်သော်လည်း ထိုစိတ်ကို ချက်ချင်းပင် မှတ်သိနိုင်၍ ဖြစ်ပေါ်သော နီဝရဏသည် ချက်ချင်းပင် ကင်းငြိမ်း ပြတ်စဲသွား၏။ မှတ်သိမှုကို မတားမြစ် မနှောင့်ယှက်နိုင်ပြီ။ ထိုအခါမှာ မှတ်မိတိုင်းသော အာရုံ၌ မှတ်ခိုက်မှတ်ခိုက် ခဏမျှ ကောင်းကောင် စူးစိုက်တည်တံ့လျက်။ တမှတ်ပြီး တမှတ်၊ တစပ်တည်း ဖြစ်သော ခဏိက သမာဓိသည် စိတ္တ၀ိသုဒ္ဓိ မည်၏။ ဤခဏိက သမာဓိသည် သမထ ကမ္မဋ္ဌာန်း အရာ၌ ပြအပ်သော ဥပစာရသမာဓိနှင့် အစွမ်းသတ္တိအင်အား တူညီ၏။ ဤစိတ္တ၀ိသုဒ္ဓိ ဖြစ်လျှင် ဖောင်းမှုက တခြား၊ ပိန်မှုကတခြား၊ ထိုင်မှုကတခြား၊ ဤသို့ စသည်ဖြင့် မှတ်မိသော ရုပ်အာရုံများကိုလည်း အသီးအသီး ပိုင်းခြား၍ သိ၏။ ဖောင်းတာကို မှတ်သိသော စိတ်ကတခြား၊ ပိန်တာကို မှတ်သိသော စိတ်က တခြား၊ ဤသို့ စသည်ဖြင့် မှတ်သိမှု စိတ်နာမ်များကိုလည်း၊ အသီးအသီး ပိုင်းခြား၍ သိ၏။ ဖောင်းတာက တခြား၊ မှတ်သိတာက တခြား၊ ဤသို့ စသည်ဖြင့် ရုပ်အာရုံနှင့် သိမှုနာမ်တို့ကို တခြားစီတခြားစီ ပိုင်းခြား၍ သိ၏။ (ငါတယောက်တည်းကပင် ဖောင်းလဲ ဖောင်းသည်၊ ပိန်လည်း ပိန်သည်၊ ထိုင်လည်းထိုင်သည်၊ ငါတစ်ယောက်တည်းကပင် မှတ်လည်း အထပ်ထပ် မှတ်နေသည်ဟု ပကတိ အထင်မှား ပျောက်သွားသည်ဟု ဆိုလို၏။) ထိုအခါ၌ မှတ်တိုင်း မှတ်တိုင်း မှတ်သိမှု နာမ်တရား၊ ကြံသိမှု နာမ်တရားများကို အာရုံဆီ ပြေးသွားနေသော သဘော၊ အာရုံဆီ ညွှတ်ကိုင်းနေသော သဘော အာရုံကို သိသိနေသော သဘောဟု ကိုယ်ပိုင်ဥာဏ်ဖြင့်ပင် ပိုင်းခြား၍ သိ၏။ ဖောင်းမှု ပိန်မှု ထိုင်မှု စသော တကိုယ်လုံးရှိ ရုပ်များကိုကား အာရုံဆီသို့ မသွားတတ်၊ မညွှတ်တတ်သော သဘော၊ အာရုံကို မသိတတ်သော သဘောဟု ပိုင်းခြား၍ သိ၏။ ဤကား နာမရူပ ပရိစ္ဆေဒဥာဏ်တည်း။ (မှတ်ချက်။ ။ ၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ်တွင် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပုံကို ဖော်ပြထားသေးသော်လည်း နားလည်မှု ရှုပ်ထွေးမည်စိုး၍ ဖြုတ်ထားခဲ့ပါသည်။ ခေါင်းစဉ်နှင့် မညီမည်ကလည်း စိုးရိမ်ရသဖြင့် အလျဉ်းသင့်ပါက နောက်ဆုံးတွင် ဖော်ပြမည်။) မကွေးမီ မဆန့်မီကပင် ကွေးချင် ဆန့်ချင်သော စိတ်ဦးကလေးများကို ရှင်းလင်းစွာ မှတ်သိနိုင်သော အခါ၌ 'ကွေးချင်တဲ့ စိတ်ကြောင့် ကွေးမှု ဖြစ်ပေါ်သည်။ ဆန့်ချင်တဲ့ စိတ်ကြောင့် ဆန့်မှုဖြစ်ပေါ်သည်' ဤသို့ စသည်ဖြင့်လည်းကောင်း၊ 'ပထမဦးစွာ ဖြစ်သော စိတ်ထွက်သွားသည်။ ထိုစိတ်ဦးကို မှတ်မိလျှင် တခြားသို့ စိတ်မသွားနိုင'် ဤသို့ စသည်ဖြင့်လည်းကောင်း၊ 'မှတ်စရာ သိစရာ အာရုံရှိပါမှ မှတ်သိ ကြံစည်သော စိတ်ဖြစ်ပေါ်နိုင်သည်' ဤသို့ စသည်ဖြင့် လည်းကောင်း အကြောင်းနှင့်တကွ ဖြစ်ပေါ်လာသော ရုပ်နာမ်တို့ကို မတွေးမဆရတော့ဘဲ မှတ်ဆဲမှာပင် အလိုလို ပိုင်းခြား၍ သိသော ဥာဏ်သည် ပစ္စယပရိဂ္ဂဟဥာဏ် မည်၏။ (မှတ်ချက်။ ။ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ဖြစ်ပုံကို ဖော်ပြထားသေးသော်လည်း ဖြုတ်ထားခဲ့သည်။) မှတ်အပ်သော အာရုံ၏ အစအလယ်အဆုံး တို့ကို ပိုင်းပိုင်းခြားခြား သိနိုင်သော အခါ၌ အမြဲတမ်း မှတ်နေကျအာရုံများတွင် ဖောင်းမှု ဆုံးပြီးမှ ပိန်မှု ပေါ်လာသည်ကို လည်းကောင်း၊ ပိန်မှု ဆုံးပြီးမှ ထိုင်မှု ပေါ်လာသည်ကို လည်းကောင်း၊ ကြွမှု ဆုံးပြီးမှ လှမ်းမှု ပေါ်လာသည်ကိုလည်းကောင်း၊ ဤသို့ စသည်ဖြင့် ရှေးရှေး အာရုံဆုံးပြီးမှ နောက်နောက်အာရုံ ဖြစ်ပေါ်လာသည်ကို ရှင်းလင်းစွာ သိ၏။ နာကျင်မှု ယားမှု စသော ဝေဒနာ တမျိုးမျိုး ဆုံးသွားပြီးမှ၊ တခြား တနေရာရာ၌ ဝေဒနာအသစ် တမျိုးမျိုးစ၍ ဖြစ်ပေါ်လာသည်ကို လည်းကောင်း၊ ၂ ချက် ၃ ချက် ၄ ချက် စသည်ဖြင့် မှတ်နေလျှင် ထိုဝေဒနာသည် တဖြည်းဖြည်း သေးငယ်၍ သေးငယ်၍ နောက်ဆုံး၌ ပျောက်ပျောက်သွားသည်ကို လည်းကောင်း၊ ထင်ရှားပေါ်သော ပုံသဏ္ဍာန် နိမိတ် အာရုံတို့တွင်လည်း၊ တမျိုးတမျိုး လုံးဝ ပျောက်သွားပြီးမှ အသစ်အာရုံတမျိုးတမျိုး ထင်ပေါ်လာသည်ကိုလည်းကောင်း၊ ၂ ချက်၊ ၃ ချက်၊ ၄ ချက် စသည်ဖြင့် စူးစူးစိုက်စိုက် မှတ်နေလျှင် ထိုပုံသဏ္ဍာန် အာရုံသည် ရွေ့၍ရွေ့၍ ဖြစ်စေ၊ သေး၍ သေး၍ ဖြစ်စေ၊ မှေးမှိန် မှေးမှိန်၍ ဖြစ်စေ၊ နောက်ဆုံး၌ ပျောက်ပျောက်သွားသည်ကိုလည်းကောင်း ရှင်းလင်းစွာ သိရ၏။ မကုန်ဆုံး မပျောက်ပျက်ဘဲ ခိုင်မြဲ တည်တံ့နေသော တရားကိုကား မတွေ့ရ။ ထို့ကြောင့် မှတ်ဆဲ မှတ်ဆဲမှာပင် ကုန်ဆုံး ကုန်ဆုံးသွားသော ထိုအာရုံကို ကုန်ဆုံးသွားသောကြောင့် မမြဲဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်၏။ ပေါ်ပေါ်ပြီး ပျောက်ပျောက်သွားသောကြောင့် ဆင်းရဲဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်၏။ အခံရခက်လှစွာသော ဒုက္ခဝေဒနာတို့ကို တမျိုးပြီး တမျိုးများစွာ တွေ့ရသဖြင့်လည်း ဆင်းရဲအစုအဝေးကြီးပဲဟု သဘောကျလျက် ဆင်ခြင်မိတတ်၏။ အလိုအတိုင်း မဖြစ်မူ၍ သူ့သဘောအတိုင်းသာ ဖြစ်တတ် ပျက်တတ်သောကြောင့် အစိုးမရဘူး၊ ငါကောင် မဟုတ်ဘူး၊ သဘောတရားမျှသာ ဟူ၍လည်း သဘောကျလျက် ဆင်ခြင်မိတတ်၏။ ဤသို့ မှတ်နေဆဲမှာပင် မှတ်မိသော အာရုံကို မတွေးမဆရဘဲ မမြဲဆင်းရဲ အစိုးမရဟု သဘောကျ၍ ဆင်ခြင်ဆုံးဖြတ်ခြင်းသည် ပစ္စက္ခသမ္မသနဥာဏ် မည်၏။ (၀ိပဿနာရှုနည်းအကျဉ်းချုပ်၊ မဟာစည်ဆရာတော်) အပိုင်း(၂)တွင် အနုမာနသမ္မသနဥာဏ်ဖြစ်ပုံ၊ နုသောဥဒယဗ္ဗယဥာဏ်ဖြစ်ပုံ၊ ရင့်သန်သောဥဒယဗ္ဗယဥာဏ်ဖြစ်ပုံ၊ ဘင်္ဂဥာဏ်နှင့် ဘယဥာဏ်များ ဖြစ်ပုံတို့ကို ဆက်လက် ဖော်ပြမည်။
ဓမ္မရံ သီဝတ်အသင်းသို့⏩⏩⏩
http://www.qbba.org.au
Contact Phone +614 12 239 938
Facebook Group

🌸🌹🍀🍁🍂🍃🌺🌷🌻🌼🌾🌿🍃🌿🌾🌼
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြားလိုပါလျှင် ဤနေရာလေးမှ ကျွန်တော်အား တိုက်ရိုက်ရေးသားပေးပို့ပေးပါရန် တောင်းဆိုအပ်ပါသည်။

Your Name


Your Email*


Your Message*